ပရိ သတ်ကြီးရေ မကြာသေးမီကမှ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ နာမည်ကြီးနေတဲ့ နို့ဆီနဲ့သကြားစားမိလို့မိဘတွေရိုက်နှက်ခံရပြီးဆေးရုံတက်ခဲ့ရတဲ့ကလေး ကို သရုပ်ဆောင် ထူးအောင်က သူတတ်နိုင်သမျှအားလေးနဲ့ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ ။ အဲဒီကလေးနဲ့အတူ ဘုန်းကြီးမွေးစားထားတဲ့ လိုအပ်နေတဲ့ တခြားကလေးတွေကိုလည်း အရုပ်တွေ ၊ မုန့်တွေနဲ့လိုအပ်တဲ့ ငွေကြေးတွေ ကိုလည်း လှူဒါန်းခဲ့ပါတယ် ။

လက်ရှိ မှာ ကလေးကစိတ်ဒဏ်ရာ ရနေတာဖြစ်ပြီး ရုတ်တရက်ဆို အကောင်းကြီးကနေ ကြောက်ရင်လည်း ကြောက်သွားတတ်တယ် ၊ သူများတကာကို သွားထိုးရင်လည်းထိုးတဲ့ အပြုအမူလေးတွေရှိနေပြီး ဘုန်းဘုန်းက တော့ နောက် သုံးလေး လ လောက် နေရင်တော့ ပိုကောင်းလာမယ်လို့ မိန့်ထားတယ်လို့သိရပါတယ် ။ ထူးအောင် အနေနဲ့ စိတ်ကျန်းမာရေး ဆရာဝန်နဲ့ပြပြီး ကုသသင့်တယ်လို့ယူဆပြီး စိတ်ကျန်းမာရေးဆိုတာ ရူးမှ ပြရတာမျိုးမဟုတ်ဘဲ ဒီပရက်ရှင်ဝင်ရင်လည်း ဆရာဝန်နဲ့သွားရောက်ဆွေးနွှေးလို့ရတာမျိုးပါလို့လည်း ရှင်းပြခဲ့ပါတယ် ။ အဲဒါကြောင့် ဒီလို လိုအပ်နေတဲ့ကလေးလေးတွေ အတွက် နောက်ပိုင်း ပိုက်ဆံရှိလာရင် အများကြီးလှူဒါန်းချင်တယ်လို့လည်း သူ့ရဲ့ ဆန္ဒကို ဖွင့်ဟ ပြောပြခဲ့ပါတယ် ။

ခုချိန်က စပြီး (၃)လခြား တစ်ခါလောက် လှူမယ်လို့သိဓိဌာန်ချထားသလို ဘယ်သူမှမလှူဘူးဆိုရင်တောင် ထူးအောင်က ကိုယ့်ဘာသာကိုယ် သွားလှူမယ်လို့ ပြောပြခဲ့ပါတယ် ။ သူ့အနေနဲ့လည်း အများကြီးမချမ်းသာတဲ့အတွက် တတ်နိုင်သေလောက်တော့ သွားလှူဖို့ ဆုံးဖြတ်ထားပါတယ်လို့ သူ့ရဲ့အရိုးခံစိတ်လေးကို ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ် ။

Source : Exclusive on Cele Connections
Credit Cele Connections