အ သဲကင်ဆာ အဆင့် ၎
ပေး ပို့သူ… Saw Nandar
၂၀၁၅ ခုနှစ် ၅ လပိုင်းမှာ အသဲကင်ဆာ ဖြစ်နေမှန်း စ သိရပါတယ် ။ စင်ကာပူမှာ အသားစ စစ်ဆေးပြီး အဆုတ်နဲ့ အရိုးကို ပြန့်နေလို့ အသဲအစားထိုးရင်လဲ ၅၀% ပဲ ဆိုလို့ မလဲဘဲ ပြန်လာခဲ့ရပါတယ်
ရန်ကုန်ပြန်ရောက်တော့ ဒေါက်တာ ခင်မောင်ဝင်းက ကီမို သွင်းခိုင်းပေမယ့် မသွင်းဘဲ ရွှေရောင်နှင်းဆီ ဖောင်ဒေးရှင်းမှ ပါမောက္ခ ဒေါ်ရင်ရင်ထွန်းနဲ့ ပြောင်းပြပါတယ် မိသားစုလို နွေးထွေးလွန်းလို့ ဆရာမဆီ ရောက်ရင် ရောဂါ တဝက် သက်သာပါတယ် တောင်ကြီးပြန်ပြီး တရားစခန်း ဝင်ပါတယ် ။ Soranib 46 လုံး သောက် ဓာတ် ၅ ကြိမ် ကင်ပြီး ဆံပင်တွေ ကျွတ်ကုန်ချိန် သီလရှင် ဝတ်လိုက်တယ်ရှင့် ဘာသာတရား ကောင်းမှု များများလုပ် မိဘ ယောက်ခမ လတိုင်း မှန်မှန် သွားရောက် ရှိခိုး ဝဋ်ကျွေးတွေ ကျေအောင်ပါ
အဲဒီအချိန်မှာ ဆရာမကြီး post တွေ ဖတ်ရပါတယ် အခွေလဲ နားထောင်ရပါတယ် ဖြည့်စွက်စာတွေ သောက်ချင်ပေမယ့် ဝယ်လို့ မရပါဘူး။ နောက်တော့ ရန်ကုန်က မောင်လေးနဲ့ ညီမလေးက CC Store က ဖြည့်စွက်စာ ၆ မျိုး ဝယ်ပို့ပေးလို့ သောက်ရပါတယ်။ သောက်နေရင်း ဖြည့်စွက်စာဖြင့် ကူညီသူများ ဂရု တွေ့တော့မှ လိုအပ်တဲ့ ဖြည့်စွက်စာတွေ အစုံ ဝယ်လို့ရပြီး သောက်ပါတယ်။ တနှစ်ခွဲလောက် ကြာတော့ စင်ကာပူက ဆေးရုံ လိုက်ပြပေးတဲ့ သူငယ်ချင်းက ပြောပါတယ် ဆရာဝန်က ၆ လပဲ ခံမယ် ပြောလိုက်တာတဲ့ကြားထဲမှာ အာလူးရည် မုံလာဥနီရည်တွေ သောက်မိသေးတယ် ဆရာမကြီး post တွေ ဖတ်မိမှ ရပ်ပြီး အရွက်စိမ်းကြိတ်ရည် ပြောင်းသောက်တယ်
အခုဆို ကျန်းကျန်းမာမာပဲ ဆိုင်ထိုင်နိုင်တယ် ဈေးရောင်းနိုင်တယ်။ လုပ်နေတာတွေက အိပ်ယာထ ရေနွေးကို သံပုရာသီး ညှစ်သောက်ပါတယ် ပန်းသီးရှာလကာရည် သောက်ပါတယ်။ ရှားစောင်းလက်ပတ် အနှစ်ကို ပျားရည်နဲ့ သောက်ပါတယ်။ အဆိပ်တွေ ထွက်အောင် နံနံပင် စားတယ်၊ ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်တယ်
Metabolic Advantage ၂ လုံး
D3 5000iu ၁ လုံး (တခါတရံ ၂ လုံး)
Super K ၁ လုံး
Selenium, Zinc
Cod Liver Oil နဲ့ ဆနွင်း
Antioxidant Network, Probiotic, Vit C (Ascorbate), D Ribose Powder, Milk Thistle (Life Extension)
Jigsaw ဓာတ်ဆားထုပ်
Magnesium Malate or Citrate, L Glutamine
အရိုးပြုတ်ရည်၊ ပန်းရောင်ဆား ၊ Iodoral တရက်ခြား သောက်ပါတယ်။ ရေချိုးရင် ဆားခါးရေ စိမ်ပါတယ်။ ဆရာမကြီးနဲ့ တွေ့ပြီး ထပ်ဖြည့်သောက်တာက
StemRelease 3
Thyroid Glandular , No Flush Niacin , Super Digestive Enzyme
ကင်ဆာလို့ အမည်တပ် ခံရရင် မိသားစုရဲ့ နွေးထွေး ဂရုစိုက်မှုက အရေးကြီးဆုံးပါပဲရှင်ဘာမှ သွေးမတော် သားမစပ် ယောက္ခမရဲ့ သူငယ်ချင်းရဲ့ သမီး စင်ကာပူမှ Zin Zin Win ကလည်း ညီမ နေကောင်းလား ဘယ်လိုနေတုန်း စိတ်ကို တင်းထားနော် အစားအသောက် ဆင်ခြင် ဟု အမြဲ ဖုံးဆက် အားပေးပါတယ်
ဆရာမကြီး post တွေ ဖတ်ပြီး တနေ့ ကော်ဖီ ၂ ခွက်သောက်တာ ရပ်၊ သကြားဖြတ်၊ စားသောက်နေထိုင်မှုပုံစံ ပြောင်းလိုက်ပါပြီ
ကျမရဲ့ ဒုတိယမိခင် ဆရာမကြီးနဲ့ တွေ့ပြီး ကျမရဲ့ ရောဂါတွေ အကုန် ပျောက်ပြီဟု မှတ်လိုက်ပါပြီ စိတ်သာရှင်စော ဘုရားဟောလေအဓိက စိတ်ဓာတ် မကျဖို့ပါပဲ
ကိုယ်တိုင် ပြောပြသည့် ဗီဒီယို
(မိမိတို့၏ အတွေ့အကြုံများကို comment တွင် ရေးပေးကြရန် မေတ္တာရပ်ခံပါသည်၊ စာအုပ်ထုတ်ရန် ဖြစ်ပါသည်)
အခြား ဖြစ်ရပ်များ ဖတ်ရန်
Crdeit – To A Better Health