ဟာ သ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးဗေလုဝတစ်ယောက် ဆေးရုံတက်ရောက်နေရတာ ပရိသတ်ကြီးတို့လည်း သိမှာပါ….လူတိုင်းချစ်တဲ့ အနုပညာရှင်မို့ ဗေလုဝတစ်ယောက် အမြန်နေကောင်းသက်သာပါစေလို့ ပရိတ်သတ်တွေကလည်း ဆုတောင်းပေးခဲ့ကြတာပါ…ခုတော့ ဆုတောင်းပြည့်ပြီလို့ ဆိုရမှာပါ…အဲတာကတော့ ဗေလုဝရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပြီဖြစ်တယ်လို့ သူ့ရဲ့ ဇနီး ဒေါ်စုစုခိုင်ကပြောခဲ့ကြောင်း News Watch သတင်းဌာနက ဖော်ပြတဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်…

ဗေလုဝ ဟာ အထူးကြပ်မတ်ဆောင် ICU မှာ ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်…..လက်ရှိမှာတော့ ပီပီသသမဟုတ်ပေမဲ့ ဗလုံးထွေးတော့ စကားပြောလာနိုင်ပြီဖြစ်ပြီး ဇနီးဖြစ်သူကိုလည်း မှတ်မိလာပြီလို့ သိရပါတယ်….မိန်းမအနားမှာမရှိလည်း လိုက်ရှာတတ်လာပြီး လူတွေကိုလည်း မှတ်မိလာတယ်လို့ ဒေါ်စုစုခိုင်က ဆိုခဲ့ပါတယ်….

တိတ်ဆိတ်ငြိမ်သက်အောင်နေမှာ အခြေအနေက အမြန်တိုးတက်လာမှာဖြစ်တယ်လို့ ဆရာဝန်က ဆိုတာကြောင့် ဧည့်သည်ပေးမဝင်ဘူးလို့လည်း သိရပါတယ်…
ပြန်ကောင်းဖို့အတွက် အချိန်တော့ယူရမှာဖြစ်ပြီး စကားပြောတာကအစ လေ့ကျင့်ခန်းတွေ ပြန်လုပ်ယူရမယ်လို့ ဒေါ်စုစုခိုင်က ပြောခဲ့ပါတယ်….

ဒါကြောင့် ပရိသတ်ကြီးတို့လည်း ဦးဗေလုဝတစ်ယောက် အမြန်ဆုံးယခုထက်ပိုမိုကျန်းမာလာပါစေလို့ ဆက်လက်ဆုတောင်းပေးလိုက်ကြပါအုံးနော်..

Writer – HW (Shwe Yaung Lan)
Source : News Watch