အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုကတော့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ပြည်သူအများစုရဲ့ ရင်ဘတ်ချင်းနီးစပ်တယ်ဆိုတာကို အလုပ်နဲ့ သက်သေပြခဲ့ကြပြန်ပါပြီနော်…

ဒီညနေမှာဘဲ နေပြည်တော်ဝန်းကျင်မှCivil Disobedience Movement မှာ ပါဝင်လို့ နေစရာ/စားစရာ အခက်အခဲများ ရှိလာနိုင်ချေရှိတဲ့ ပြည်သူ့ဝန်ထမ်းအချို့နဲ့ အဆက်အသွယ်ရပါတယ်။

ရှိခဲ့ရင်လဲ အဆင်သင့်ဖြစ်အောင် ကျနော်တို့ ပြင်ဆင်နေပါတယ်။တစ်လက်စထဲ မန္တလေးအတွက်လဲ ပြင်ဆင်ဖြစ်ပါတယ်။ We support Heroes ( https://m.facebook.com/We-Support-Heroes-177800567082406/ ) ဒီလင့်ခ်ရဲ့ မက်စေ့ကိုသာ ရအောင်ဆက် သွယ်ပေးပါခင်မျာ။

အမျိုးသား/ အမျိုးသမီး ခွဲ၍ နေရေး/စားရေး အဆင်ပြေအောင် ကျွန်တော်တို့ အကောင်းဆုံးစီစဉ်ဆောင်ရွက်ပေးပါ့မယ်။ အလှူငွေများ(ငွေကြေး)များကိုတော့ (လုံးဝ)လက်မခံသေးပါ။ ကျနော်တို့ အိမ်တွေ/အခန်းတွေ ငှါးရင်သာ ဈေးလျှော့ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။ သို့သော် ,,,,” စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ အခန်းလွတ် အိမ်/ခြံများ၊ တိုက်ခန်းများ လ,အကန့်အသတ်ဖြင့် ပေးသုံးမယ်, လှူကြမယ် ဆိုရင်တော့ ဝမ်းသာစွာ လက်ခံပါမယ်ခင်ဗျာ🙏🏼 ၊ အလှူလဲ ခံပါတယ်။

ကိုယ်ထူကိုယ်ထ လုပ်ကြမယ်ဆိုရင်လဲ ကျနော်တို့ ပါဝင်ဖို့ အသင့်ပါခင်ဗျာ ”Civil Disobedience Movement မှာ မတရားမှုကိုဆန့်ကျင်သော ပြည်သူ့ဝန်ထမ်းများအား နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာရေး အလွှာစုံမှ ပြည်သူများက ကူညီစောင့်ရှောက်ကြပါစို့ 🙏🏼🙏🏼🙏🏼“ဒီ”ခရီး ညီကြမယ်,,, “ဒီ”ပန်းတိုင် မြဲရမယ်,,, ညီစေ မြဲစေ ပြည်သူတွေ🙏🏼🙏🏼🙏🏼။

Source: Htwe Lin Ko
Credit; (Cele World)