အေရးေပၚလူနာကို ေရွးဦးသူနာျပဳ နည္းနဲ႔ အသက္ကယ္ေပးခဲ့တဲ့ ေဆးဆိုင္ ပိုင္ရွင္ေၾကာင့္ လူနာအမ်ိဳးသမီးမွာ နံ႐ိုး ၁၂ ေခ်ာင္း က်ိဳးသြားခဲ့ရတဲ့အတြက္ အဆို ပါေဆးဆိုင္ပိုင္ရွင္ကို တရားစြဲဆိုခဲ့တယ္ လို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံ ေလ်ာင္နင္း ျပည္နယ္ ကန္ပင္စီရင္စုက ေဆးဆိုင္ တစ္ဆိုင္မွာ အသက္ ၇၀ အ႐ြယ္အမ်ိဳး သမီးတစ္ဦးက ေသြးေပါင္ခ်ိန္ေနရင္း သတိေမ့လဲသြားခဲ့တာေၾကာင့္ ေဆးဆိုင္ ပိုင္ရွင္ျဖစ္တဲ့ ဆြန္ရွန္ပိုက လူနာတင္ယာဥ္ ကို ဖုန္းဆက္ေခၚၿပီး လူနာအမ်ိဳးသမီးကို စမ္းၾကည့္ခ်ိန္မွာ

အသက္မရႉေတာ့သလို ႏွလုံးခုန္ျခင္းလည္းမရွိေတာ့တဲ့အတြက္ ခ်က္ခ်င္းဆိုသလို ေရွးဦးသူနာျပဳနည္းနဲ႔ ရင္ဘတ္ကိုဖိၿပီး အသက္ကယ္ဖို႔ကူညီ လုပ္ေဆာင္ေပးခဲ့ရာ ၁၀ မိနစ္အၾကာမွာ သတိျပန္လည္လာခဲ့တယ္လို႔သိရပါ တယ္။

အဆိုပါလူနာအမ်ိဳးသမီးကို ေဆး ႐ုံပို႔ေဆာင္ခဲ့ၿပီး ဆရာဝန္ေတြကကုသစစ္ ေဆးေပးခ်ိန္မွာ လူနာရဲ႕နံ႐ိုးေတြက်ိဳးေၾက ခဲ့ရၿပီး အဆုတ္အတြင္းေက်ဒဏ္ရာပါရခဲ့ တယ္လို႔ သိရပါတယ္။ လူနာအမ်ိဳးသမီး က ဆြန္ကို တရားစြဲဆိုထားခဲ့ေပမယ့္ တ ရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္အရ

အသက္ကယ္ ဖို႔အတြက္ အေရးေပၚလုပ္ေဆာင္ေပးခဲ့ရ တဲ့ ဆြန္က လူနာအသက္ရွင္ဖို႔ရာအတြက္ လုပ္သင့္လုပ္ထိုက္သည္ကိုသာ ေဆာင္ ႐ြက္ခဲ့တာျဖစ္ၿပီး လူနာအမ်ိဳးသမီးရဲ႕ ထိ ခိုက္မႈအတြက္ တာဝန္ယူစရာမရွိဘူးလို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ အမႈကို ပလပ္ လိုက္ၿပီး ဆြန္အေနနဲ႔လည္း နစ္နာေၾကး ေပးစရာမလိုေတာ့ဘူးလို႔ သိရပါတယ္။

Unicode

ရှေးဦးသူနာပြု နည်းနဲ့ အသက်ကယ်ပေးခဲ့ရာ နံရိုး ၁၂ ချောင်းကျိုးခဲ့ရသဖြင့် ကယ်ပေးသူကို တရားစွဲ

အရေးပေါ်လူနာကို ရှေးဦးသူနာပြု နည်းနဲ့ အသက်ကယ်ပေးခဲ့တဲ့ ဆေးဆိုင် ပိုင်ရှင်ကြောင့် လူနာအမျိုးသမီးမှာ နံရိုး ၁၂ ချောင်း ကျိုးသွားခဲ့ရတဲ့အတွက် အဆို ပါဆေးဆိုင်ပိုင်ရှင်ကို တရားစွဲဆိုခဲ့တယ် လို့ သိရပါတယ်။

တရုတ်နိုင်ငံ လျောင်နင်း ပြည်နယ် ကန်ပင်စီရင်စုက ဆေးဆိုင် တစ်ဆိုင်မှာ အသက် ၇၀ အရွယ်အမျိုး သမီးတစ်ဦးက သွေးပေါင်ချိန်နေရင်း သတိမေ့လဲသွားခဲ့တာကြောင့် ဆေးဆိုင် ပိုင်ရှင်ဖြစ်တဲ့ ဆွန်ရှန်ပိုက လူနာတင်ယာဉ် ကို ဖုန်းဆက်ခေါ်ပြီး လူနာအမျိုးသမီးကို စမ်းကြည့်ချိန်မှာ

အသက်မရှူတော့သလို နှလုံးခုန်ခြင်းလည်းမရှိတော့တဲ့အတွက် ချက်ချင်းဆိုသလို ရှေးဦးသူနာပြုနည်းနဲ့ ရင်ဘတ်ကိုဖိပြီး အသက်ကယ်ဖို့ကူညီ လုပ်ဆောင်ပေးခဲ့ရာ ၁၀ မိနစ်အကြာမှာ သတိပြန်လည်လာခဲ့တယ်လို့သိရပါ တယ်။

အဆိုပါလူနာအမျိုးသမီးကို ဆေး ရုံပို့ဆောင်ခဲ့ပြီး ဆရာဝန်တွေကကုသစစ် ဆေးပေးချိန်မှာ လူနာရဲ့နံရိုးတွေကျိုးကြေ ခဲ့ရပြီး အဆုတ်အတွင်းကျေဒဏ်ရာပါရခဲ့ တယ်လို့ သိရပါတယ်။ လူနာအမျိုးသမီး က ဆွန်ကို တရားစွဲဆိုထားခဲ့ပေမယ့် တ ရားရုံးရဲ့ဆုံးဖြတ်ချက်အရ

အသက်ကယ် ဖို့အတွက် အရေးပေါ်လုပ်ဆောင်ပေးခဲ့ရ တဲ့ ဆွန်က လူနာအသက်ရှင်ဖို့ရာအတွက် လုပ်သင့်လုပ်ထိုက်သည်ကိုသာ ဆောင် ရွက်ခဲ့တာဖြစ်ပြီး လူနာအမျိုးသမီးရဲ့ ထိ ခိုက်မှုအတွက် တာဝန်ယူစရာမရှိဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် အမှုကို ပလပ် လိုက်ပြီး ဆွန်အနေနဲ့လည်း နစ်နာကြေး ပေးစရာမလိုတော့ဘူးလို့ သိရပါတယ်။