ဆိုဖီ ယာကေတာ့ ေအာင္ျမင္တဲ့အဆိုေတာ္တစ္ေယာက္အေနနဲ႔ ပြဲေပါင္းမ်ားစြာသြားေရာက္ေဖ်ာ္ေျဖေနရသူတစ္ေယာက္ပါ။Myanmar Idol Season -1 ရဲ႕ၿပိဳင္ပြဲဝင္တစ္ေယာက္အေနနဲ႔ ပရိသတ္ရဲ႕အသိမွတ္ျပဳျခင္းကိုရရွိခဲ့တာျဖစ္ၿပီး ၿပိဳင္ပြဲႀကီးၿပီးဆုံးသြားခ်ိန္မွာေတာ့ ေဖ်ာ္ေျဖပြဲေတြဆက္တိုက္ဆိုသလို သြားေရာက္ေဖ်ာ္ေျဖေနရတာပဲျဖစ္ပါတယ္။

ေခတ္ ပညာတတ္တစ္ေယာက္ျဖစ္တဲ့ ဆိုဖီယာကေတာ့ စကားေျပာပြင့္လင္းၿပီး ေပါင္းသင္းဆက္ဆံေရးေကာင္းသူတစ္ေယာက္လည္း ျဖစ္ပါတယ္။သူမေက်နပ္တာလည္းရွိရင္လည္း ဒဲ့ေျပာေလ့ရွိသူဆိုဖီယာကေတာ့ ဒီေန႔မွာလည္း အႏုပညာေၾကးအခ်ိန္မွီမေပးတဲ့ကိစၥနဲ႔ပတ္သက္ၿပီး “ေခ်ေခ်မိုးမိုး ေတြပဲလာတဲ့ ေနရာကArtist တေယာက္ ကို performance လုပ္ပီး 3 days After event ေတာင္ No deposit No Payment No Msg…သြားေမးရတယ္ transfer ပီးပီလားဆိုေတာ့ off day and MD not signed yet ဆိုေတာ့ ကြၽန္မပါဝင္လုပ္ေပးရမွာလားဟင္..အဆိုေတာ္က သူတို႔ company case သိဖို႔လိုသလားဘယ္သူက off လို႔ ဘာျဖစ္ေနလို႔ ဆိုတာေတြ… One more thing the worst part is Comparison.. “ဟိုအဆိုေတာ္လည္းအဲ့လိုပဲေလညီမ”…Sorry Sophia က Sophia ပါ တျခားအဆိုေတာ္ က တျခားအဆိုေတာ္ပါ…ဘယ္သူမဆို compare လုပ္တာ မႀကိဳက္ပါဘူးေနာ္…နာမည္ႀကီးေနတဲ့ ေခ်မိုးတဲ့သူေတြပဲလာတယ္ဆိုတဲ့ ေနရာက Payment ေတာ့ on time ေပးပါေနာ္” လို႔ေရးသားခဲ့တာပါ။

ဆို ဖီယာကေတာ့ အႏုပညာေၾကးမေပးရင္ ေဖ့ဘြတ္ခ္မွာနာမည္ပါထည့္ေရးမယ္လို႔ ေၾကျငာခဲ့တာျဖစ္ၿပီး အဲ့ဒီနာမည္ႀကီးေနရာရဲ႕တာဝန္ယူမႈမရွိတဲ့လုပ္ရပ္ကိုေဖာ္ထုတ္ခဲ့တာပါ။လတ္တေလာ အႏုပညာရွင္ေတြကေတာ့ အႏုပညာေၾကးမေပးဘဲ ဗေလာင္းဗလဲလုပ္ေနသူတစ္ခ်ိဳ႕ရဲ႕ဒဏ္ကိုခံေနရၿပီး သူတို႔ရဲ႕ခံစားခ်က္ေတြကို ထုတ္ေဖာ္လာၾကတာပါ။ဆိုဖီယာကေတာ့ နာမည္ႀကီးေခ်ေခ်မိုးမိုးေတြပဲ လာတဲ့ေနရာက ဒီလိုလုပ္တယ္ဆိုေတာ့ ပိုၿပီးခံျပင္းကာ သူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

Source – Sofia Everest Auora
Credit Cele Gabar

Unicode

ဆိုဖီ ယာကတော့ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ ပွဲပေါင်းများစွာသွားရောက်ဖျော်ဖြေနေရသူတစ်ယောက်ပါ။Myanmar Idol Season -1 ရဲ့ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ပရိသတ်ရဲ့အသိမှတ်ပြုခြင်းကိုရရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလို သွားရောက်ဖျော်ဖြေနေရတာပဲဖြစ်ပါတယ်။

ခေတ် ပညာတတ်တစ်ယောက်ဖြစ်တဲ့ ဆိုဖီယာကတော့ စကားပြောပွင့်လင်းပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။သူမကျေနပ်တာလည်းရှိရင်လည်း ဒဲ့ပြောလေ့ရှိသူဆိုဖီယာကတော့ ဒီနေ့မှာလည်း အနုပညာကြေးအချိန်မှီမပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး “ချေချေမိုးမိုး တွေပဲလာတဲ့ နေရာကArtist တယောက် ကို performance လုပ်ပီး 3 days After event တောင် No deposit No Payment No Msg…သွားမေးရတယ် transfer ပီးပီလားဆိုတော့ off day and MD not signed yet ဆိုတော့ ကျွန်မပါဝင်လုပ်ပေးရမှာလားဟင်..အဆိုတော်က သူတို့ company case သိဖို့လိုသလားဘယ်သူက off လို့ ဘာဖြစ်နေလို့ ဆိုတာတွေ… One more thing the worst part is Comparison.. “ဟိုအဆိုတော်လည်းအဲ့လိုပဲလေညီမ”…Sorry Sophia က Sophia ပါ တခြားအဆိုတော် က တခြားအဆိုတော်ပါ…ဘယ်သူမဆို compare လုပ်တာ မကြိုက်ပါဘူးနော်…နာမည်ကြီးနေတဲ့ ချေမိုးတဲ့သူတွေပဲလာတယ်ဆိုတဲ့ နေရာက Payment တော့ on time ပေးပါနော်” လို့ရေးသားခဲ့တာပါ။

ဆို ဖီယာကတော့ အနုပညာကြေးမပေးရင် ဖေ့ဘွတ်ခ်မှာနာမည်ပါထည့်ရေးမယ်လို့ ကြေငြာခဲ့တာဖြစ်ပြီး အဲ့ဒီနာမည်ကြီးနေရာရဲ့တာဝန်ယူမှုမရှိတဲ့လုပ်ရပ်ကိုဖော်ထုတ်ခဲ့တာပါ။လတ်တလော အနုပညာရှင်တွေကတော့ အနုပညာကြေးမပေးဘဲ ဗလောင်းဗလဲလုပ်နေသူတစ်ချို့ရဲ့ဒဏ်ကိုခံနေရပြီး သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်လာကြတာပါ။ဆိုဖီယာကတော့ နာမည်ကြီးချေချေမိုးမိုးတွေပဲ လာတဲ့နေရာက ဒီလိုလုပ်တယ်ဆိုတော့ ပိုပြီးခံပြင်းကာ သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Source – Sofia Everest Auora
Credit Cele Gabar