လြန္ ခဲ့တဲ့ ႏွစ္ႏွစ္ေက်ာ္ေလာက္က ျမန္မာရုပ္ရွင္ကားေတြကို ရံႈခ်တဲ့ “ေပါကားေတြ ရပ္”ဆိုတဲ့ စကားက လူမႈကြန္ရက္ေပၚမွာ ေတာ္ေတာ္ေလးလူေျပာမ်ားခဲ့ပါတယ္။ အဲဒီအခ်ိန္ေလာက္မွာပဲ “ျမန္မာ ေပါကားေတြ ရပ္” ဆိုတဲ့ ရုပ္ရွင္ကားကို စတင္ရိုက္ကူးေနၿပီျဖစ္ေၾကာင္း ေဖစ္ဘုတ္ေပၚမွာ သတင္းေတြတက္လာခဲ့တာကို ပရိသတ္ေတြ မွတ္မိၾကမွာပါ။ အဲဒီရုပ္ရွင္ကားကိုေတာ့ ဇန္နဝါရီလ ၃၁ ရက္ေန႕ ကေနစတင္ၿပီီး မဂၤလာ ရုပ္ရွင္ရံုေတြမွာ ျပသေတာ့မွာျဖစ္ပါတယ္။

“ျမန္မာ ေပါကားေတြ ရပ္” ရုပ္ရွင္ကားကေတာ့ ျမန္မာေပါကားေတြရပ္ဖို႔ ပရိသတ္ေတြ ဖိအားေပးေတာင္းဆိုေနတဲ့အခ်ိန္ အႏုပညာေလာကထဲမွာလည္း ႏွစ္ျခမ္းကြဲၿပီး စကားမ်ားရန္ျဖစ္ရတဲ့အေၾကာင္းေတြ၊ ပရိုဂ်ဴဆာေတြနဲ႔ ဒါရိုက္တာေတြရဲ႕ အခက္အခဲေတြကို ဟာသေႏွာၿပီး ရိုက္ကူးထားတာျဖစ္ပါတယ္။ ဒီရုပ္ရွင္မွာ အဓိက ပါဝင္မယ့္ သရုပ္ေဆာင္ေတြကေတာ့ ေက်ာ္သူ၊လူမင္း၊ ေျပတီဦး၊ ေနမ်ိဳးေအာင္၊ခိုင္သင္းၾကည္၊အိျႏၵာေက်ာ္ဇင္၊ အရိုင္း၊ ေက်ာ္ထူး၊ ခင္လိႈင္ တို႕ ျဖစ္ပါတယ္။

ရုပ္ရွင္ကားရဲ႕ ထူးျခားခ်က္ကေတာ့ ဇာတ္ပို႕ဇာတ္ရံ သရုပ္ေဆာင္ေတြကို ဇာတ္ေဆာင္ေနရာတင္ၿပီး တကယ့္သရုပ္ေဆာင္ေတြကိုေတာ့ ဇာတ္ရံေနရာကေန ပါဝင္ေစခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြေရာ “ျမန္မာ ေပါကားေတြ ရပ္” ဇာတ္ကားကိို အားေပးၾကမွာလား။

Source : Shwemom

Unicode

လွန် ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က မြန်မာရုပ်ရှင်ကားတွေကို ရှုံချတဲ့ “ပေါကားတွေ ရပ်”ဆိုတဲ့ စကားက လူမှုကွန်ရက်ပေါ်မှာ တော်တော်လေးလူပြောများခဲ့ပါတယ်။ အဲဒီအချိန်လောက်မှာပဲ “မြန်မာ ပေါကားတွေ ရပ်” ဆိုတဲ့ ရုပ်ရှင်ကားကို စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း ဖေစ်ဘုတ်ပေါ်မှာ သတင်းတွေတက်လာခဲ့တာကို ပရိသတ်တွေ မှတ်မိကြမှာပါ။ အဲဒီရုပ်ရှင်ကားကိုတော့ ဇန်နဝါရီလ ၃၁ ရက်နေ့ ကနေစတင်ပြီီး မင်္ဂလာ ရုပ်ရှင်ရုံတွေမှာ ပြသတော့မှာဖြစ်ပါတယ်။

“မြန်မာ ပေါကားတွေ ရပ်” ရုပ်ရှင်ကားကတော့ မြန်မာပေါကားတွေရပ်ဖို့ ပရိသတ်တွေ ဖိအားပေးတောင်းဆိုနေတဲ့အချိန် အနုပညာလောကထဲမှာလည်း နှစ်ခြမ်းကွဲပြီး စကားများရန်ဖြစ်ရတဲ့အကြောင်းတွေ၊ ပရိုဂျူဆာတွေနဲ့ ဒါရိုက်တာတွေရဲ့ အခက်အခဲတွေကို ဟာသနှောပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ အဓိက ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ ကျော်သူ၊လူမင်း၊ ပြေတီဦး၊ နေမျိုးအောင်၊ခိုင်သင်းကြည်၊အိန္ဒြာကျော်ဇင်၊ အရိုင်း၊ ကျော်ထူး၊ ခင်လှိုင် တို့ ဖြစ်ပါတယ်။

ရုပ်ရှင်ကားရဲ့ ထူးခြားချက်ကတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေကို ဇာတ်ဆောင်နေရာတင်ပြီး တကယ့်သရုပ်ဆောင်တွေကိုတော့ ဇာတ်ရံနေရာကနေ ပါဝင်စေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရော “မြန်မာ ပေါကားတွေ ရပ်” ဇာတ်ကားကိို အားပေးကြမှာလား။

Source : Shwemom