ထို င်းနိုင် ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေဖြစ်တဲ့ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ဟာ ဗြိတိသျှနိုင်ငံ သား ဒေးဗစ်မေးလာကို လူသတ်မှု ၊အန်နာ ကို မုဒိမ်းမူ လူသတ်မှုတို့နဲ့ သေဒဏ်ချမှတ်ခြင်းခံထားရတာဖြစ်ပါတယ် ထိုင်းရှေ့နေ့များကောင်စီပါ ပါတယ် သူတို့ အမေနှစ်ယောက်ပါပါတယ် သံအမတ်ကြီးလည်းရောက်လာပြီး ဝင်းနဲ့ဇော် ကိုယ်တိုင်လက်မှက်ထိုးထားတဲ့ စာကို တင်လိုက်ပါတယ်လို့ ဦးအောင်မျိုးသန့်က ပြောပါတယ်။

အောက် တိုဘာလ ၂၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးဆောင်၊ပြီး၊ထိုင်းဘုရင့်ဆီအသနား ခံလွှာကို၊ထောင်ညွန်ကြားရေးမှူးဆီကတဆင့်တင်လိုက်တာလို့ ပြောပါတယ် ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံက ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံခဲ့ရတဲ့ အမှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး မြန်မာနိုင်ငံသား အလုပ်သမား ၂ ဦးကို ထိုင်းတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက သေဒဏ်ချမှတ် ခဲ့ပါတယ်။

ထိုင်းဥပဒေကသေဒဏ်ချမှတ်ခံရသူတွေ ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရန်ခွင့်ပြုထား ပြီးသူတို့ရဲ့နောက်ဆုံးအယူခံကို ပြစ်ဒဏ် ချမှတ်ခံရပြီး ရက်ပေါင်း ၆၀ အတွင်း အယူခံတင်နိုင်ပါတယ် ဝင်းနဲ့ဇော် တို့ အယူခံနှစ်ခါတင်ခဲ့ပြီး နှစ်ခါစလုံးရှုံးနိမ့်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ခရိုင်တရားရုံးက သေဒဏ်ချမှတ်တဲ့ အမိန့်ကို ဆက်လက်အတည်ပြု ကြောင်း ချမှတ်ခဲ့ပြီး ထိုင်းဗဟိုတရားရုံးကလည်းသြဂုတ်လ ၂၉က နောက်ဆုံးအယူခံ လျှောက်ထားခဲ့တာဖြစ်ပါတယ်မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။

၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ လူသတ်မှုနဲ့ တရားစွဲဆိုခံ ခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင် မှာ ဖမ်းဆီးထားပြီး အခုနောက်ဆုံး တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက် အမှုအပေါ် ထိုင်းရှေ့နေများကောင်စီနဲ့ ပူးပေါင်းပြီး မြန်မာသံရုံးကပါ လိုက်ပါကူညီဆောင်ရွက်နေကြပါတယ် လိပ်ကျွန်းက ဗြိတိသျှစုံတွဲနှစ်ဦး အသတ်ခံရမှုနဲ့ ပက်သက်ပြီး ဝင်းနဲ့ဇော်တို့အပေါ် တရားခံလိုစွပ်စွဲခဲ့တဲ့ အပေါ် ဗြိတိန်နဲ့ ထိုင်းတို့အပါအဝင် နိုင်ငံအများအပြားက ထိုင်းရဲတပ်ဖွဲ့ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ ကြပါတယ် ဒီအမှုမှာ ထိုင်းရဲတပ်ဖွဲ့က ဝင်းနဲ့ ဇော်တို့အပေါ် ဖိအားပေးကာ တရားခံလို ဝန်ခံခိုင်းတာ၊ သေဆုံးသူ အန်နာရဲ့ကိုယ်ပေါ်မှာတွေ့ရှိတဲ့ မျိုးရိုးဗီဇ နဲ့ စွပ်စွဲခံထားရသူတွေရဲ့ မျိုးရိုးဗီဇတွေ ထပ်တူမကျတာတွေ စတာတွေလည်း ကွဲလွဲမှုတွေရှိတယ်လို့ ဝေဖန်တာတွေရှိခဲ့ပါတယ်။

ထုံးစံအရ၊ထောင်ညွှန်ကြားရေးမှူးက၊ထိုင်းတရားရေးဝန်ကြီးဌာန၊အဲဒီကတဆင့်ထိုင်းဘုရင်ထံပန်ကြား အသနားခံရတာဖြစ်ပါတယ်။သို့ပေမယ့်လည်းအဆိုပါအသနားခံစာဟာရှုံးနိမ့်ခဲ့ပြီး ထိုင်းသတင်းတွေအရ၀င်းနဲ့ဇော်ကိုသေဒဏ်ချမှတ်မယ့်နေ့ကိုကြေငြာခဲ့ပြီဖြစ်ပါတယ်။

အောက်ကVideoလေးမှာဘယ်နေ့ဘယ်ရက်ဆိုတာကြည့်ရှု့နိုင်ပါတယ်။