ဂ် ပန္ႏိုင္ငံမွာ ေအာင္ျမင္တဲ့ အဆိုေတာ္တစ္ဦးအျဖစ္ ရပ္တည္ေနျပီး ျမန္မာႏိုင္ငံမွာလည္း ေအာင္ျမင္ေပါက္ေရာက္သူက မိုရီဆာကီဝင္းပါ။ ပရိသတ္ေတြက ခ်စ္စႏိုး နာမည္ေပးထားတဲ့ အဝင္းက စကားေျပာရင္ ခ်စ္ဖို႔ေကာင္းသလို ယဥ္ေက်းပ်ဴငွာသူလည္း ျဖစ္ပါတယ္။ ကၽြန္ေတာ့္ကို ခ်စ္ရင္ လက္ထပ္စာခ်ဳပ္ ယူလာလို႔ ရပါတယ္ဆိုျပီး ႏႈတ္ခမ္းနီမေလးေတြၾကား ေတာ္ကီတစ္ေပါက္နဲ႔ ခ်ဳပ္ထားတာမို႔ အဝင္းမွ အဝင္း သည္းသည္းစြဲ ျဖစ္ေနၾကတာပါ။

Mntv မွာ Win’s Show Time ကို ထုတ္လႊင့္ျပသျပီး ေအာင္ျမင္မႈ အတိုင္းအတာတစ္ခုထိ ရရွိခဲ့သလို ပရိသတ္အားေပးမႈလည္း မ်ားျပားခဲ့ပါတယ္။ အဝင္းက မအားမလပ္ႏိုင္တဲ့ အႏုပညာအလုပ္ေတြၾကားမွာ “အိမ္မက္ေတြ မိုးထားတဲ့အိမ္” ဆိုတဲ့ ရုပ္သံဇာတ္လမ္းတြဲကိုလည္း ရိုက္ကူးခဲ့ပါတယ္။ အပိုင္း (၅၀) ကို ဆယ္ရက္အတြင္း ေန႔မအား ညမအား ရိုက္ကူးခဲ့တာ ျဖစ္သလို ေနျခည္ဦးနဲ႔ တကြ အားလံုးက အပင္ပန္းခံ ရိုက္ကူးခဲ့တာလို႔ သိရပါတယ္။

ဇာတ္ကားအတြက္ သရုပ္ေဆာင္ရင္း ကာရိုက္တာဇာတ္ရုပ္ပီေအာင္ mood သြင္းရာကေန ေနျခည္ဦးကို တကယ္ခ်စ္မိသြားေလာက္တဲ့ထိ ျဖစ္ခဲ့တယ္ ဆိုတာကိုေတာ့ အဝင္းက ဇာတ္လမ္းတြဲအေပၚ အားစိုက္မႈ တစ္ရပ္အေနနဲ႔ မီဒီယာေတြမွာ ေျဖၾကားေပးခဲ့တာပါ။ မီဒီယာေတြက အဝင္းနဲ႔ ေနျခည္ ခ်စ္ေနသေယာင္ ေရးသားလိုက္ခ်ိန္မွာေတာ့ အဝင္းရဲ႕ ပရိသတ္ထုၾကီးက ေနျခည္ကို ၾကည့္မရ ျဖစ္ခဲ့ၾကပါတယ္။လက္ရွိအခ်ိန္မွာလည္း ဇာတ္လမ္းတြဲ ျပသမယ့္ ရက္ကို ေၾကညာသလိုနဲ႔ ပရိသတ္ေတြ သို႔ေလာ သို႔ေလာ ထင္ေအာင္ ေရးသားလိုက္တာ ျဖစ္ပါတယ္။“ေနာက္ထပ္ ေနာက္ထပ္ နီးစပ္ဖို႔အိုေသခ်ာဖို႔ ရွိမယ္…feb24” ဆိုျပီး အဝင္းရဲ႕ ပါးေလးကို ကိုင္ထားတဲ့ ပံုေလးနဲ႔ တင္လုိက္တာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ (၂၄) ကို ခ်စ္သူမ်ားေန႔နဲ႔ မွားျပီး အထင္လြဲမယ့္ ပရိသတ္ေတြ ရွိသလို ေနျခည္ဦးရဲ႕ စာအေရးအသားေၾကာင့္လည္း အဝင္း ပရိသတ္ေတြ ကလိကလိ ျဖစ္ေစမွာပါ။ အိမ္မက္ေတြ မိုးထားတဲ့ အိမ္ ဇာတ္လမ္းတြဲမွာ အပိုင္း (၅၀) ပါဝင္ျပီး ရိုမန္႔တစ္ ဆန္တဲ့ အခန္းေတြလည္း ပါရွိပါတယ္။ ဇာတ္ဝင္ေတးသီခ်င္းကိုေတာ့ ဂ်ပန္မေလးနဲ႔ အတူ သီဆိုထားျပီး ပရိသတ္ေတြၾကားထဲ လတ္တေလာ ေရပန္းစားေနပါတယ္။ အဝင္းနဲ႔ ေနျခည္တို႔ရဲ႕ သရုပ္ေဆာင္မႈကို ရႈစားမယ္ဆိုရင္ေတာ့ ေဖေဖာ္ဝါရီ (၂၄) ရက္ေန႔ ည ရွစ္နာရီအခ်ိန္မွာ MNTV ရုပ္သံလိုင္းမွ တဆင့္ ေစာင့္ေမွ်ာ္ အားေပးႏိုင္ပါျပီ။

Unicode

ဂျ ပန်နိုင်ငံမှာ အောင်မြင်တဲ့ အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေပြီး မြန်မာနိုင်ငံမှာလည်း အောင်မြင်ပေါက်ရောက်သူက မိုရီဆာကီဝင်းပါ။ ပရိသတ်တွေက ချစ်စနိုး နာမည်ပေးထားတဲ့ အဝင်းက စကားပြောရင် ချစ်ဖို့ကောင်းသလို ယဉ်ကျေးပျူငှာသူလည်း ဖြစ်ပါတယ်။ ကျွန်တော့်ကို ချစ်ရင် လက်ထပ်စာချုပ် ယူလာလို့ ရပါတယ်ဆိုပြီး နှုတ်ခမ်းနီမလေးတွေကြား တော်ကီတစ်ပေါက်နဲ့ ချုပ်ထားတာမို့ အဝင်းမှ အဝင်း သည်းသည်းစွဲ ဖြစ်နေကြတာပါ။

Mntv မှာ Win’s Show Time ကို ထုတ်လွှင့်ပြသပြီး အောင်မြင်မှု အတိုင်းအတာတစ်ခုထိ ရရှိခဲ့သလို ပရိသတ်အားပေးမှုလည်း များပြားခဲ့ပါတယ်။ အဝင်းက မအားမလပ်နိုင်တဲ့ အနုပညာအလုပ်တွေကြားမှာ “အိမ်မက်တွေ မိုးထားတဲ့အိမ်” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုလည်း ရိုက်ကူးခဲ့ပါတယ်။ အပိုင်း (၅၀) ကို ဆယ်ရက်အတွင်း နေ့မအား ညမအား ရိုက်ကူးခဲ့တာ ဖြစ်သလို နေခြည်ဦးနဲ့ တကွ အားလုံးက အပင်ပန်းခံ ရိုက်ကူးခဲ့တာလို့ သိရပါတယ်။

ဇာတ်ကားအတွက် သရုပ်ဆောင်ရင်း ကာရိုက်တာဇာတ်ရုပ်ပီအောင် mood သွင်းရာကနေ နေခြည်ဦးကို တကယ်ချစ်မိသွားလောက်တဲ့ထိ ဖြစ်ခဲ့တယ် ဆိုတာကိုတော့ အဝင်းက ဇာတ်လမ်းတွဲအပေါ် အားစိုက်မှု တစ်ရပ်အနေနဲ့ မီဒီယာတွေမှာ ဖြေကြားပေးခဲ့တာပါ။ မီဒီယာတွေက အဝင်းနဲ့ နေခြည် ချစ်နေသယောင် ရေးသားလိုက်ချိန်မှာတော့ အဝင်းရဲ့ ပရိသတ်ထုကြီးက နေခြည်ကို ကြည့်မရ ဖြစ်ခဲ့ကြပါတယ်။လက်ရှိအချိန်မှာလည်း ဇာတ်လမ်းတွဲ ပြသမယ့် ရက်ကို ကြေညာသလိုနဲ့ ပရိသတ်တွေ သို့လော သို့လော ထင်အောင် ရေးသားလိုက်တာ ဖြစ်ပါတယ်။“နောက်ထပ် နောက်ထပ် နီးစပ်ဖို့အိုသေချာဖို့ ရှိမယ်…feb24” ဆိုပြီး အဝင်းရဲ့ ပါးလေးကို ကိုင်ထားတဲ့ ပုံလေးနဲ့ တင်လိုက်တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ (၂၄) ကို ချစ်သူများနေ့နဲ့ မှားပြီး အထင်လွဲမယ့် ပရိသတ်တွေ ရှိသလို နေခြည်ဦးရဲ့ စာအရေးအသားကြောင့်လည်း အဝင်း ပရိသတ်တွေ ကလိကလိ ဖြစ်စေမှာပါ။ အိမ်မက်တွေ မိုးထားတဲ့ အိမ် ဇာတ်လမ်းတွဲမှာ အပိုင်း (၅၀) ပါဝင်ပြီး ရိုမန့်တစ် ဆန်တဲ့ အခန်းတွေလည်း ပါရှိပါတယ်။ ဇာတ်ဝင်တေးသီချင်းကိုတော့ ဂျပန်မလေးနဲ့ အတူ သီဆိုထားပြီး ပရိသတ်တွေကြားထဲ လတ်တလော ရေပန်းစားနေပါတယ်။ အဝင်းနဲ့ နေခြည်တို့ရဲ့ သရုပ်ဆောင်မှုကို ရှုစားမယ်ဆိုရင်တော့ ဖေဖော်ဝါရီ (၂၄) ရက်နေ့ ည ရှစ်နာရီအချိန်မှာ MNTV ရုပ်သံလိုင်းမှ တဆင့် စောင့်မျှော် အားပေးနိုင်ပါပြီ။