လူ ကို ေသေစႏိုင္တဲ့ ေရာဂါေပါင္းမ်ားစြာ ရွိေပမယ့္ တခ်ိဳ႕ေသာ ေရာဂါေတြဟာ နာတာရွည္ ေရာဂါေတြ ျဖစ္တာေၾကာင့္ ခ်က္ခ်င္းဆိုသလို အသက္ဆုံးရႈံးတာမ်ိဳး မျဖစ္ႏိုင္ပါဘူး။ အခုေဖာ္ျပေပးမယ့္ ေရာဂါအမ်ိဳးအစားေတြကေတာ့ ၂၄ နာရီအတြင္း ေသဆုံးႏိုင္တဲ့ ေရာဂါေတြ ျဖစ္တာေၾကာင့္ သတိျပဳဆင္ျခင္ႏိုင္ေစဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေလျဖတ္ျခင္း – ဦးေႏွာက္တြင္း ေသြးေၾကာေတြ ပိတ္ဆို႔ရာကေန ဦးေႏွာက္တြင္းကို ေအာက္ဆီဂ်င္ မေရာက္ရွိေတာ့တာေၾကာင့္ ေလျဖတ္ျခင္း ျဖစ္ေပၚလာတာျဖစ္ၿပီး ဆိုး႐ြားျပင္းထန္တဲ့ ေလျဖတ္ေရာဂါေတြဟာ ၂ နာရီအတြင္း အသက္ဆုံးရႈံးရတဲ့အထိ ျဖစ္တတ္ပါတယ္။

(၂) ငွက္ဖ်ားေရာဂါ – ျခင္ေၾကာင့္ျဖစ္တဲ့ ငွက္ဖ်ားေရာဂါဟာဆိုရင္လည္း ၂၄ နာရီအတြင္း ေသဆုံးႏိုင္တဲ့ ေရာဂါေတြထဲက တခုပဲျဖစ္ပါတယ္။ ငွက္ဖ်ားပိုးဟာ ေအာက္ဆီဂ်င္ပို႔ေဆာင္ေပးတဲ့ ေသြးနီဥဆဲလ္ေတြကို ဖ်က္ဆီးပစ္ႏိုင္တာေၾကာင့္ ေသေစႏိုင္တာ ျဖစ္ပါတယ္။

(၃) ေသြးလန႔္ျခင္း – Toxic Shock Syndrome လို႔ ေခၚတဲ့ ေသြးလန႔္ျခင္းေရာဂါဟာ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ ေရာဂါပဲျဖစ္ၿပီး အမ်ိဳးသမီး လစဥ္သုံးပစၥည္းေတြ ပုံမွန္ လဲလွယ္ျခင္း မရွိတာမ်ိဳးနဲ႔ Tampon ေတြကေနတဆင့္ ပိုးဝင္ၿပီး ေသဆုံးႏိုင္တဲ့ ေရာဂါတမ်ိဳးပဲျဖစ္ပါတယ္။

(၄) အျပင္းဖ်ားျခင္း – တုပ္ေကြးေၾကာင့္ အျပင္းအထန္ဖ်ားနာၿပီး ေသဆုံးမႈေတြဟာ လက္ရွိအခ်ိန္ထိ ျမင့္တက္ေနဆဲ ျဖစ္တာေၾကာင့္ ႐ိုး႐ိုးသာမန္ အဖ်ားေလာက္ပဲဆိုၿပီး ေပါ့ဆ မေနသင့္ပါဘူး။

(၅) ႐ုတ္တရက္ ႏွလုံးရပ္ျခင္း – ႏွလုံးေရာဂါရွိသူေတြမွ မဟုတ္ဘဲ ႐ိုး႐ိုးသာမန္လူေတြမွာလည္း ႐ုတ္တရက္ ႏွလုံးခုန္ရပ္ျခင္း (Heart Attack) ျဖစ္ႏိုင္တာေၾကာင့္ ႏွလုံးက်န္းမာေရးကို ပုံမွန္စစ္ေဆးေပးသင့္သလို ႏွလုံးေရာဂါရွိသူေတြအေနနဲ႔လည္း သတိထားသင့္ပါတယ္။

(၆) ဝမ္းေရာဂါ – မသန႔္ရွင္းတဲ့ အစားအေသာက္ေတြနဲ႔ ေရေၾကာင့္ျဖစ္တဲ့ ဝမ္းေရာဂါဟာဆိုရင္လည္း ေရာဂါ ျပင္းထန္လြန္းရင္ နာရီပိုင္းအတြင္း ေသဆုံးႏိုင္တဲ့ ေရာဂါပဲျဖစ္ပါတယ္။

Credit – Blacker

Unicode

လူ ကို သေစေနိုင်တဲ့ ရောဂါပေါင်းများစွာ ရှိပေမယ့် တချို့သော ရောဂါတွေဟာ နာတာရှည် ရောဂါတွေ ဖြစ်တာကြောင့် ချက်ချင်းဆိုသလို အသက်ဆုံးရှုံးတာမျိုး မဖြစ်နိုင်ပါဘူး။ အခုဖော်ပြပေးမယ့် ရောဂါအမျိုးအစားတွေကတော့ ၂၄ နာရီအတွင်း သေဆုံးနိုင်တဲ့ ရောဂါတွေ ဖြစ်တာကြောင့် သတိပြုဆင်ခြင်နိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) လေဖြတ်ခြင်း – ဦးနှောက်တွင်း သွေးကြောတွေ ပိတ်ဆို့ရာကနေ ဦးနှောက်တွင်းကို အောက်ဆီဂျင် မရောက်ရှိတော့တာကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်လာတာဖြစ်ပြီး ဆိုးရွားပြင်းထန်တဲ့ လေဖြတ်ရောဂါတွေဟာ ၂ နာရီအတွင်း အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်တတ်ပါတယ်။

(၂) ငှက်ဖျားရောဂါ – ခြင်ကြောင့်ဖြစ်တဲ့ ငှက်ဖျားရောဂါဟာဆိုရင်လည်း ၂၄ နာရီအတွင်း သေဆုံးနိုင်တဲ့ ရောဂါတွေထဲက တခုပဲဖြစ်ပါတယ်။ ငှက်ဖျားပိုးဟာ အောက်ဆီဂျင်ပို့ဆောင်ပေးတဲ့ သွေးနီဥဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တာကြောင့် သေစေနိုင်တာ ဖြစ်ပါတယ်။

(၃) သွေးလန့်ခြင်း – Toxic Shock Syndrome လို့ ခေါ်တဲ့ သွေးလန့်ခြင်းရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါပဲဖြစ်ပြီး အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပုံမှန် လဲလှယ်ခြင်း မရှိတာမျိုးနဲ့ Tampon တွေကနေတဆင့် ပိုးဝင်ပြီး သေဆုံးနိုင်တဲ့ ရောဂါတမျိုးပဲဖြစ်ပါတယ်။

(၄) အပြင်းဖျားခြင်း – တုပ်ကွေးကြောင့် အပြင်းအထန်ဖျားနာပြီး သေဆုံးမှုတွေဟာ လက်ရှိအချိန်ထိ မြင့်တက်နေဆဲ ဖြစ်တာကြောင့် ရိုးရိုးသာမန် အဖျားလောက်ပဲဆိုပြီး ပေါ့ဆ မနေသင့်ပါဘူး။

(၅) ရုတ်တရက် နှလုံးရပ်ခြင်း – နှလုံးရောဂါရှိသူတွေမှ မဟုတ်ဘဲ ရိုးရိုးသာမန်လူတွေမှာလည်း ရုတ်တရက် နှလုံးခုန်ရပ်ခြင်း (Heart Attack) ဖြစ်နိုင်တာကြောင့် နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးပေးသင့်သလို နှလုံးရောဂါရှိသူတွေအနေနဲ့လည်း သတိထားသင့်ပါတယ်။

(၆) ဝမ်းရောဂါ – မသန့်ရှင်းတဲ့ အစားအသောက်တွေနဲ့ ရေကြောင့်ဖြစ်တဲ့ ဝမ်းရောဂါဟာဆိုရင်လည်း ရောဂါ ပြင်းထန်လွန်းရင် နာရီပိုင်းအတွင်း သေဆုံးနိုင်တဲ့ ရောဂါပဲဖြစ်ပါတယ်။

Credit – Blacker