ဟဲ့ဲ မွို စားရင္ သတိိထားနဲ႔ စား … အေမတိုိ႔ေၾကာက္ခဲ့ၾကတဲ့မွိုိမ်ား

မိုးက်လာသည္ႏွင့္္ သဘာ၀မွိုမ်ားသည္ ေျမမွေပၚထြက္ လာၾကၿပီ။ ႏူးညံ့ၿပီး အာဟာရျပည့္ဝေသာ မွိုကိုစားၾကသျဖင့္ မွိုမွန္သမၽွ စား၍ ရသည္ဟု ထင္ၾက သည္။

closeup red flyagaric mushroom in a forest

စားေကာင္းေသာ မွိုႏွင့္ မစားသင့္ေသာ မွိုတို႔ ရွိၾက ပါသည္။ ေက်းရြာအႏွံ့၊ ေတာေတာင္အႏွံ့တြင္ မွိုမ်ိဳးစုံေပါလွသည္။

မိႈၾကက္ေတာင္၊ မွိုေျခတံရွည္၊ ေတာင္ပို႔မွို၊ မွိုျဖဴ၊ မွိုအုန္းနက္၊ ေကာက္ရိုးမွို စသည္တို႔မွာ သဘာ၀မွိုမ်ား ျဖစ္ၾကၿပီး မိုးဦးက်စအခ်ိန္တြင္ ထြက္လာသည့္ စားစရာမွိုမ်ား ျဖစ္ၾကသည္။

ယခုုအခါ ေမြးျမဴသည့္မွိုမ်ားျဖစ္ေသာ ေကာက္ရိုးမွို၊ မွိုေရႊညိဳ၊ ေငြႏွွင္းမွို၊ေငြမိုးမွို၊ ၾကက္နားရြက္မွို၊ ျပည္သာယာမွိုတို႔ကို မွိုမ်ိဳးေစ့(စပိုး)ထည့္၍ ေကာက္ရိုးကို အေျခခံၿပီး ျဖည့္စြက္စာ မ်ားျဖစ္ေသာ ေဗဒါ၊ဆန္ဖြဲႏု၊ အုန္းဆံေမႊး၊ ကြမ္းသီးခြံ၊ ဂ်ပ္ပုံးစကၠဴ၊

ငွက္ေပ်ာဖက္၊ ပဲေမွာ္၊ လက္ဖက္ေျခာက္ဖတ္၊ ေျမပဲခြံ၊ ေျပာင္းဖူးအူတိုင္မ်ားျဖင့္ စိုက္ပ်ိဳးၾကသျဖင့္ တစ္ႏွစ္ပတ္လုံး စိတ္ခ်လက္ခ် စားသုံ းနိုင္သည္။

ထိုိ႔ေၾကာင့္ “တစ္ႏွစ္တစ္ခါေပၚလို႔လာ ငါသာမင္းေလာင္း ထီးျဖဴေဆာင္း”ဆိုေသာ ေရွးကေျပာခဲ့သည့္ မွိုကို တစ္ႏွစ္တစ္ခါ မေစာင့္ရဘဲ စားနိုင္သကဲ့သို႔ စီးပြားျဖစ္လည္း ေဆာင္ရြက္နိုင္ေသာ လုပ္ငန္းျဖစ္သည္။

သဘာ၀မွိုမ်ားသည္္ ေျမ၏အပူဓာတ္တစ္ေလၽွာက္လုံးရခဲ့ေသာ ေႏြကာလမွ မိုးဦးက်စကာလသို႔ ကူးေျပာင္းခ်ိန္၊ မိုးစတင္က်သည္ႏွင့္ ေပၚထြက္လာသည္။ မွိုသည္ပူအိုက္စြတ္စိုမွုကို ႀကိဳက္သည့္ သဘာ၀ရွိသည္။ ေဆးက်မ္းမ်ားတြင္ မွိုကို “အဟိဆၾတ”ဟုေခၚသည္။

“ေႁမြထီး”ဟု အဓိပၸာယ္ရသျဖင့္ မွိုကို ေႁမြမ်ား စားသုံးၾကသည္။ မွိုသည္ စပိုးမ်ားထုတ္သျဖင့္ မွိုေတြ႕လၽွင္ “မွိုက်င္း”ႏွင့္ ေတြ႕ရသျဖင့္ မွိုအုံ၊ မွိုက်င္းသည္“အုံလိုက္က်င္းလိုက္” မ်ားမ်ားရသည္။

ရာသီကူးေျပာင္းလၽွင္ ပတ္၀န္းက်င္ ေရ၊ ေျမေျပာင္းသျဖင့္ ရာသီကူးတိုင္း မွိုထြက္ေလ့ရွိေသာ္လည္း ေႏြအကုန္မိုးအကူးသည္ မွိုအထြက္ဆုံးျဖစ္သည္။

မွိုစပိုးက်ေနေသာေနရာတြင္ ႏွစ္စဥ္ မွိုထြက္သျဖင့္ တခ်ိဳ႕မွိုထြက္ သည့္ေနရာ မွတ္ထားၾကသည္။ အခ်ိန္တန္သြားေရာက္ ခူးဆြတ္ၾကသည္။ တစ္ခါ မွိုေတြ႕လၽွင္ ႏွစ္စဥ္မွို ဆြတ္နိုင္ သည္။

မွိုတြင္္ ပြင့္လာေသာအခါ မွိုရိုးတံ၊ မွိုပါးဟက္၊ မွိုထီးရြက္တို႔ ထြက္လာ သည္။ မွိုထီးရြက္၏ ေအာက္ဘက္တြင္ ထီးရိုးကိုင္းတံမ်ားကဲ့သို႔ ခ်ိဳင့္ခြက္ အစင္းေျမာင္း မ်ားပါရွိသည္။ ၎င္းအထဲ၌ မွိုစပိုး(ွစသမန)မ်ားရွိသည္။ ပါးဟက္ (Gill) ထဲတြင္ ရွိေသာ မွိုစပိုးသည္ မ်ိဳးပြားေပး နိုင္ေသာ မ်ိဳးေစ့မ်ာ းျဖစ္ၾကသည္။

စားေကာင္းေသာမွိုိ၊ မစားသင့္ေသာမွိုရွိသကဲ့သို႔ ေဆးဖက္၀င္ေသာမွိုလည္းရွိသည္။ ရွိတာကီမွို (Shitake) ၊ မာစူတာကီ(Masutake) မွို၊ လင္ဇီးမွို (Lingzhin) တို႔ ျဖစ္ၾက သည္။

မွိုမွန္သမၽွကို (Fungus) “ဖမ္းဂတ္စ္”ဟု ေခၚၾကေသာ္လည္း မွိုပြင့္ကဲ့သို႔ ရိုးတံႏွင့္ထီးရြက္ပါေသာမွိုကိုမက္ခ္်ရြန္း(Mushroom)ဟုေခၚၾကေသာေၾကာင့္ စားေကာင္းေသာမွိုကို မက္ခ္်ရြန္းဟု အသိအမွတ္ျပဳၾကသည္။

ေပါင္မုန္႔ မွိုိတက္သည့္ မွိုသည္ ဖမ္းကပ္ဟုသိထားၾကသည္။ စားသုံးရန္ မသင့္ေသာမွိုကို Toadstool ဟုေခၚသည္။ အဆိပ္ပါေသာမွို Poisonous ျဖစ္ေသာ မွိုမ်ိဳးျဖစ္သည္။ ေရွးယခင္ကလည္း အဆိပ္ပါမွိုကိုစားမိၾကသျဖင့္ ေသဆုံးၾကရသည္။ ထိုစဥ္က မေကာင္းဆိုးဝါးနတ္မ်ား၏ ျပဳစားမွုဟု ထင္ခဲ့ၾကသည္။

အဆိပ္ပါရွိသျဖင့္ ေသရသည္ဟု မထင္မွတ္ခဲ့ၾက။ ထို႔ေၾကာင့္ Todastool သည္ အဆိပ္ရွိေသာမွို၊ ဒုကၡေပးေသာမွိုျဖစ္သျဖင့္ မွိုမွန္သမၽွ စားသင့္၊ မစားသင့္ ခ်င့္ခ်ိန္ၿပီးမွ စားၾကရပါမည္။

အေကာင္းဆုံးမွာ စားေနက်မွိုိ မဟုတ္လၽွင္မစားပါႏွင့္။ မျမင္၊ မသိ၊ မစားဘူးေသာမွိုကို လုံး၀မစားပါႏွင့္။ ေျမတြင္ေပါက္ေသာမွိုတြင္ စားေကာင္းေသာမွိုႏွင့္ မစားေကာင္း ေသာမွိုမ်ားရွိရာ စားေကာင္းေသာမွိုသည္ ခ်ိဳဆိမ့္ေလးေသာ အရသာရွိသည္။

မွိုမ်ားတြင္ ကလိုရိုဖီး (Cholorophyll)ပါ၀င္ေလ့မရွိသျဖင့္ အျခားေသာ အပင္မ်ားရွိ အစိမ္းေရာင္အပင္မ်ားမွ ထုတ္လုပ္သည့္ အစာကို မွီခိုၾကရသည္။

ကမၻာတြင္မွိုအမ်ိဳးေပါင္း သိန္းခ်ီရွိသည္။ စားေကာင္းေသာမွိုမွာ ရာဂဏန္း၊ ေထာင္ဂဏန္းမၽွသာရွိသည္။ လူသားတို႔ကို ဒုကၡမ်ားမ်ားေပးေနေသာမွိုမွာ အဲလ္ဖာေတာ့ခ္ဆင္း (Alphatoxin) မွိုျဖစ္ေနသည္။

ေျမပဲတြင္ ေျခာက္ေသြ႕ေအာင္ ေနမလွမ္းဘဲ အစိုဓာတ္ အေစ့အတြင္း၌ ရွိေနလၽွင္ အဲလ္ဖာေတာ့ခ္ဆင္းမွိုသည္ရွိေနသျဖင့္ ေျမပဲဆံကို စားၾကလၽွင္မ်ားစြာ သတိထားရသည္။ ၎မွာ မွိုပင္ျဖစ္ေသာ္လည္း မွိုပြင့္၊ ထီးရိုးရွိေသာမတ္ခ္်ရြန္းႏွင့္ မတူပါ။

မွိုေတာက္သျဖင့္ ျဖစ္ေပၚလာေသာ လကၡဏာမ်ားမွာ ေအာ့အန္မည္၊ မူးေဝမည္။ ၀မ္းဗိုက္ထဲ၌ ပူလာၿပီးေရငတ္လာမည္။ လည္ေခ်ာင္းထဲ၌ တင္းက်ပ္၍ တစ္ဆို႔ဆို႔ ျဖစ္လာမည္။ ဗိုက္နာမည္။

ေသြး၀မ္းမ်ားသြားမည္၊ ဆီးခ်ဳပ္မည္။ အျပင္ပန္းလကၡဏာႏွင့္ ၾကည့္လၽွင္အသားေရမ်ား ျပာႏွမ္း၍သြားသည္။ အသက္ရွူမွုျပင္းထန္လာၿပီး ရင္က်ပ္လာမည္။

ခႏၶာကိုိယ္မွ ေခၽြးေစးမ်ားထြက္လာၿပီးအားအင္နည္း၍ မူးေမ့သြားပါေတာ့မည္။မစားသင့္ေသာမွိုႏွင့္ စားသင့္ေသာမွိုကို ခြဲျခားရမည္မွာ စားေနက်မွိုကို စားပါဟုေဖာ္ျပခဲ့ပါသည္။

မစားသင့္ေသာ မွိုမွာ မွို၏ရိုးတံတြင္ ေျခက်င္းပါရွိေသာမွို၊ မွို၏ရိုးတံကို လက္ႏွင့္ေျခၾကည့္ပါ။ အလြယ္တကူ ေၾကမြသြားေသာမွို၊ မွိုေပၚကို ဆား ျဖဴးၾကည့္ပါက အေရာင္မည္းသြားေသာမွို၊မွိုပြင့္ကို

လက္ႏွင့္ဖ်စ္ၾကည့္လိုက္ပါကနို႔ရည္ျဖဴျဖဴ(အျဖဴေရာင္)မ်ား ထြက္လာေသာမွို၊ ပိုးမ်ားက်ေနေသာမွို၊ ေဆြးေျမ့ေနေသာမွို၊မွို၏ရိုးတံႏွင့္ အပြင့္ကို ဓားႏွင့္လွီးျဖတ္ၾကည့္လိုက္ပါက ျပာႏွမ္းသြားေသာမွိုမစားသင့္ေပ။

ယခုကဲ့သို႔ မိုးဦးက်ကာလတြင္ မွိုမ်ားေတာေတာင္ထဲ၌ မ်းစြာထြက္လာၾကပါသည္။ မွိုေတြ႕လၽွင္ “မွိုရေသာမ်က္ႏွာ”ႏွင့္၀မ္းသာၾကသည္။ မွိုကလည္း ေတြ႕လိုက္လၽွင္ တစ္ပြင့္ႏွစ္ပြင့္မဟုတ္၊ အုံႏွင့္က်င္းႏွင့္ျဖစ္၍ ၀မ္းသာစရာျဖစ္သည္။

ထိုအခါႏုတ္ယူသယ္လာ စားသုံးတတ္ၾကသည္။မွိုျဖဴျဖဴ၊ မွိုနီနီ၊ မွိုညိဳညိဳ အေရာင္မ်ိဳးစုံရွိသည္။ အခ်ိဳ႕ေသာ မွိုမ်ားဆိုလၽွင္ အစက္အေျပာက္မ်ားႏွင့္ အလြန္လွပသည္။သဘာ၀မွိုမ်ား၏ သဘာ၀အလွမ်ားျဖစ္ေသာ္လည္း အခ်ိဳ႕မွာ အဆိပ္မ်ားစြာပါရွိသည္။

အေကာင္းဆုံးမွာ စားေနက်မွိုမ်ားကိုသာ စားၾကပါဟုသာ ေျပာလိုပါသည္။ မွိုိအဆိပ္သင့္ေသာ္္ ေဆးခန္း၊ ေဆး႐ုံ ခ်က္ခ်င္းသြားရမည္သာျဖစ္သည္။

ေရွးဦးျပဳစုလိုပါက အိမ္သုံးဆား သုံးဇြန္းကို ေရႏွင့္ေဖ်ာ္၍တိုက္ျခင္း၊ လက္ထိုး၍အန္ျခင္း၊ ဆားခါးႏွင့္ ၀မ္းႏုတ္ျခင္း၊ မီးေသြးမွုန္႔ ေရေဖ်ာ္တိုက္ျခင္း၊ လူနာကို အိပ္ရာေပၚေႏြးေထြးေအာင္လဲ ေလ်ာင္းထား၍ ဆရာ၀န္အျမန္ေခၚျခင္းတိုိ႔ျဖစ္ပါသည္။

စားေကာင္းေသာ မွိုမွာလည္း စားေကာင္းသည္ဆိုတိုိင္း မစားသင့္ေပ။ မွိုႏွင့္တြဲဖက္မစားသင့္္ေသာ အစာမ်ား မ်ားစြာရွိပါသည္။ မွိုသည္ တက္တတ္သည္ဟု မွိုစားမွားသူမ်ားက သိထားၾကပါသည္။

မိုးဦးက်လၽွင္္ မွိုႏွင့္ပတ္သက္၍ မစားသင့္ေသာမွိုမ်ားအေၾကာင္း ေရးသားၿပီး ေတာင္သူလယ္သမားမ်ားႏွင့္ ေက်းလက္လူထုကိုအသိပညာေပးမည္ဟု စိတ္ကူးျဖင့္ ဤစာကို ေရးသားေနဆဲ၌ “၂၀၁၃ ခုႏွစ္၊ ေမလ၇ ရက္ေန႔ထုတ္ ေၾကးမုံသတင္းစာ

စာမ်က္ႏွာ-၉ တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ခရိုင္၊ က်ိဳင္းလပ္ၿမိဳ႕နယ္ခြဲ၊ မိုင္းပါးလၽွိုးေက်းရြာအုပ္စု၊ ၀မ္ပုံေက်းရြာ၊ နမ့္ကိုင္ေက်းရြာ၊ ေကာ္ေလာ့ေက်းရြာတို႔မွ ရြာသားရွစ္ဦးတို႔သည္ ေတာထဲမွရလာေသာမွိုမ်ားကို စားမိၾကသျဖင့္ မူးေဝေအာ့အန္ ေဝဒနာခံစားရၿပီး ႏွစ္ဦးေသဆုံး”သည့္သတင္းကို ေတြ႕လိုက္၊ ဖတ္လိုက္ရပါသည္။

ဤသည္မွာ သတင္းစာ၌ပါရွိသျဖင့္္ သိရေသာ သတင္းျဖစ္သည္။ သတင္းစာ တြင္မေဖာ္ျပ၊ မပါရွိိဘဲ မစားသင့္ေသာမွို စားမိ၍ ေသဆုံးရမွုသည္ မ်ားစြ ာရွိနိုင္ပါသည္။

ထို႔ ေၾကာင့္ မိုးဦးက် အခါသမယေတာေတာင္၊ လယ္ယာကြင္းထဲတြင္ သဘာ၀အေလ်ာက္ ထြက္ေပၚလာေသာမွိုမ်ိဳးစုံရွိရာ မွိုမွန္သမၽွ စား၍ရသည္ မဟုတ္ပါ။

စားေကာင္းေသာမွို ရွိသကဲ့သို႔ အဆိပ္ျဖစ္ေစေသာ၊ မစားေကာင္းေသာမွိုမ်ား မ်ားစြ ာရွိေနပါသျဖင့္ (မွိုမ်ားတြင္ မစားေကာင္းသည္က အမ်ားစုရွိပါသည္။) မွိုစားလၽွင္ သတိထားပါဟု ေက်းလက္ေန ေတာင္သူႀကီးမ်ားအား သတိရွိရန္ အသိေပးေရးသား လိုက္ရပါသည္။

ေဆြရည္္

farmer journal

Unicode

ဟဲဲ့ မှို စားရင် သတိိထားနဲ့ စား … အမေတိို့ကြောက်ခဲ့ကြတဲ့မှိုိများ

မိုးကျလာသည်နှင့်် သဘာဝမှိုများသည် မြေမှပေါ်ထွက် လာကြပြီ။ နူးညံ့ပြီး အာဟာရပြည့်ဝသော မှိုကိုစားကြသဖြင့် မှိုမှန်သမျှ စား၍ ရသည်ဟု ထင်ကြ သည်။

closeup red flyagaric mushroom in a forest

စားကောင်းသော မှိုနှင့် မစားသင့်သော မှိုတို့ ရှိကြ ပါသည်။ ကျေးရွာအနှံ့၊ တောတောင်အနှံ့တွင် မှိုမျိုးစုံပေါလှသည်။

မှိုကြက်တောင်၊ မှိုခြေတံရှည်၊ တောင်ပို့မှို၊ မှိုဖြူ၊ မှိုအုန်းနက်၊ ကောက်ရိုးမှို စသည်တို့မှာ သဘာဝမှိုများ ဖြစ်ကြပြီး မိုးဦးကျစအချိန်တွင် ထွက်လာသည့် စားစရာမှိုများ ဖြစ်ကြသည်။

ယခုုအခါ မွေးမြူသည့်မှိုများဖြစ်သော ကောက်ရိုးမှို၊ မှိုရွှေညို၊ ငွေနှှင်းမှို၊ငွေမိုးမှို၊ ကြက်နားရွက်မှို၊ ပြည်သာယာမှိုတို့ကို မှိုမျိုးစေ့(စပိုး)ထည့်၍ ကောက်ရိုးကို အခြေခံပြီး ဖြည့်စွက်စာ များဖြစ်သော ဗေဒါ၊ဆန်ဖွဲနု၊ အုန်းဆံမွှေး၊ ကွမ်းသီးခွံ၊ ဂျပ်ပုံးစက္ကူ၊

ငှက်ပျောဖက်၊ ပဲမှော်၊ လက်ဖက်ခြောက်ဖတ်၊ မြေပဲခွံ၊ ပြောင်းဖူးအူတိုင်များဖြင့် စိုက်ပျိုးကြသဖြင့် တစ်နှစ်ပတ်လုံး စိတ်ချလက်ချ စားသုံ းနိုင်သည်။

ထိို့ကြောင့် “တစ်နှစ်တစ်ခါပေါ်လို့လာ ငါသာမင်းလောင်း ထီးဖြူဆောင်း”ဆိုသော ရှေးကပြောခဲ့သည့် မှိုကို တစ်နှစ်တစ်ခါ မစောင့်ရဘဲ စားနိုင်သကဲ့သို့ စီးပွားဖြစ်လည်း ဆောင်ရွက်နိုင်သော လုပ်ငန်းဖြစ်သည်။

သဘာဝမှိုများသည်် မြေ၏အပူဓာတ်တစ်လျှောက်လုံးရခဲ့သော နွေကာလမှ မိုးဦးကျစကာလသို့ ကူးပြောင်းချိန်၊ မိုးစတင်ကျသည်နှင့် ပေါ်ထွက်လာသည်။ မှိုသည်ပူအိုက်စွတ်စိုမှုကို ကြိုက်သည့် သဘာဝရှိသည်။ ဆေးကျမ်းများတွင် မှိုကို “အဟိဆတြ”ဟုခေါ်သည်။

“မြွေထီး”ဟု အဓိပ္ပာယ်ရသဖြင့် မှိုကို မြွေများ စားသုံးကြသည်။ မှိုသည် စပိုးများထုတ်သဖြင့် မှိုတွေ့လျှင် “မှိုကျင်း”နှင့် တွေ့ရသဖြင့် မှိုအုံ၊ မှိုကျင်းသည်“အုံလိုက်ကျင်းလိုက်” များများရသည်။

ရာသီကူးပြောင်းလျှင် ပတ်ဝန်းကျင် ရေ၊ မြေပြောင်းသဖြင့် ရာသီကူးတိုင်း မှိုထွက်လေ့ရှိသော်လည်း နွေအကုန်မိုးအကူးသည် မှိုအထွက်ဆုံးဖြစ်သည်။

မှိုစပိုးကျနေသောနေရာတွင် နှစ်စဉ် မှိုထွက်သဖြင့် တချို့မှိုထွက် သည့်နေရာ မှတ်ထားကြသည်။ အချိန်တန်သွားရောက် ခူးဆွတ်ကြသည်။ တစ်ခါ မှိုတွေ့လျှင် နှစ်စဉ်မှို ဆွတ်နိုင် သည်။

မှိုတွင်် ပွင့်လာသောအခါ မှိုရိုးတံ၊ မှိုပါးဟက်၊ မှိုထီးရွက်တို့ ထွက်လာ သည်။ မှိုထီးရွက်၏ အောက်ဘက်တွင် ထီးရိုးကိုင်းတံများကဲ့သို့ ချိုင့်ခွက် အစင်းမြောင်း များပါရှိသည်။ ၎င်းင်းအထဲ၌ မှိုစပိုး(ှစသမန)များရှိသည်။ ပါးဟက် (Gill) ထဲတွင် ရှိသော မှိုစပိုးသည် မျိုးပွားပေး နိုင်သော မျိုးစေ့မျာ းဖြစ်ကြသည်။

စားကောင်းသောမှိုိ၊ မစားသင့်သောမှိုရှိသကဲ့သို့ ဆေးဖက်ဝင်သောမှိုလည်းရှိသည်။ ရှိတာကီမှို (Shitake) ၊ မာစူတာကီ(Masutake) မှို၊ လင်ဇီးမှို (Lingzhin) တို့ ဖြစ်ကြ သည်။

မှိုမှန်သမျှကို (Fungus) “ဖမ်းဂတ်စ်”ဟု ခေါ်ကြသော်လည်း မှိုပွင့်ကဲ့သို့ ရိုးတံနှင့်ထီးရွက်ပါသောမှိုကိုမက်ခ်ျရွန်း(Mushroom)ဟုခေါ်ကြသောကြောင့် စားကောင်းသောမှိုကို မက်ခ်ျရွန်းဟု အသိအမှတ်ပြုကြသည်။

ပေါင်မုန့် မှိုိတက်သည့် မှိုသည် ဖမ်းကပ်ဟုသိထားကြသည်။ စားသုံးရန် မသင့်သောမှိုကို Toadstool ဟုခေါ်သည်။ အဆိပ်ပါသောမှို Poisonous ဖြစ်သော မှိုမျိုးဖြစ်သည်။ ရှေးယခင်ကလည်း အဆိပ်ပါမှိုကိုစားမိကြသဖြင့် သေဆုံးကြရသည်။ ထိုစဉ်က မကောင်းဆိုးဝါးနတ်များ၏ ပြုစားမှုဟု ထင်ခဲ့ကြသည်။

အဆိပ်ပါရှိသဖြင့် သေရသည်ဟု မထင်မှတ်ခဲ့ကြ။ ထို့ကြောင့် Todastool သည် အဆိပ်ရှိသောမှို၊ ဒုက္ခပေးသောမှိုဖြစ်သဖြင့် မှိုမှန်သမျှ စားသင့်၊ မစားသင့် ချင့်ချိန်ပြီးမှ စားကြရပါမည်။

အကောင်းဆုံးမှာ စားနေကျမှိုိ မဟုတ်လျှင်မစားပါနှင့်။ မမြင်၊ မသိ၊ မစားဘူးသောမှိုကို လုံးဝမစားပါနှင့်။ မြေတွင်ပေါက်သောမှိုတွင် စားကောင်းသောမှိုနှင့် မစားကောင်း သောမှိုများရှိရာ စားကောင်းသောမှိုသည် ချိုဆိမ့်လေးသော အရသာရှိသည်။

မှိုများတွင် ကလိုရိုဖီး (Cholorophyll)ပါဝင်လေ့မရှိသဖြင့် အခြားသော အပင်များရှိ အစိမ်းရောင်အပင်များမှ ထုတ်လုပ်သည့် အစာကို မှီခိုကြရသည်။

ကမ္ဘာတွင်မှိုအမျိုးပေါင်း သိန်းချီရှိသည်။ စားကောင်းသောမှိုမှာ ရာဂဏန်း၊ ထောင်ဂဏန်းမျှသာရှိသည်။ လူသားတို့ကို ဒုက္ခများများပေးနေသောမှိုမှာ အဲလ်ဖာတော့ခ်ဆင်း (Alphatoxin) မှိုဖြစ်နေသည်။

မြေပဲတွင် ခြောက်သွေ့အောင် နေမလှမ်းဘဲ အစိုဓာတ် အစေ့အတွင်း၌ ရှိနေလျှင် အဲလ်ဖာတော့ခ်ဆင်းမှိုသည်ရှိနေသဖြင့် မြေပဲဆံကို စားကြလျှင်များစွာ သတိထားရသည်။ ၎င်းမှာ မှိုပင်ဖြစ်သော်လည်း မှိုပွင့်၊ ထီးရိုးရှိသောမတ်ခ်ျရွန်းနှင့် မတူပါ။

မှိုတောက်သဖြင့် ဖြစ်ပေါ်လာသော လက္ခဏာများမှာ အော့အန်မည်၊ မူးဝေမည်။ ဝမ်းဗိုက်ထဲ၌ ပူလာပြီးရေငတ်လာမည်။ လည်ချောင်းထဲ၌ တင်းကျပ်၍ တစ်ဆို့ဆို့ ဖြစ်လာမည်။ ဗိုက်နာမည်။

သွေးဝမ်းများသွားမည်၊ ဆီးချုပ်မည်။ အပြင်ပန်းလက္ခဏာနှင့် ကြည့်လျှင်အသားရေများ ပြာနှမ်း၍သွားသည်။ အသက်ရှူမှုပြင်းထန်လာပြီး ရင်ကျပ်လာမည်။

ခန္ဓာကိိုယ်မှ ချွေးစေးများထွက်လာပြီးအားအင်နည်း၍ မူးမေ့သွားပါတော့မည်။မစားသင့်သောမှိုနှင့် စားသင့်သောမှိုကို ခွဲခြားရမည်မှာ စားနေကျမှိုကို စားပါဟုဖော်ပြခဲ့ပါသည်။

မစားသင့်သော မှိုမှာ မှို၏ရိုးတံတွင် ခြေကျင်းပါရှိသောမှို၊ မှို၏ရိုးတံကို လက်နှင့်ခြေကြည့်ပါ။ အလွယ်တကူ ကြေမွသွားသောမှို၊ မှိုပေါ်ကို ဆား ဖြူးကြည့်ပါက အရောင်မည်းသွားသောမှို၊မှိုပွင့်ကို

လက်နှင့်ဖျစ်ကြည့်လိုက်ပါကနို့ရည်ဖြူဖြူ(အဖြူရောင်)များ ထွက်လာသောမှို၊ ပိုးများကျနေသောမှို၊ ဆွေးမြေ့နေသောမှို၊မှို၏ရိုးတံနှင့် အပွင့်ကို ဓားနှင့်လှီးဖြတ်ကြည့်လိုက်ပါက ပြာနှမ်းသွားသောမှိုမစားသင့်ပေ။

ယခုကဲ့သို့ မိုးဦးကျကာလတွင် မှိုများတောတောင်ထဲ၌ မျးစွာထွက်လာကြပါသည်။ မှိုတွေ့လျှင် “မှိုရသောမျက်နှာ”နှင့်ဝမ်းသာကြသည်။ မှိုကလည်း တွေ့လိုက်လျှင် တစ်ပွင့်နှစ်ပွင့်မဟုတ်၊ အုံနှင့်ကျင်းနှင့်ဖြစ်၍ ဝမ်းသာစရာဖြစ်သည်။

ထိုအခါနုတ်ယူသယ်လာ စားသုံးတတ်ကြသည်။မှိုဖြူဖြူ၊ မှိုနီနီ၊ မှိုညိုညို အရောင်မျိုးစုံရှိသည်။ အချို့သော မှိုများဆိုလျှင် အစက်အပြောက်များနှင့် အလွန်လှပသည်။သဘာဝမှိုများ၏ သဘာဝအလှများဖြစ်သော်လည်း အချို့မှာ အဆိပ်များစွာပါရှိသည်။

အကောင်းဆုံးမှာ စားနေကျမှိုများကိုသာ စားကြပါဟုသာ ပြောလိုပါသည်။ မှိုိအဆိပ်သင့်သော်် ဆေးခန်း၊ ဆေးရုံ ချက်ချင်းသွားရမည်သာဖြစ်သည်။

ရှေးဦးပြုစုလိုပါက အိမ်သုံးဆား သုံးဇွန်းကို ရေနှင့်ဖျော်၍တိုက်ခြင်း၊ လက်ထိုး၍အန်ခြင်း၊ ဆားခါးနှင့် ဝမ်းနုတ်ခြင်း၊ မီးသွေးမှုန့် ရေဖျော်တိုက်ခြင်း၊ လူနာကို အိပ်ရာပေါ်နွေးထွေးအောင်လဲ လျောင်းထား၍ ဆရာဝန်အမြန်ခေါ်ခြင်းတိို့ဖြစ်ပါသည်။

စားကောင်းသော မှိုမှာလည်း စားကောင်းသည်ဆိုတိိုင်း မစားသင့်ပေ။ မှိုနှင့်တွဲဖက်မစားသင့််သော အစာများ များစွာရှိပါသည်။ မှိုသည် တက်တတ်သည်ဟု မှိုစားမှားသူများက သိထားကြပါသည်။

မိုးဦးကျလျှင်် မှိုနှင့်ပတ်သက်၍ မစားသင့်သောမှိုများအကြောင်း ရေးသားပြီး တောင်သူလယ်သမားများနှင့် ကျေးလက်လူထုကိုအသိပညာပေးမည်ဟု စိတ်ကူးဖြင့် ဤစာကို ရေးသားနေဆဲ၌ “၂၀၁၃ ခုနှစ်၊ မေလရ ရက်နေ့ထုတ် ကြေးမုံသတင်းစာ

စာမျက်နှာ-၉ တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နယ်ခွဲ၊ မိုင်းပါးလျှိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၊ နမ့်ကိုင်ကျေးရွာ၊ ကော်လော့ကျေးရွာတို့မှ ရွာသားရှစ်ဦးတို့သည် တောထဲမှရလာသောမှိုများကို စားမိကြသဖြင့် မူးဝေအော့အန် ဝေဒနာခံစားရပြီး နှစ်ဦးသေဆုံး”သည့်သတင်းကို တွေ့လိုက်၊ ဖတ်လိုက်ရပါသည်။

ဤသည်မှာ သတင်းစာ၌ပါရှိသဖြင့်် သိရသော သတင်းဖြစ်သည်။ သတင်းစာ တွင်မဖော်ပြ၊ မပါရှိိဘဲ မစားသင့်သောမှို စားမိ၍ သေဆုံးရမှုသည် များစွ ာရှိနိုင်ပါသည်။

ထို့ ကြောင့် မိုးဦးကျ အခါသမယတောတောင်၊ လယ်ယာကွင်းထဲတွင် သဘာဝအလျောက် ထွက်ပေါ်လာသောမှိုမျိုးစုံရှိရာ မှိုမှန်သမျှ စား၍ရသည် မဟုတ်ပါ။

စားကောင်းသောမှို ရှိသကဲ့သို့ အဆိပ်ဖြစ်စေသော၊ မစားကောင်းသောမှိုများ များစွ ာရှိနေပါသဖြင့် (မှိုများတွင် မစားကောင်းသည်က အများစုရှိပါသည်။) မှိုစားလျှင် သတိထားပါဟု ကျေးလက်နေ တောင်သူကြီးများအား သတိရှိရန် အသိပေးရေးသား လိုက်ရပါသည်။

ဆွေရည််

farmer journal