


Credit ; MMLoad

ပရိတ်သတ်ကြီးရေ အနုပညာကို ဝါသနာပါသူဖြစ်လို့ ကျောင်းကပွဲတစ်ခုရဲ့ စင်မြင့်ထက်မှာ ကပြရင်းထင်မှတ်မထားလောက်အောင် ပရိသတ်ကြား ရေပန်းစားအောင်မြင်လာသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ ​ဖြူဖြူထွေးက ဖြူစင်ရိုးသားတဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့အပြင် အပြုံးလေးတွေကလည်း အသက်ဝင်ပြီး လှရက်သူလေးဖြစ်လို့ ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ ကြွေနေရ သူလေးပါနော်။

အနုပညာအလုပ်ကိုလည်း ကြိုးစားပြီး အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးတစ်ယောက် ရင်နှီးဖော်ရွေတဲ့အပြောအဆိုကြောင့် အနုပညာရှင်ညီအစ်ကို မောင်နှမတွေကပါ အားပေးနေရတာလည်း ဖြစ်ပါတယ်။ ဖြူဖြူထွေးက မကြာခဏဆိုသလိုလည်း အလှူဒါနတွေကို ပြုလုပ်လေ့ရှိတာဖြစ်ပြီး လူမှုကွန်ယက်ထက်မှာလည်း ကြည်နူးစရာ ပုံရိပ်လေးတွေကို ဝေမျှလေ့ရှိတာဖြစ်ပါတယ်။

ဖြူဖြူထွေးက ဒီကနေ့ နေ့လည်ပိုင်းအချိန်မှာတော့ ကားတစ်စီးလုံးထက်မှာ မုန့်အပြည့်အတင်ပြီး သူမရဲ့ မိသားစုတွေနဲ့အတူ ပြည်သူတွေအတွက် အလှူပြုနေခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေ လမ်းပေါ်ထွက်နေရတာကြောင့် တစ်ဖက်တစ်လမ်းကနေ ကုသိုလ်ဒါနယူနေခဲ့တာဖြစ်ပြီး ” ဒီနေ့ လှူမယ်ဆို မိသားစုမှ လိုအပ်တာတွေ အကုန်ဝယ်ပေး လုပ်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်နော်။ ပရိသတ်တွေလည်း သဒ္ဓါတရားထက်သန်တဲ့ ဖြူဖြူထွေးတို့ မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက် ပါတယ်နော်။

Photo credit – Phyu Phyu Htwe’s Facebook Account
Credit ; MMLoad