အ ထူးသတင်းအစုံအလင်မှာ…

၁၅/၁/၂၀၂၀နေ့ ည ၈နာရီမန္တလေးဖက်ထွက်သော Famousကားအမှတ် 1M2228ဖြင့်ကျောက်ဆည်ခရိုင်တရားရုံးအမှုအတွက် ခုံအမှတ် ၉/၁၀တွင်ကျနော် လုံခြုံရေးအရ ခုံ ၂ ခုံဝယ်၍စီးနင်းလာပါသည်။

အမြန်လမ်းပေါ်မိုင်တိုင်အမှတ် ၁၅၈ နားမှစ၍ Mazda Demio ကားအမှတ် 5K 5272 ကားသည် နောက်မှတိုက်လိုက် ကားရပ်မသွားသောအခါဘေးမှ ကျော်တက်လိုက်ဖြင့်အမျိုးမျိုးလိုက်လုပ်နေရာမှမိုင်တိုင် ၁၆၆ ၄ ဖာလုံခန့်တွင် ကာရှေ့မှ ကန့်လန့်ဖြတ်ရပ်လိုက် သဖြင့်Famous Expressကားမှာရပ်သွားပါသည်။ ထိုအခါ ကားမောင်းသူအပါအဝင်လူအများဆင်းကြ ပါသည်ကျနော်လည်းလိုက်ဆင်းသွားသောအခါထိုကား မှာစက်နှိုးပြီးထွက်ရန်လုပ်သဖြင့်ကားသော့ကိုအနီးရှိလူတ ယောက်ကဖြုတ်သိမ်းပြီး အဆိုပါကားအပေါ်မှလူအား ဆင်းခိုင်းပြီးအမည်မေးရာမပြောဘဲ ဗိုလ်ချုပ် သားဟု ပြောပါသည်။

ထိုစဉ် ကားအတွင်းလူငယ်တယောက် ကျန်နေ၍ ကျ နော်ကဆင်းခိုင်းပြီးမေးသောအခါမုံရွာမြို့ထောက်ပို့တပ်အမှတ် ၉၂၉ မှ တပ်သား နေထက်ဝင်း ကိုယ်ပိုင်အမှတ် ၅၄၁၉၈၇ ဟု ပြောပြီး ကားမောင်းသူမှာ ဗိုလ်မှူး အောင်ကိုကိုဦး ဖြစ်ကြောင်း ပြောသဖြင့်အမြန်လမ်းရဲ တပ်ဖွဲ့ ဖုံး 1880 သို့ဆက်ရာ၊အချိန်လည်းကုန်နေသည် ဆို၍ ရန်ကုန် ၁၉၉ ကိုဆက်သွယ်အကူအညီတောင်း မှ ရေတာရှည်မြို့နယ် အမြန်လမ်းရဲစခန်းမှ ရဲအုပ် ကျော်စွာလတ် နှင့်အဖွဲ့ရောက်လာပါသည်။ အဆိုပါရဲများကမေးမြန်းမှလေတပ်မှအငြိမ်းစားဗိုလ်မှူးချုပ်ဦးကျော်၏သားဟုအရက်များမူးနေသော ကား မောင်းသူကဖြေကြားသဖြင့် ကားနှင့်တကွ ရဲစခန်းသို့ခေါ် သွားရပါသည်။

ရဲစခန်းရောက်မှ မုံရွာထောက်ပို့တပ်မှ တပ်သားနေ ထက်ဝင်း မှာ ခရီးထွက်ခွင့်တရားဝင် ပါမစ် ခွင့်ပြုချက်မရဘဲ တပ်ခွဲမှူး ဗိုလ်မှူး လေးဦး ၏ နားလည်မှု ဖုံးဖြင့် ခွင့်ပြုချက်အရ ခရီးသွားလာခြင်းဖြစ်ကြောင်း၊ မင်္ဂလာဒုံ မှာလာခဲ့ကြောင်းပြောပါသည်။အရက်များလည်းမူးနေကြပါသည်။

သာဂရ ရဲစခန်း မှ ကား နှင့် တကွ ဗိုလ်မှူးအယောင် ဆောင် အောင်ကိုကိုဦး နှင့် ထောက်ပို့တပ်မှတပ်သား နေထက်ဝင်း တို့ အားအမှုဖွင့်ပြီးခေါ်ထားလိုက်ပါသည်။ အဆိုပါ ကားအမှတ် 5K 5272 (Mdy) ရှေ့မှန်တွင် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် ကတ်ပြား တခုလည်း ကပ်ထားပါသည်။

၂၀၁၇ ခုနှစ်တွင်အငြိမ်းစားယူခဲ့သည်ဆိုသော ဗိုလ်မှူးချုပ်ဦးကျော်က ကျနော့အားဖုန်းဖြင့်အမှုမဖွင့်ရန်တောင်းပန်ပြောကြားပါသည်။ ကားပေါ်ပါခရီးသည်များလည်း အချိန် ၂ နာရီ ခန့်နောက်ကျကြပါသည်။ နောက်ပိုင်းအမှုမည်သို့ဆက်သွားသည်ကိုသိလိုပါက ရဲအုပ်ကျော်စွာလတ် ၀၉၇၈၂၉၃၄၃၂၀ သို့သိလိုပါကမေး ကြည့်ကြပါကုန်။

Robert Sann Aung
Credit – Blacker