ထူး ဆန်းဖွယ်ရာ အဖြစ်အပျက်တွေ ကမ္ဘာမှာ အများကြီးရှိပါတယ်…. ယခုပြောပြမယ့်အဖြစ်အပျက်လေးက မြန်မာနိုင်ငံမှာဖြစ်ခဲ့တာ ဖြစ်ပြီး တစ်ကယ့်ကို ထူးဆန်းအံ့ဖွယ်ပါ….

အိမ်မွေးကြောင်မကြီးတစ်ကောင်ကနေ ကြောင်လေးတွေနဲ့ အတူ ခွေးလေးတစ်ကောင်ပါ မွေးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပါတယ်….

ဖြစ်စဉ်က တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်၊ မီးပြစံပြကျေးရွာ ရွှေသံလွင်ရပ်ကွက် ရွှေသံလွင်လမ်းနေဒေါ်ဝင်းမြင့် နေအိမ်မှာရှိတဲ့ အိမ်မွေးကြောင်မကြီးက
ဇန်နဝါရီ လ ၁၃ ရက်နေ့ နံနက်ပိုင်းမှာ ကြောင်ကလေး(၄)ကောင်ကြ(မွေး)ရာ ကြောင်ပေါက်မလေး (၃)ကောင်နဲ့ အတူ ကျန်တဲ့ (၁)ကောင်မှာခွေးထီးတစ်ကောင်ဖြစ်နေကြောင်းသိရပါတယ်…

ကြောင်မကြီးက မွေးတဲ့ ခွေးလေးမှာ နားရွက် ကြောင်နားရွက် နောက်ခြေထောက် ကြောင်ခြေထောက် ကလွဲပြီး ကျန်ခန္ဓာကိုယ်အားလုံး အသံကအစခွေးအသံ ခန္ဓာကိုယ်ခွေးသဏ္ဍန်ဖြစ်နေတာလို့ သိရပါတယ်…

အဲဒီ ခွေးလေးကို လူတွေလည်း လာကြည့်နေတယ်လို့ ဆိုပါတယ်… တကယ့်ကို ထူးဆန်းဖွယ်ရာမို့ ပရိသတ်ကြီးတို့ကြည့်ရအောင်လည်း အဆိုပါ ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…

Writer – HW (Shwe Yaung Lan)