မြန် မာအိုင်ဒေါ ပြိုင်ပွဲကနေ စောစောစီးစီး နှုတ်ဆက်ထွက်ခွာ သွားခဲ့ရတဲ့ နေလင်းကျော်ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ရပါတယ်။ ပြိုင်ပွဲမှာ ယှဉ်ပြိုင်နေတဲ့ အချိန် ချစ်သူအကြောင်းကို မီဒီယာတွေက ချပြလိုက်ချိန်မှာတော့ ဝန်းရံသူတွေ တဖြည်းဖြည်း နည်းသွားပါတယ်။

ဆက် စီ model ဇာဇာထက် နဲ့ ချစ်သူ ဖြစ်လို့ voting နည်းပြီး ပြုတ်သွားရတယ် ဆိုတဲ့အပေါ် ဇာဇာထက်က မြေနိမ့်ရာ လှံစိုက်တာပဲ ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

ဇာဇာထက်ရဲ့ ဖေ့ဘွတ်အကောင့် အဟက်ခံခဲ့ရပြီး ဟက်ကာတွေရေးတင်ခဲ့တဲ့ မဟုတ်မမှန်သတင်းတွေကြောင့် နေလင်းကျော်ဟာ အိုင်ဒေါအတွက် သီချင်းတိုက်နေတုန်းမှာ ထွက်ပြေးခဲ့တဲ့ အထိကိုဖြစ်ခဲ့ရတယ်လို့လည်း သိရှိခဲ့ရပါတယ်။

ဒီလို ဝေဖန်တိုက်ခိုက်ခံရတာတွေကြောင့် အနုပညာလောကထဲကို ဝင်လာခဲ့မိတာ မှားပြီလားဆိုတဲ့ အတွေးတွေတောင်ဝင်ခဲ့တယ်လို့လည်း နေလင်းကျော်က သူခံစားခဲ့ရတာတွေကို ရင်ဖွင့်ပြောပြလာပါတယ်။

အခုအချိန်မှာတော့ ရည်စားဟောင်းဖြစ်သူ ဇာဇာထက်ဘက်ကနေ မဟုတ်မမှန်သတင်းဖြစ်ကြောင်းကို ရှင်းပြခဲ့တာကြောင့် ဝေဖန်တိုက်ခိုက်ခံရမှုတွေက လျော့နည်း သွားခဲ့ပြီဖြစ်ပြီး နေလင်းကျော်တစ်ယောက်လည်း အနုပညာအလုပ်တွေကို ပြန်လည်ပြီး ကြိုးကြိုးစားစားနဲ့လုပ်ကိုင်နေပြီလည်း ဖြစ်ပါတယ်။