အင္ ဒိုနီးရွားနိုင္ငံက အိမ္ေဖာ္တစ္ဦးဟာ အလုပ္ရွင္မိသားစုအတြက္ ရည္ရြယ္ၿပီးခ်က္တဲ့ အစားအေသာက္ေတြထဲမွာ ရာသီေသြးနဲ႔ က်င္ငယ္ေရေတြ ထည့္ၿပီးခ်က္ျပဳတ္ခဲ့တယ္လို႔ သိရပါတယ္။ သူမရဲ့အမည္ကိုေတာ့ Diana လို႔သာ သတင္းက ေဖာ္ျပထားပါတယ္။

အဲဒီအိမ္ေဖာ္ဟာ အလုပ္ရွင္မိသားစုကို ရည္ရြယ္ခ်က္ရွိရွိနဲ႔ ထမင္းနဲ႔ ေသာက္သုံးရန္ေရေတြထဲမွာ မသင့္ေတာ္တဲ့ အရာေတြကို ထည့္ၿပီး လက္စားေခ်ေလ့ရွိတယ္လို႔ သိရပါတယ္။ အလုပ္ရွင္မိသားစုဟာ ဒီကိစၥကို ဘယ္လိုမွ မရိပ္မိမသိရွိခဲ့ဘဲ အစားအစာေတြကို စားသုံးေနခဲ့တာပါ။

ဒီအေၾကာင္းကို သက္ဆိုင္ရာ မိသားစုက ရိပ္မိသိရွိသြားခ်ိန္မွာေတာ့ အဲဒီအိမ္ေဖာ္က တရားမစြဲဖို႔ ေတာင္းဆိုခဲ့တယ္လို႔ ဆိုပါတယ္။ ဒီလိုလုပ္ျခင္းကလည္း အျပစ္မရွိဘူးလို႔ သူမက ယူဆပါတယ္တဲ့။

သူမက ဒီလို ညစ္တီးညစ္ပတ္ေတြ ခ်က္ျပဳတ္ေပးမွ အလုပ္ရွင္ေတြက သူမေျပာစကားကို နားေထာင္မွာသူမကို ျပစ္တင္ေဝဖန္မႈမျပဳလုပ္မွာလို႔ ေတြးမိခဲ့တယ္လို႔ ဆိုပါတယ္။

ဒီလို ယုတ္မာရိုင္းစိုင္းတဲ့ အျပဳအမူေတြ လုပ္လို႔ အားမရဘဲ အဲဒီအိမ္ေဖာ္ဟာ ပိုက္ဆံေတြ ခိုးယူတာမ်ိဳးေတြလည္း မၾကာခဏ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ အိမ္ေဖာ္ဟာ အသက္(၃၀)ျဖစ္ၿပီး၊ (၂၀၁၇)မွာ ဒီအလုပ္ ရခဲ့တာပါ။

အဲဒီအိမ္မွာ မိသားစု (၆)ေယာက္ရွိၿပီး၊ အိမ္ေဖာ္အမ်ိဳးသမီးက ေဒၚလာ(၁)ေသာင္း တန္ဖိုးရွိ ေငြေတြကိုလည္း ခိုးယူခဲ့ပါတယ္တဲ့။ ေနာက္တစ္ႀကိမ္ ခိုးယူေနခ်ိန္မွာ လက္ပူးလက္ၾကပ္ ဖမ္းမိခဲ့တာပါ။ သူမကို တရား႐ုံးက ေထာင္ဒဏ္(၇)လနဲ႔ ႏွစ္ပတ္ ခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။

ေနသူရိန္ (D Nae Khit)

D Nae Khit Media ၏ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပသည္။

Unicode

အိမ်ရှင်တွေစားမယ့် အစားအစာတွေထဲမှာ ကိုယ်တွင်းအညစ်အကြေးတွေ ထည့်ချက်တဲ့ အိမ်ဖော်

အင်ဒိုနီးရှားနိုင်ငံက အိမ်ဖော်တစ်ဦးဟာ အလုပ်ရှင်မိသားစုအတွက် ရည်ရွယ်ပြီးချက်တဲ့ အစားအသောက်တွေထဲမှာ ရာသီသွေးနဲ့ ကျင်ငယ်ရေတွေ ထည့်ပြီးချက်ပြုတ်ခဲ့တယ်လို့ သိရပါတယ်။ သူမရဲ့အမည်ကိုတော့ Diana လို့သာ သတင်းက ဖော်ပြထားပါတယ်။

အဲဒီအိမ်ဖော်ဟာ အလုပ်ရှင်မိသားစုကို ရည်ရွယ်ချက်ရှိရှိနဲ့ ထမင်းနဲ့ သောက်သုံးရန်ရေတွေထဲမှာ မသင့်တော်တဲ့ အရာတွေကို ထည့်ပြီး လက်စားချေလေ့ရှိတယ်လို့ သိရပါတယ်။ အလုပ်ရှင်မိသားစုဟာ ဒီကိစ္စကို ဘယ်လိုမှ မရိပ်မိမသိရှိခဲ့ဘဲ အစားအစာတွေကို စားသုံးနေခဲ့တာပါ။

ဒီအကြောင်းကို သက်ဆိုင်ရာ မိသားစုက ရိပ်မိသိရှိသွားချိန်မှာတော့ အဲဒီအိမ်ဖော်က တရားမစွဲဖို့ တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ခြင်းကလည်း အပြစ်မရှိဘူးလို့ သူမက ယူဆပါတယ်တဲ့။

သူမက ဒီလို ညစ်တီးညစ်ပတ်တွေ ချက်ပြုတ်ပေးမှ အလုပ်ရှင်တွေက သူမပြောစကားကို နားထောင်မှာသူမကို ပြစ်တင်ဝေဖန်မှုမပြုလုပ်မှာလို့ တွေးမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို ယုတ်မာရိုင်းစိုင်းတဲ့ အပြုအမူတွေ လုပ်လို့ အားမရဘဲ အဲဒီအိမ်ဖော်ဟာ ပိုက်ဆံတွေ ခိုးယူတာမျိုးတွေလည်း မကြာခဏ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ဖော်ဟာ အသက်(၃၀)ဖြစ်ပြီး၊ (၂၀၁၇)မှာ ဒီအလုပ် ရခဲ့တာပါ။

အဲဒီအိမ်မှာ မိသားစု (၆)ယောက်ရှိပြီး၊ အိမ်ဖော်အမျိုးသမီးက ဒေါ်လာ(၁)သောင်း တန်ဖိုးရှိ ငွေတွေကိုလည်း ခိုးယူခဲ့ပါတယ်တဲ့။ နောက်တစ်ကြိမ် ခိုးယူနေချိန်မှာ လက်ပူးလက်ကြပ် ဖမ်းမိခဲ့တာပါ။ သူမကို တရားရုံးက ထောင်ဒဏ်(၇)လနဲ့ နှစ်ပတ် ချမှတ်ခဲ့ကြောင်း သိရပါတယ်။

နေသူရိန် (D Nae Khit)