မွန်ပြည် နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရဲစခန်းပိုင် မိုးကောင်းကျေးရွာအုပ်စု ကလိကျွန်းကျေးရွာတွင် အသက်မပြည့် သေးသည့် အမျိုးသားငယ်မှ အသက်မပြည့်‌သေးသည့် မိန်းခလေး ကလေးငယ်အား သားမယားအဖြစ်ပြုကျင့်ရန်ကြံစည်မှု့ဖြစ်စဉ် ဖြစ်ပွားခဲ့သည် ။

ဇန္နါ ဝါရီလ(၇)ရက်နေ့ ည(၈)နာရီအချိန်ခန့် မ——- ဖြစ်သူမှ‌ နေအိမ်၌ရှိနေစဉ် ယောက္ခမဖြစ်သူ နှင့်အတူ‌ ———-ကျေးရွာတွင် နေထိုင်သော သမီးဖြစ်သူ(အသက်မပြည့်သေး) —– အား မောင် ——– (အသက်မပြည့်သေးသူ)ဆိုသူမှ မဖွယ်မရာ ပြုလုပ်ခဲ့ ကြောင်း ကြားသိရပြီး နောက်နေတွင်လည်း…

ရွာထဲမှပြောဆိုသံများပါ ကြားသိခဲ့ရသဖြင့် အဒေါ်ဖြစ်သူနှင့်အတူ မိုးကောင်းကျေးရွာ အုပ်ချုပ်ရေးမှုးရုံးသို့သွားရောက်‌စုံစမ်းမေးမြန်းကြသည်။

စုံစမ်းမေးမြန်းကြည့်ရာမှ ၎င်းကိစ္စအားမျက်မြင်တွေ့ရှိသူ မနှင်းယုဝေနှင့် မစန်းနွဲ့ဆိုသူတို့(၂)ဦးမှ ဇန်နဝါရီလ(၆)ရက် နံနက်(၈)နာရီ အချိန်ခန့် တွင် မ———နှင့်ယောင်းမတော်စပ်သူမ~~~~၏ နေအိမ်၌ ဆော့ကစားနေသော သမီးဖြစ်သူအား မောင် —— မှ မ~~~၏ ယောက္ခမဖြစ်သူ၏နေအိမ်သို့ခေါ်ဆောင်သွာပြီး…

နေအိမ်အိမ်ခန်းအတွင်း တွင် မ —- ၏ အဝတ်အစားများအားချွတ်၍ ပက်လက်အနေအထား ဖြင့် ခေါင်းအုံးပေါ်ပေးအိပ်‌စေပြီမ~~~အား ပေါင်နှစ်ဖက်ကား၍ ထိုင်လျှက်အနေအထားဖြင့် သားမယားအဖြစ်ပြုကျင့်ရန် ကြံစည် နေသည်ကို တွေ့မြင်ကြရ၍ မနှင်းယုဝေနှင့်မစန်းနွဲ့တို(၂)ဦးမှ ဝိုင်းဝန်းဆွဲခဲ့ရခြင်းကိုပြောပြလာသဖြင့် မ—–မှသိမ်ဆိပ်ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သည် ။

မ—– မှတိုင်ကြားလာ၍တာဝန်မှုးဒုရဲအုပ်နေယုမောင်မှ သက်သေဦး——-နှင့်အတူအခင်းဖြစ်သည့်နေအိမ်သို့သွားရောက်ပြီး မျက်မြင်တွေ့ရှိသူ သက်သေများစစ်ဆေးမေးမြန်းခြင်း/နေအိမ်နှင့် နေအိမ်အိမ်ခန်းအား မှတ်တမ်းတင်ဓါတ်ပုံရိုက်ခြင်းနှင့် သက်သေခံ ပစ္စည်းများသိမ်းဆည်းပြီး ရဲလုပ်ငန်များကုန်စင်အောင် ဆောင်ရွက်ခဲ့ သည် ။

သိမ်ဆိပ်ရဲစခန်းတွင်မိခင်ဖြစ်သူ မ——မှသမီးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ရန် ကြံစည်သူအားဥပဒေအရ အရေးယူ ပေးရန်တိုင်ကြားလာသဖြင့် မောင်——– အား သိမ်ဆိပ်ရဲစခန်း၏ (ပ)၂၉/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၅၁၁ဖြင့်အရေးယူအမှု့ဖွင့်ပြီး…

အမှု့စစ် ဒုရဲအုပ်နေယုမောင်မှ အမှု့အားသထုံမြို့နယ် တရားရုံးတော်သို့ တရားစွဲဆိုတင်ပို့နိုင်ရေးအတွက် ဆက်လက်စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်းသိရသည် ။

ချွင်းချက်*** အတည်ပြုထားသောခလေးသူငယ်ဥပဒေအရ (၁၈)နှစ်နှင့်(၁၈)နှစ်အောက်ခလေးအရွယ်များဖြစ်၍အမည်/အသက်/ နေရပ်လိပ်စာများချန်လှပ်ထားပါကြောင်း..။

ယုအောင်(သိမ်ဆိပ်)၊ အကြီးတန်းသတင်းထောက်၊ S-H(သတင်းဌာန)၊ ရှုထောင့်(သတင်းဂျာနယ်)