





video..

နေ့တိုင်းလိုလို ဖျော်ဖြေပွဲတွေကို ဆက်တိုက်ဖျော်ဖြေနေရတဲ့ အေးမြဖြူ

မြန်မာအိုင်ဒေါပြိုင်ပွဲကြီးမှာ Winner ဆုကြီးကို မရရှိခဲ့ပေမဲ့လည်း ပရိသတ်တွေရဲ့ ရင်ထဲက ပေးအပ်တဲ့ Winnerဆုကြီးကို ရရှိပိုင်ဆိုင်ထားတဲ့ အေးမြဖြူလေးကတော့ ငယ်စဉ်ကတည်း ကအနုပညာအလုပ်တွေကိုလုပ်ကိုင်နေတဲ့ အနုပညာမှာ ပါရမီပါတဲ့ သူလေးပဲဖြစ်ပါတယ်။

မနေ့က ဇန်နဝါရီလ (၁၅)ရက်နေ့မှာလည်း ဒဂုံတက္ကသိုလ်မှာကျင်းပပြုလုပ်တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှဦးစီးကျင်းပတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ သွားရောက်ဖျော်ဖြေခဲ့ပါတယ်။

အေးမြဖြူကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီး မပြီးဆုံးသေးခင်ကတည်းက ဖျော်ဖြေရေးပွဲတွေကို ဖျော်ဖြေပေးဖို့ ကမ်းလှမ်းခံနေရတဲ့အထိကိုအောင်မြင်မှုတွေရရှိထားတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်အထိကိုလည်း ပြိုင်ပွဲကြီးပြီးကတည်းကနေ ဖျော်ဖြေပွဲတွေတောက်လျှောက် သွားရောက်သီဆိုဖျော်ဖြေနေရပြီး ပညာရေးအနေနဲ့လည်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ပထမနှစ်ကိုတက်ရောက်နေတာလည်း ဖြစ်ပါတယ်။

ကျောင်းတစ်ဖက်နဲ့ နေတိုင်းလိုလို ဖျော်ဖြေပွဲတွေကို သီဆိုနေရပြီး ကျောင်းတက်တဲ့ နေတွေမှာတောင် ညဘက်ပွဲတွေကို သီဆိုဖျော်ဖြေပေးနေရတဲ့ အထိကို ရှိနေပြီး တစ်ရက်မှကို မနားရသေးဘူးလို့လည်း အေးမြဖြူက ဆိုထားပါသေးတယ်။

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်မိုးသိုလေးကတော့ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ကို လုပ်ကိုင်နေပြီး မကြာမီမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်ရိုက်ကူးသွားဦးမှာနော်။