သမီး ရွိေသာ ဖခင္မ်ားသိထားရန္ ၁၃ ခ်က္
ကၽြန္ေတာ္မွာ သမီး၄ေယာက္နဲ႔ သားတစ္ေယာက္ရွိပါတယ္။
ကေလးေတြရွိၿပီး မိန္းကေလးသမီးေတြရွိတယ္ဆိုေတာ့ ေစာင့္ေရွာက္ရတာ မလြယ္ဘူးလို႔ အမ်ားကထင္ၾကပါတယ္။
ကၽြန္ေတာ္ကေတာ့ တခါမွ စိတ္ထဲမွာေတာင္ မေတြးမိခဲ့ပါ။ မိသားစုနဲ႔ စည္းစည္းလုံးလုံးေနရတာကိုပဲ စိတ္ထဲမွာ ေပ်ာ္လွပါတယ္။ သမီးေတြကို ဒီေန႔ထက္ မနက္ျဖန္ ပိုၿပီးခ်စ္လာတာပါတယ္။
ကၽြန္ေတာ္ကိုယ္တိုင္လည္း အားလုံးကိုမသိပင္မဲ့ သမီးေတြကို ၾကည့္ရႈေစာင့္ေရွာက္လာတဲ့ ၁၁ ႏွစ္အတြင္းမွာ ေတြ႕ၾကဳံခဲ့ရတဲ့ အေတြ႕အၾကဳံေလးေတြက ၁၃ ခ်က္ရွိပါတယ္။
၀၁. သမီးေတြက ဖခင္ရဲ့ ခ်စ္ျခင္းကို အျမဲတမ္းလိုလားၾကတယ္။
ပစၥည္းကို ဝယ္ေပးတာ၊ သင္ၾကားေပးတာထက္ ဖခင္ျဖစ္သူထံမွ အခ်စ္ကိုလိုလားၾကပါတယ္။သင့္အျပင္ ဖခင္အျဖစ္နဲ႔ျပဳစုေစာင့္ေရွာက္နိုင္သူ မရွိပါ။
ဖခင္တစ္ေယာက္အေနနဲ႔ သမီးေတြကို ခ်စ္တယ္ဆိုေသာအေၾကာင္း ေျပာဖို႔ ဝင္မေလးပါနဲ႔။
၀၂. သမီးေတြရဲ့ အနာဂတ္ ခင္ပြန္းေလာင္းဆိုတာ အေဖနဲ႔တူေနတတ္တယ္။
သမီးေတြရဲ့ အနာဂတ္ ခင္ပြန္းေလာင္းဆိုတာ အေဖျဖစ္သူနဲ႔ တူေနတတ္ပါတယ္။ သမီးေတြက အေဖနဲ႔တူေသာသူကသာ ကိုယ္နဲ႔ကိုက္မည့္သူလို႔ ခံယူထားသူေတြမ်ားပါတယ္။
၀၃. သမီးေတြနားေထာင္ေသာသီခ်င္းကို နားေထာင္သင့္တယ္။
သမီးေတြနဲ႔ ကားအတူတူစီးေသာအခါ သူတို႔နားေထာင္ေနေသာသီခ်င္းကို အေဖျဖစ္သူကလည္း
ဒါမွသာလၽွင္ အခုဘာသီခ်င္းက ေခတ္စားေနလဲဆိုတာကို သိရမွာျဖစ္သလို သူတို႔နဲ႔လည္း အတူတူေပ်ာ္နိုင္မွာပါ။
၀၄. အေမျဖစ္သူကို ဆက္ဆံပုံကို အျမဲၾကည့္ေနၾကပါတယ္။
သမီးေတြကိုပဲ ဂ႐ုစိုက္ေနယုံနဲ႔ေတာ့ မၿပီးပါ။ အေမျဖစ္သူကိုေကာ ေသေသခ်ာခ်ာ အေလးေပး ဆက္ဆံေနရဲ့လားဆိုတာကို ဂ႐ုျပဳပါ။
သူတို႔က မိခင္ကိုု ဂ႐ုတစိုက္မရွိတဲ့ ဖခင္ကိုမုန္းတတ္ပါတယ္။
၀၅. သမီးေတြ ႀကီးျပင္းလာသည္ႏွင့္အမၽွ အျမဲအတူရွိေနပါေစ။
တစ္ေန႔ၿပီးတစ္ေန႔ ႀကီးျပင္းလာတာနဲ႔အမၽွ ဖခင္ျဖစ္သူနဲ႔လည္း စကားေတြနည္းလာတတ္ပါတယ္။
မိန္းကေလးသဘာဝ အလွအပ၊ သူငယ္ခ်င္း၊ က်န္းမာေရးပိုင္းဆိုင္ရာေျပာင္းလဲမူေတြကို အေၾကာင္းျပၿပီး ဖခင္ျဖစ္သူက မေရွာင္သြားရန္လိုအပ္ပါတယ္။
၀၆. အားကစားကိုလည္း မေမ့ေစပါ။
မိန္းကေလးျဖစ္တာေၾကာင့္ အားကစားထက္ လွတဲ့အက်ီေလးေတြ အလွျပင္ပစၥည္းေလးေတြ စာဖတ္ဖို႔ဘက္ကို အားထားၾကပင္မဲ့လည္း အားကစားဆိုတာလည္း မေမ့ဖို႔ အေရးႀကီးပါတယ္။
၀၇. အမွတ္တရေလးေတြကို လုပ္ဖို႔မေမ့ပါနဲ႔။
အမွတ္တရကိစၥေလးေတြဟာ အေရးႀကီးပါတယ္။ မိသားစု အမွတ္တရျဖစ္ေစဖို႔ သမီးေတြနဲ႔အခ်ိန္ကိုေပးပါ။
ေမြးေန႔မွာ ခရီးထြက္တာတို႔၊ ေသာၾကာေန႔ညမွာ ႐ုပ္ရွင္သြားၾကည့္တာတို႔လုပ္ဖို႔သင့္ပါတယ္။ ပိုက္ဆံအမ်ားႀကီးသုံးၿပီး အမွတ္တရျဖစ္ရန္ လုပ္ဖို႔မဆိုလိုပါ။
၀၈. သမီးေတြကို အျပင္ေလာကအေၾကာင္းကို္လည္း သင္ျပဖို႔ မေမ့ပါနဲ႔။
အရာရာဟာ ျဖစ္ပ်က္ေနၿပီးေတာ့ ဒီကိစၥေတြဟာ မိသားစုအတြင္းမွာပဲ ျဖစ္ပ်က္ေနတာမဟုတ္ပဲ အျပင္ေလာကႀကီးနဲ႔လည္း သက္ဆိုင္ေနတယ္ဆိုတာကို ရွင္းျပဖို႔ လိုအပ္ပါတယ္။
၀၉. သမီးရဲ့ ပြဲေလးေတြကိုလည္း သြားရန္ ဝင္မေလးပါနဲ႔။
သမီးကေက်ာင္းရဲ့ပြဲေလးေတြမွာ ကတာပဲျဖစ္ျဖစ္ တေနရာကပါဝင္တယ္ဆိုရင္ ဖခင္ျဖစ္သူအေနနဲ႔ ဝမ္းေျမာက္ဝမ္းသာ သြားၾကည့္ေပးလိုက္ပါ။
၁၀. သမီးအတြက္ အခ်ိ္န္ေပးပါ။
အလုပ္ေတြ ဘယ္ေလာက္ပဲမ်ားမ်ား အိမ္ျပန္ေရာက္ရင္ေတာ့ ဖုန္းၾကည့္ၿပီး၊ TVၾကည့္ၿပီး တစ္ေယာက္တည္းေနတာထက္ သမီးနဲ႔လည္း စကားေျပာဖို႔မေမ့ပါနဲ႔။
၁၁. ဆံပင္ပဲျဖစ္ျဖစ္ လက္သည္းညႇပ္တာပဲျဖစ္ျဖစ္ လုပ္ေပးပါ။
၁ဝဝမွာ ၉၉ ႀကိမ္က မိခင္ျဖစ္သူက အားလုံးကို လုပ္ေပးပင္မဲ့ ဖခင္ျဖစ္သူကလည္း ကူညီေပးသင့္ပါတယ္။
၁၂. စိတ္ေကာင္းထားရန္ သင္ေပးပါ။
ဘာသာေရးအရပဲျဖစ္ျဖစ္ မိသားစုရယ္လို႔ျဖစ္လာၿပီဆိုရင္ သူတပါးအေပၚမွာ မဟုတ္တာကို မလုပ္ရေအာင္ ဘယ္လိုေနထိုင္ရမယ္ဆိုတာကို သင္ေပးပါ။
၁၃. မသိခ်င္ေယာင္မေဆာင္ပါနဲ႔။
သမီးေတြရဲ့ လုပ္ေဆာင္ခ်က္ေတြကို မွားတဲ့အခါ ျပင္ေပးဖို႔တာဝန္ရွိပါတယ္။ မသိခ်င္ေယာင္ မေဆာင္ပါနဲ႔။
ခရက္ဒစ္ to Chelmo Team
Unicode
သမီး ရှိသော ဖခင်များသိထားရန် ၁၃ ချက်
ကျွန်တော်မှာ သမီး၄ယောက်နဲ့ သားတစ်ယောက်ရှိပါတယ်။
ကလေးတွေရှိပြီး မိန်းကလေးသမီးတွေရှိတယ်ဆိုတော့ စောင့်ရှောက်ရတာ မလွယ်ဘူးလို့ အများကထင်ကြပါတယ်။
ကျွန်တော်ကတော့ တခါမှ စိတ်ထဲမှာတောင် မတွေးမိခဲ့ပါ။ မိသားစုနဲ့ စည်းစည်းလုံးလုံးနေရတာကိုပဲ စိတ်ထဲမှာ ပျော်လှပါတယ်။ သမီးတွေကို ဒီနေ့ထက် မနက်ဖြန် ပိုပြီးချစ်လာတာပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အားလုံးကိုမသိပင်မဲ့ သမီးတွေကို ကြည့်ရှုစောင့်ရှောက်လာတဲ့ ၁၁ နှစ်အတွင်းမှာ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေက ၁၃ ချက်ရှိပါတယ်။
၀၁. သမီးတွေက ဖခင်ရဲ့ ချစ်ခြင်းကို အမြဲတမ်းလိုလားကြတယ်။
ပစ္စည်းကို ဝယ်ပေးတာ၊ သင်ကြားပေးတာထက် ဖခင်ဖြစ်သူထံမှ အချစ်ကိုလိုလားကြပါတယ်။သင့်အပြင် ဖခင်အဖြစ်နဲ့ပြုစုစောင့်ရှောက်နိုင်သူ မရှိပါ။
ဖခင်တစ်ယောက်အနေနဲ့ သမီးတွေကို ချစ်တယ်ဆိုသောအကြောင်း ပြောဖို့ ဝင်မလေးပါနဲ့။
၀၂. သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေနဲ့တူနေတတ်တယ်။
သမီးတွေရဲ့ အနာဂတ် ခင်ပွန်းလောင်းဆိုတာ အဖေဖြစ်သူနဲ့ တူနေတတ်ပါတယ်။ သမီးတွေက အဖေနဲ့တူသောသူကသာ ကိုယ်နဲ့ကိုက်မည့်သူလို့ ခံယူထားသူတွေများပါတယ်။
၀၃. သမီးတွေနားထောင်သောသီချင်းကို နားထောင်သင့်တယ်။
သမီးတွေနဲ့ ကားအတူတူစီးသောအခါ သူတို့နားထောင်နေသောသီချင်းကို အဖေဖြစ်သူကလည်း
ဒါမှသာလျှင် အခုဘာသီချင်းက ခေတ်စားနေလဲဆိုတာကို သိရမှာဖြစ်သလို သူတို့နဲ့လည်း အတူတူပျော်နိုင်မှာပါ။
၀၄. အမေဖြစ်သူကို ဆက်ဆံပုံကို အမြဲကြည့်နေကြပါတယ်။
သမီးတွေကိုပဲ ဂရုစိုက်နေယုံနဲ့တော့ မပြီးပါ။ အမေဖြစ်သူကိုကော သေသေချာချာ အလေးပေး ဆက်ဆံနေရဲ့လားဆိုတာကို ဂရုပြုပါ။
သူတို့က မိခင်ကိုု ဂရုတစိုက်မရှိတဲ့ ဖခင်ကိုမုန်းတတ်ပါတယ်။
၀၅. သမီးတွေ ကြီးပြင်းလာသည်နှင့်အမျှ အမြဲအတူရှိနေပါစေ။
တစ်နေ့ပြီးတစ်နေ့ ကြီးပြင်းလာတာနဲ့အမျှ ဖခင်ဖြစ်သူနဲ့လည်း စကားတွေနည်းလာတတ်ပါတယ်။
မိန်းကလေးသဘာဝ အလှအပ၊ သူငယ်ချင်း၊ ကျန်းမာရေးပိုင်းဆိုင်ရာပြောင်းလဲမူတွေကို အကြောင်းပြပြီး ဖခင်ဖြစ်သူက မရှောင်သွားရန်လိုအပ်ပါတယ်။
၀၆. အားကစားကိုလည်း မမေ့စေပါ။
မိန်းကလေးဖြစ်တာကြောင့် အားကစားထက် လှတဲ့အကျီလေးတွေ အလှပြင်ပစ္စည်းလေးတွေ စာဖတ်ဖို့ဘက်ကို အားထားကြပင်မဲ့လည်း အားကစားဆိုတာလည်း မမေ့ဖို့ အရေးကြီးပါတယ်။
၀၇. အမှတ်တရလေးတွေကို လုပ်ဖို့မမေ့ပါနဲ့။
အမှတ်တရကိစ္စလေးတွေဟာ အရေးကြီးပါတယ်။ မိသားစု အမှတ်တရဖြစ်စေဖို့ သမီးတွေနဲ့အချိန်ကိုပေးပါ။
မွေးနေ့မှာ ခရီးထွက်တာတို့၊ သောကြာနေ့ညမှာ ရုပ်ရှင်သွားကြည့်တာတို့လုပ်ဖို့သင့်ပါတယ်။ ပိုက်ဆံအများကြီးသုံးပြီး အမှတ်တရဖြစ်ရန် လုပ်ဖို့မဆိုလိုပါ။
၀၈. သမီးတွေကို အပြင်လောကအကြောင်းကို်လည်း သင်ပြဖို့ မမေ့ပါနဲ့။
အရာရာဟာ ဖြစ်ပျက်နေပြီးတော့ ဒီကိစ္စတွေဟာ မိသားစုအတွင်းမှာပဲ ဖြစ်ပျက်နေတာမဟုတ်ပဲ အပြင်လောကကြီးနဲ့လည်း သက်ဆိုင်နေတယ်ဆိုတာကို ရှင်းပြဖို့ လိုအပ်ပါတယ်။
၀၉. သမီးရဲ့ ပွဲလေးတွေကိုလည်း သွားရန် ဝင်မလေးပါနဲ့။
သမီးကကျောင်းရဲ့ပွဲလေးတွေမှာ ကတာပဲဖြစ်ဖြစ် တနေရာကပါဝင်တယ်ဆိုရင် ဖခင်ဖြစ်သူအနေနဲ့ ဝမ်းမြောက်ဝမ်းသာ သွားကြည့်ပေးလိုက်ပါ။
၁၀. သမီးအတွက် အချိ်န်ပေးပါ။
အလုပ်တွေ ဘယ်လောက်ပဲများများ အိမ်ပြန်ရောက်ရင်တော့ ဖုန်းကြည့်ပြီး၊ TVကြည့်ပြီး တစ်ယောက်တည်းနေတာထက် သမီးနဲ့လည်း စကားပြောဖို့မမေ့ပါနဲ့။
၁၁. ဆံပင်ပဲဖြစ်ဖြစ် လက်သည်းညှပ်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။
၁ဝဝမှာ ၉၉ ကြိမ်က မိခင်ဖြစ်သူက အားလုံးကို လုပ်ပေးပင်မဲ့ ဖခင်ဖြစ်သူကလည်း ကူညီပေးသင့်ပါတယ်။
၁၂. စိတ်ကောင်းထားရန် သင်ပေးပါ။
ဘာသာရေးအရပဲဖြစ်ဖြစ် မိသားစုရယ်လို့ဖြစ်လာပြီဆိုရင် သူတပါးအပေါ်မှာ မဟုတ်တာကို မလုပ်ရအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ပေးပါ။
၁၃. မသိချင်ယောင်မဆောင်ပါနဲ့။
သမီးတွေရဲ့ လုပ်ဆောင်ချက်တွေကို မှားတဲ့အခါ ပြင်ပေးဖို့တာဝန်ရှိပါတယ်။ မသိချင်ယောင် မဆောင်ပါနဲ့။
ခရက်ဒစ် to Chelmo Team