မင်း သားကြီးနေမျိုးအောင်ဟာ အပစ်အခတ်အကြမ်းအရမ်း၊ အနုအရွ သဘာဝ စွယ်စုံရတဲ့ မင်းသားကြီးပဲ တစ်လက်ပါပဲ။ ဗီဒီယိုခေတ်မှာဆိုရင် အရမ်းကို အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်ပြီး ရုပ်ရှင်တွေလည်း ရိုက်ကူးနေသူတစ်ဦးဖြစ်ပါတယ် အဆိုပါ မင်းသားကြီးမှာတော့ မင်းထိုက်ဆိုတဲ့ သားတစ်ဦး ရှိပါတယ်။ မင်းထိုက်ဟာ ပရိတ်သတ်တွေ လက်ခံထားတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ မင်းထိုက်ကတော့ လက်ရှိအချိန်မှာ Sexy မော်ဒယ်ဖြစ်တဲ့ ဖူးပွင့်ခိုင်နဲ့ ချစ်ကြိုက်ခဲ့ပါတယ်။

ချစ်သူ ၂ ဦး တစ်ဦးနဲ့ တစ်ဦး စကားများရာကနေ လူမှုကွန်ယက်တွေမှာပါ အပြန်အလှန် စာသားများတင်ပြီး ရေးသားခဲ့ကြပါတယ်။ ဒီလိုရေးသားတဲ့အခါမှာ မော်ဒယ်ဖူးပွင့်ခိုင်က မင်းထိုက်ရဲ့ အကြောင်းစုံကို ရေးသားထားပြီး Screenshot ပါ ရေးသား တင်ထားခဲ့ပါတယ်။ မိခင်ဖြစ်သူက အမွေဖြတ်လိုက်ပြီလို့ ကြော်ငြာလိုက်တဲ့ အခါ သားဖြစ်သူ မင်းထိုက်က ယခုလို အင်တာဗျူးမှာ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

မိဘဆိုတာ သားသမီးကို ပြစ်မထားပါဘူး၊ စိတ်ဆိုးလည်း ခဏပါပဲ၊ ပြန်လည် အဆင်ပြေသွားမှာပါလို့ ဆိုပါတယ်။ အချစ်ရေး ပြဿနာကြောင့် မိသားစုဝင်တွေကို ဂုဏ်သိက္ခာထိ ခိုက်ခဲ့ရကြောင်း၊ မိဘတွေကို စော်ကားလို့ စိတ်အရမ်းတိုပြီး FB မှာ တင်ခဲ့မိကြောင်း၊ မတုံ့ပြန်ဖို့ ပြောတဲ့ကြားက ပြန်လည်တုံ့ပြန်လိုက်လို့ မိဘတွေက စိတ်ဆိုးတာဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။

Credit Shwe Yaung Lan
Video Source : Myanmar Celebrity