လူ တိုင္းကေတာ့ ကိုယ့္ရဲ႕မိသားစုဝင္တစ္ေယာက္ဆုံးရႈံးရၿပီဆိုရင္ အေတာ္ေလးေၾကကြဲဝမ္းနည္းရမွာပါ ။ အထူးသျဖင့္ သားသမီးေတြကိုဆုံးရႈံးလိုက္ရတဲ့မိဘေတြဆိုရင္ ပိုၿပီးခံစားရမွာပါ ။ မေလးရွားႏိုင္ငံ Sabah ျပည္နယ္မွာေနထိုင္တဲ့ Abam Botak အမည္နဲ႔အမ်ိဳးသားတစ္ေယာက္ဟာ ေသဆုံးသြားၿပီျဖစ္တဲ့ ေမြးကင္စကေလးငယ္ကိုျမဳပ္ႏွံဖို႔ေနရာရွာေနခဲ့တဲ့ ဖခင္တစ္ေယာက္ကို ႐ြာသားေတြကေတာ့ သူတို႔ရဲ႕႐ြာသခ်ႋဳင္မွာ ျမဳပ္ႏွံခြင့္မေပးႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

ဘာလို႔လည္းဆိုေတာ့ ကေလးငယ္ရဲ႕ဖခင္ျဖစ္သူဟာ ႐ြာသခ်ႋဳင္မွာျမဳပ္ႏွံခြင့္ရဖို႔ ပိုက္ဆံလုံလုံေလါက္ေလါက္ေပးႏိုင္စြမ္းမရွိတဲ့သူျဖစ္တဲ့အျပင္ မွတ္ပုံတင္အေထာက္အထားေတြလည္းမရွိတဲ့သူ ျဖစ္တဲ့အတြက္ေၾကာင့္ ျဖစ္ေၾကာင္း သူ၏ Facebook စာမ်က္ႏွာမွာေဝမွ်ခဲ့ပါတယ္ ။

Abam ကေတာ့ ယခုလိုမ်ိဳးမခြဲျခားသင့္ေၾကာင္းႏွင့္ ကေလးငယ္ကသူေမြးဖြားလာတဲ့႐ြာထဲမွာ ျမဳပ္ႏွံခြင့္မရခဲ့တဲ့အျပင္ ၊ ႐ြာသားေတြျငင္းဆိုရေလာက္ေအာင္ ကေလးကိုျမဳပ္တဲ့ေျမေနရာက ဘယ္ေလာက္ေတာင္မွ ကုန္သြားမွာမို႔လို႔လဲ ဆိုၿပီးေတာ့ပါ ေျပာဆိုခဲ့ေသးပါတယ္ ။

အဆုံးသတ္မွာေတာ့ ကေလးငယ္ရဲ႕႐ုပ္အေလာင္းကို Sandakan ၿမိဳ႕မွာရွိတဲ့ သခ်ႋဳင္မွာ ျမဳပ္ႏွံခြင့္ရခဲ့ပါတယ္ ။ ဒါကေတာ့ သူတို႔ရဲ႕ရင္ထဲက လူသားခ်င္းစာနာစိတ္ဘယ္ေလာက္ရွိလဲဆိုတာကို Sandakan ၿမိဳ႕ကလူေတြက ျပသလိုက္တာပဲ ဆိုၿပီးလည္း ေျပာဆိုခဲ့ပါေသးတယ္ ။

အနာက်င္ရဆုံးကေတာ့ ကေလးငယ္ရဲ႕ဖခင္ဟာ သူ႔ရဲ႕ကေလး႐ုပ္အေလာင္းကိုေပြ႕ခ်ီၿပီး ျမဳပ္ႏွံဖို႔႐ြာအျပင္ဖက္အထိ ထြက္ၿပီးရွာခဲ့ရလို႔ပါပဲ ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္ ။

Unicode

မွေးကင်းစကလေးရဲ့အလောင်းကို ဖခင်ကပိုက်ဆံမရှိလို့ ရွာသင်္ချိုင်မှာမြုပ်ခွင့်မပေး

လူတိုင်းကတော့ ကိုယ့်ရဲ့မိသားစုဝင်တစ်ယောက်ဆုံးရှုံးရပြီဆိုရင် အတော်လေးကြေကွဲဝမ်းနည်းရမှာပါ ။ အထူးသဖြင့် သားသမီးတွေကိုဆုံးရှုံးလိုက်ရတဲ့မိဘတွေဆိုရင် ပိုပြီးခံစားရမှာပါ ။ မလေးရှားနိုင်ငံ Sabah ပြည်နယ်မှာနေထိုင်တဲ့ Abam Botak အမည်နဲ့အမျိုးသားတစ်ယောက်ဟာ သေဆုံးသွားပြီဖြစ်တဲ့ မွေးကင်စကလေးငယ်ကိုမြုပ်နှံဖို့နေရာရှာနေခဲ့တဲ့ ဖခင်တစ်ယောက်ကို ရွာသားတွေကတော့ သူတို့ရဲ့ရွာသင်္ချိုင်မှာ မြုပ်နှံခွင့်မပေးနိုင်ကြောင်း ပြောဆိုခဲ့ပါတယ် ။

ဘာလို့လည်းဆိုတော့ ကလေးငယ်ရဲ့ဖခင်ဖြစ်သူဟာ ရွာသင်္ချိုင်မှာမြုပ်နှံခွင့်ရဖို့ ပိုက်ဆံလုံလုံလေါက်လေါက်ပေးနိုင်စွမ်းမရှိတဲ့သူဖြစ်တဲ့အပြင် မှတ်ပုံတင်အထောက်အထားတွေလည်းမရှိတဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ကြောင်း သူ၏ Facebook စာမျက်နှာမှာဝေမျှခဲ့ပါတယ် ။

Abam ကတော့ ယခုလိုမျိုးမခွဲခြားသင့်ကြောင်းနှင့် ကလေးငယ်ကသူမွေးဖွားလာတဲ့ရွာထဲမှာ မြုပ်နှံခွင့်မရခဲ့တဲ့အပြင် ၊ ရွာသားတွေငြင်းဆိုရလောက်အောင် ကလေးကိုမြုပ်တဲ့မြေနေရာက ဘယ်လောက်တောင်မှ ကုန်သွားမှာမို့လို့လဲ ဆိုပြီးတော့ပါ ပြောဆိုခဲ့သေးပါတယ် ။

အဆုံးသတ်မှာတော့ ကလေးငယ်ရဲ့ရုပ်အလောင်းကို Sandakan မြို့မှာရှိတဲ့ သင်္ချိုင်မှာ မြုပ်နှံခွင့်ရခဲ့ပါတယ် ။ ဒါကတော့ သူတို့ရဲ့ရင်ထဲက လူသားချင်းစာနာစိတ်ဘယ်လောက်ရှိလဲဆိုတာကို Sandakan မြို့ကလူတွေက ပြသလိုက်တာပဲ ဆိုပြီးလည်း ပြောဆိုခဲ့ပါသေးတယ် ။

အနာကျင်ရဆုံးကတော့ ကလေးငယ်ရဲ့ဖခင်ဟာ သူ့ရဲ့ကလေးရုပ်အလောင်းကိုပွေ့ချီပြီး မြုပ်နှံဖို့ရွာအပြင်ဖက်အထိ ထွက်ပြီးရှာခဲ့ရလို့ပါပဲ ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။