အနု ပညာလောကမှာ နာမည်ကြီးတဲ့ဇာတ်ပို့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ကျော်ဇင်ထွဋ်ကတော့မကြာသေးမီက မိသားစုပြသနာလေးတွေနဲ့ ရင်ဆိုင်နေရပြီး နေ့ရက်တိုင်းလွမ်းတဲ့စိတ်တွေနဲ့ စိတ်ထိခိုက်နေရတာကို စိတ်မကောင်းဖွယ်မြင်တွေ့ခဲ့ရပါတယ်။ကျော်ဇင်ထွဋ်ကတော့လက်ရှိမှာ ချစ်ရတဲ့မိသားစုလေးနဲ့ ခွဲခွာခဲ့ရပြီး ပရိသတ်တွေကတော့ သူတို့မိသားစုလေး စိတ်မကောင်းစရာခွဲခွာနေရတဲ့ ပြသနာအရင်းအမြစ်ကိုတော့မသိရပေမယ့်လည်း သူတို့မိသားစုလေးကို အရင်လိုသိုက်သိုက်ဝန်းဝန်းနဲ့ ပြန်လည်ဆုံဆည်းစေချင်နေကြတာပဲ ဖြစ်ပါတယ်။

ကျော် ဇင်ထွဋ်ကိုယ်တိုင်လည်း ချစ်ဇနီးသည်လေးနဲ့ သမီးလေးတွေနဲ့ အရင်လိုမိသားစုစုံစုံလင်လင် လေးပြန်လည်နေရဖို့ အပြည့်အ၀ ဆန္ဒရှိခဲ့ပြီး သူရဲ့လူမှုကွန်ယက်မှာလည်း မိသားစုလေးကိုဘယ်လောက်လွမ်းကြောင်း မိသားစုတွေမရှိတဲ့ဘဝမှာတစ်ယောက်ထဲဖြတ်သန်း ရတဲ့ဘယ်လောက်ခက်ခဲကြောင်းစာလေးတွေတင်လေ့ရှိပြီး သူရဲ့ လွမ်းဆွတ်သတိရမှုတွေနဲ့ ထပ်တူပရိသတ်တွေမှာ စိတ်မကောင်းဖြစ်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ဒါပေမယ့် လုံးဝ မပြေလည်နိုင်တဲ့ အဆုံးမှာတော့ ဒီမိသားစုဘဝလေးကို စွန့်လွှတ်ခဲ့ရပြီး ဘဝသစ်တစ်ခုမှာ ပြန်လည် ရှင်သန်ဖို့ကြိုးစားနေပြီဖြစ်ပါတယ် ။

ဒီနေ့မှာလည်း လူမှုကွန်ယက်စာမျက်နှာကနေ ယော်ကျားတွေကို နွားလို့ထင်နေတဲ့ မိန်းမတွေ အကြောင်းရေးသားထားတဲ့ပို့စ်တစ်ခုကို ရှဲပြီး 15-1-2020 100% ကျော်ဇင်ထွဋ် လည်း နွားဘဝမှ လွတ်သွားပြီလို့ ဆိုတဲ့စာသားလေးကိုရေးသားခဲ့တာဖြစ်ပါတယ် ။

Source : Kyaw Zin Htut S
Credit Cele Connections