႐ုပ္ရွ င္သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး ခိုင္ႏွင္းေဝကေတာ့ အမ်ားအက်ိဳးျပဳ ပရဟိတအလုပ္ေတြလုပ္ရင္း ဘဝကိုေပ်ာ္႐ႊင္စြာျဖတ္သန္းေနသူတစ္ေယာက္ပါ။မိဘက စြန႔္ပစ္လိုက္လို႔ ဒုကၡေရာက္ေနရတဲ့ကေလးေတြအတြက္လည္း ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာကို ဖြင့္လွစ္ထားကာ ကေလးေတြကိုမိရင္းဖရင္းသဖြယ္ ရင္အုပ္မကြာေစာင့္ေရွာက္ေနသူတစ္ေယာက္လည္းျဖစ္ပါတယ္။

သူကေတာ့ ႏွစ္အနည္းငယ္ေလာက္ အႏုပညာအလုပ္ေတြနဲ႔ ေဝးကြာေနခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ သူ႔ရဲ႕အားလပ္ခ်ိန္ေလးေတြမွာ အႏုပညာအလုပ္ေတြျပန္လည္လုပ္ကိုင္လာတဲ့အျပင္ သူ႔ရဲ႕ပရဟိတနဲ႔ပတ္သက္တဲ့ အေတြ႕အႀကဳံဗဟုသုတေတြကိုလည္း သြားေရာက္ျဖန႔္ေဝေပးေလ့ရွိသူတစ္ေယာက္ပါ။

လတ္တေလာမွာေတာ့ ခိုင္ႏွင္းေဝက သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္က ေန ” ေမာင့္ အတြက္ မ ရွိေနမယ္ ” ဆိုတဲ့စာသားနဲ႔အတူ ခ်စ္သူ ကိုစု ႐ိုက္ကူးေပးထားတဲ့ အလွပုံရိပ္ေလးေတြကို ပရိသတ္ေတြကို မွ် ေဝေပးခဲ့ပါတယ္ ။ ပို႔စ္ေအာက္မွာလည္း ခ်စ္သူႏွစ္ေယာက္ ၾကည္ႏူးက်ီစယ္ ေနၾကတဲ့ ကြန္မန႔္ေလးေတြက တကယ္ကို ခ်စ္စရာပါပဲ ပရိသတ္ႀကီးေရ..။

စိတ္တူ ကိုယ္တူ ပရဟိတ အလုပ္ေတြ လုပ္ရင္း တစ္ေယာက္ကို တစ္ေယာက္ သိပ္ခ်စ္ၾကတဲ့ သူမတို႔စုံတြဲေလးကေတာ့ တကယ္ကို ၾကည္ႏူးစရာပါပဲ ။

Unicode

ရုပ်ရှ င်သရုပ်ဆောင်မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အများအကျိုးပြု ပရဟိတအလုပ်တွေလုပ်ရင်း ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေသူတစ်ယောက်ပါ။မိဘက စွန့်ပစ်လိုက်လို့ ဒုက္ခရောက်နေရတဲ့ကလေးတွေအတွက်လည်း ခိုင်နှင်းဝေရင်သွေးလေးများဂေဟာကို ဖွင့်လှစ်ထားကာ ကလေးတွေကိုမိရင်းဖရင်းသဖွယ် ရင်အုပ်မကွာစောင့်ရှောက်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။

သူကတော့ နှစ်အနည်းငယ်လောက် အနုပညာအလုပ်တွေနဲ့ ဝေးကွာနေခဲ့ပေမယ့် အခုချိန်မှာတော့ သူ့ရဲ့အားလပ်ချိန်လေးတွေမှာ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လာတဲ့အပြင် သူ့ရဲ့ပရဟိတနဲ့ပတ်သက်တဲ့ အတွေ့အကြုံဗဟုသုတတွေကိုလည်း သွားရောက်ဖြန့်ဝေပေးလေ့ရှိသူတစ်ယောက်ပါ။

လတ်တလောမှာတော့ ခိုင်နှင်းဝေက သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်က နေ ” မောင့် အတွက် မ ရှိနေမယ် ” ဆိုတဲ့စာသားနဲ့အတူ ချစ်သူ ကိုစု ရိုက်ကူးပေးထားတဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှ ဝေပေးခဲ့ပါတယ် ။ ပို့စ်အောက်မှာလည်း ချစ်သူနှစ်ယောက် ကြည်နူးကျီစယ် နေကြတဲ့ ကွန်မန့်လေးတွေက တကယ်ကို ချစ်စရာပါပဲ ပရိသတ်ကြီးရေ..။

စိတ်တူ ကိုယ်တူ ပရဟိတ အလုပ်တွေ လုပ်ရင်း တစ်ယောက်ကို တစ်ယောက် သိပ်ချစ်ကြတဲ့ သူမတို့စုံတွဲလေးကတော့ တကယ်ကို ကြည်နူးစရာပါပဲ ။