လောက မှာ အချစ်အတွက် ဘာမဆိုပေးဆပ်ရဲတယ်ဆိုတဲ့ လူတွေ အများကြီး ရှိကြပါတယ်..ဒါပေမဲ့ တချို့ ပေးဆပ်မှုတွေကတော့ တော်ရုံလူပေးဆပ်ဖို့ ခဲယဉ်းတာပါ…ဒါကတော့ အချစ်စစ်နဲ့ ချစ်ခဲ့တာ မဟုတ်လို့ မပေးဆပ်ရဲကြတာဖြစ်မှာပါနော်… ခုပြောပြမယ့်အဖြစ်အပျက်လေးကတော့ တကယ့်ကိုလေးစားဖွယ်ပေးဆပ်မှုအကြောင်းလေးပါ….

အဲ တာကတော့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ “မုန်း”က သူတစ်ဖက်သတ်ချစ်ရတဲ့ ကောင်လေးအတွက် တစ်သက်မှာ တစ်ခါသာ လှူလို့ရတဲ့ Dead Body ကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်…တကယ့်ကို ရှားပါးတဲ့ ချစ်ခြင်းမျိုးနဲ့ အလှူမျိုးပါ…ဒီလို လှူဖြစ်ပုံနဲ့ ပတ်သက်ပြီး သရုပ်ဆောင် “မုန်း” က အင်တာဗျူးတစ်ခုမှာ ခုလို ပြောပြခဲ့ပါတယ်…

“အမေ နဲ့ ညီမလေးပြီးရင် သွေးမတော်သားမစပ်တဲ့ သူစိမ်းထဲမှာ အရမ်းကိုချစ်ရတဲ့သူ တစ်ယောက်ရှိပြီး သူ့ရဲ့ မွေးနေ့မှာ ထူးထူးခြားခြားလေးပေးချင်ခဲ့တယ်လို့ မုန်းက ဆိုပါတယ်….ဒါ့အပြင် သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ သိစေချင်တာရယ် ထူးထူးခြားခြားနဲ့ အမှတ်တရ ဖြစ်သွားမယ့်ဟာမျိုးလေး ပေးချင်တာကြောင့် တစ်သက်မှာ တစ်ခါပဲ လှူခွင့်ရတဲ့ Dead Body ကို လှူဖြစ်ခဲ့တာလို့ မုန်းက ပြောခဲ့ပါတယ်…

ခုလိုလှူတာမျိုးကိုလည်း သူသိ..မသိ မသေချာပေမယ့် သိရင်လည်း သိမှာပါလို့ မုန်းက ဆက်ပြောခဲ့ပါတယ်… ခုလို လှူဖို့ စိတ်ကူးရခဲ့တာကလည်း သူ့အပြင် နောက်တစ်ယောက်ဘယ်သူကိုမှ ထပ်ပြီး မချစ်နိုင်တော့တာ သေချာသွားလို့ ဖြစ်ကြောင်းကို လည်း မုန်းကပြောခဲ့ပါတယ်…”ဒါ့အပြင် “မုန်း” က တစ်ဖက်သတ်ချစ်ရတဲ့သူအပေါ် ထားတဲ့ သူမရဲ့ အချစ်အကြောင်းတွေကိုလည်း ဆက်ပြောသွားခဲ့ပါတယ်…

“မုန်း” ပြောပြတဲ့ အကြောင်းတွေကိုလည်း အောက်က ဗီဒီယိုလေးထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်နော်…. တကယ့်ကို ထူးဆန်းတဲ့အလှူတွေလုပ်ပေးပြီး ပေးဆပ်ချစ်တဲ့ “မုန်း” တစ်ယောက် သူတစ်ဖက်သတ်ချစ်ရသူနဲ့ ဆုံစည်းနိုင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်နော်…

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)
Source : We Media