ခြဲ စိတ္အထူးကုဆရာဝန္တစ္ဦးျဖစ္သူ ေဒါက္တာ V. Spencer Long ဆိုသူဟာ သူရဲ့လူနာတစ္ဦးရဲ့ ေဝွးေစ့ကို ခြဲစိတ္ဖယ္ရွားေပးခဲ့ရာမွာ ညာဘက္နဲ႔ဘယ္ဘက္ကို မွားယြင္းၿပီး ခြဲစိတ္ေပးခဲ့တာေၾကာင့္ တရားစြဲဆိုခံခဲ့လိုက္ရၿပီး အေမရိကန္ေဒၚလာ ရွစ္သိန္းခုႏွစ္ေသာင္းခန႔္အထိပင္ ေလၽွာ္ေၾကးေပးလိုက္ရပါတယ္။

အ သက္ ၅၄ႏွစ္အရႊယ္ရွိသူ Steven Haines ဟာ လြန္ခဲ့တဲ့ ၂၀၁၃ခုႏွစ္တုန္းက သူရဲ့ညာဘက္ေဝွးေစ့ နာက်င္မႈေၾကာင့္ ေဒါက္တာ V. Spencer Long ဆီမွာ လာေရာက္ကုသမႈ ခံယူခဲ့ပါတယ္။ Steven Haines ရဲ့ေဝွးေစ့နာက်င္မႈက ၁၅ႏွစ္ေလာက္အထိကို ရွိေနၿပီျဖစ္တာေၾကာင့္ ဓါတ္မွန္ရိုက္ၾကည့္လိုက္တဲ့အခါ ထိခိုက္မႈတစ္စုံတစ္ရာေၾကာင့္ ညာဘက္ေဝွးေစ့ဟာ အေတာ္ေလးကို ပ်က္ဆီးေနၿပီးျဖစ္ၿပီး ခြဲစိတ္ၿပီး ဖယ္ရွားေပးရမယ့္ အေျခအေနကို ေရာက္ရွိေနခဲ့ပါတယ္။

ဒီလိုနဲ႔ ေဒါက္တာ Long ဟာ Haines ေဝွးေစ့ကို Huntingdon မွာရွိတဲ့ J.C. Blair Memorial Hospital ေဆး႐ုံမွာ ခြဲစိတ္ဖယ္ရွားေပးခဲ့ပါတယ္။ ဒါေပမယ့္ ျဖစ္ခ်င္ေတာ့ အေကာင္းတိုင္းရွိေနတဲ့ Haines ဘယ္ဘက္အျခမ္းက ေဝွးေစ့ကို မွားယြင္းၿပီး ဖယ္ရွားမိသြားခဲ့ပါတယ္။ ထို႔ေၾကာင့္ Haines ဟာ ေဒါက္တာ Long ကို ေဝွးေစ့ မွားယြင္းစြာ ဖယ္ရွားခဲ့မႈနဲ႔ပတ္သက္ၿပီး တရားစြဲဆိုခဲ့လိုက္ပါတယ္။

ဒီအမႈနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က Huntingdon County တရား႐ုံးကေန အမိန႔္ခ်မွတ္လိုက္ခဲ့ကာ လူနာ Haines ကို နာက်င္ပ်က္ဆီးေစမႈေၾကာင့္ အေမရိကန္ေဒၚလာ ၆၂၀၀၀၀ ေလၽွာ္ေၾကးေပးေဆာင္ခိုင္းၿပီး အလုပ္ကို နေမာ္နမဲ့ လုပ္ကိုင္ခဲ့ျခင္းေၾကာင့္ ေဒၚလာႏွစ္သိန္းခြဲကိုပါ ထပ္မံေလၽွာ္ေၾကေပးခိုင္းခဲ့ပါတယ္။ ဒီလို လြဲေခ်ာ္မႈေတြဟာ ေဆးပညာနယ္ပယ္မွာ မၾကာခဏ ျဖစ္ေပၚေလ့ရွိၿပီး အျဖစ္အမ်ားဆုံးကေတာ့ ေက်ာက္ကပ္ထုတ္တဲ့ လူနာေတြျဖစ္ကာ မေကာင္းတဲ့ေက်ာက္ကပ္အစား ေကာင္းမြန္ေနတဲ့ ေက်ာက္ကပ္ကို အထုတ္ခံရလို႔ မေက်မနပ္ျဖစ္ၿပီး တိုင္တန္းခဲ့ၾကတာပဲ ျဖစ္ပါတယ္ခင္ဗ်ာ။

Unicode

ခွဲ စိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ V. Spencer Long ဆိုသူဟာ သူရဲ့လူနာတစ်ဦးရဲ့ ဝှေးစေ့ကို ခွဲစိတ်ဖယ်ရှားပေးခဲ့ရာမှာ ညာဘက်နဲ့ဘယ်ဘက်ကို မှားယွင်းပြီး ခွဲစိတ်ပေးခဲ့တာကြောင့် တရားစွဲဆိုခံခဲ့လိုက်ရပြီး အမေရိကန်ဒေါ်လာ ရှစ်သိန်းခုနှစ်သောင်းခန့်အထိပင် လျှော်ကြေးပေးလိုက်ရပါတယ်။

အ သက် ၅၄နှစ်အရွှယ်ရှိသူ Steven Haines ဟာ လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းက သူရဲ့ညာဘက်ဝှေးစေ့ နာကျင်မှုကြောင့် ဒေါက်တာ V. Spencer Long ဆီမှာ လာရောက်ကုသမှု ခံယူခဲ့ပါတယ်။ Steven Haines ရဲ့ဝှေးစေ့နာကျင်မှုက ၁၅နှစ်လောက်အထိကို ရှိနေပြီဖြစ်တာကြောင့် ဓါတ်မှန်ရိုက်ကြည့်လိုက်တဲ့အခါ ထိခိုက်မှုတစ်စုံတစ်ရာကြောင့် ညာဘက်ဝှေးစေ့ဟာ အတော်လေးကို ပျက်ဆီးနေပြီးဖြစ်ပြီး ခွဲစိတ်ပြီး ဖယ်ရှားပေးရမယ့် အခြေအနေကို ရောက်ရှိနေခဲ့ပါတယ်။

ဒီလိုနဲ့ ဒေါက်တာ Long ဟာ Haines ဝှေးစေ့ကို Huntingdon မှာရှိတဲ့ J.C. Blair Memorial Hospital ဆေးရုံမှာ ခွဲစိတ်ဖယ်ရှားပေးခဲ့ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ အကောင်းတိုင်းရှိနေတဲ့ Haines ဘယ်ဘက်အခြမ်းက ဝှေးစေ့ကို မှားယွင်းပြီး ဖယ်ရှားမိသွားခဲ့ပါတယ်။ ထို့ကြောင့် Haines ဟာ ဒေါက်တာ Long ကို ဝှေးစေ့ မှားယွင်းစွာ ဖယ်ရှားခဲ့မှုနဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့လိုက်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Huntingdon County တရားရုံးကနေ အမိန့်ချမှတ်လိုက်ခဲ့ကာ လူနာ Haines ကို နာကျင်ပျက်ဆီးစေမှုကြောင့် အမေရိကန်ဒေါ်လာ ၆၂၀၀၀၀ လျှော်ကြေးပေးဆောင်ခိုင်းပြီး အလုပ်ကို နမော်နမဲ့ လုပ်ကိုင်ခဲ့ခြင်းကြောင့် ဒေါ်လာနှစ်သိန်းခွဲကိုပါ ထပ်မံလျှော်ကြေပေးခိုင်းခဲ့ပါတယ်။ ဒီလို လွဲချော်မှုတွေဟာ ဆေးပညာနယ်ပယ်မှာ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အဖြစ်အများဆုံးကတော့ ကျောက်ကပ်ထုတ်တဲ့ လူနာတွေဖြစ်ကာ မကောင်းတဲ့ကျောက်ကပ်အစား ကောင်းမွန်နေတဲ့ ကျောက်ကပ်ကို အထုတ်ခံရလို့ မကျေမနပ်ဖြစ်ပြီး တိုင်တန်းခဲ့ကြတာပဲ ဖြစ်ပါတယ်ခင်ဗျာ။