ရန္ ကုန္၊ ဇန္နဝါရီ ၁၅ – ျပည္ေထာင္စုရန္ပုံေငြျဖင့္ တည္ေထာင္ထားေသာ သုေတသနႏွင့္ တီထြင္ဆန္းသစ္မႈဦးစီးဌာန စမ္းသပ္စက္႐ုံတြင္ ေရအိမ္သုံး အိမ္သာစကၠဴသာ ထုတ္လုပ္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ျပည္သူ႔ေငြစာရင္းေကာ္မတီ အဖြဲ႕ဝင္ ဦးေအာင္မ်ိဳးက ေျပာၾကားသည္။

ပညာေရးဝန္ႀကီးဌာနေအာက္ရွိ ယင္းစမ္းသပ္စက္႐ုံ(ေမွာ္ဘီ) ကို သုေတသနလုပ္ငန္းမ်ားေဆာင္႐ြက္ရန္ႏွင့္ Small Scale (အေသးစားယူနစ္ တိုင္းတာသည့္စက္) စမ္းသပ္ထုတ္လုပ္ကာ စီးပြားျဖစ္ထုတ္လုပ္ႏိုင္ရန္ ျပည္ေထာင္စု ဘ႑ာရန္ပုံေငြျဖင့္ တည္ေထာင္ခဲ့ျခင္းျဖစ္သည္။

ဇန္နဝါရီလ ၁၄ ရက္ေန႔တြင္ က်င္းပသည့္ ရန္ကုန္တိုင္းလႊတ္ေတာ္အစည္းအေဝးတြင္ ၂၀၁၇-၂၀၁၈ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာအစီရင္ခံႏွင့္ပတ္သက္၍ ျပည္သူ႔ေငြစာရင္းေကာ္မတီ ေလ့လာေတြ႕ရွိခ်က္ႏွင့္သုံးသပ္ခ်က္မ်ားကို ဖတ္ၾကားစဥ္ ၎က ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

အဆိုပါစမ္းသပ္စက္႐ုံ(ေမွာ္ဘီ) ကို မူလရည္မွန္းခ်က္အေကာင္အထည္ေဖာ္ႏိုင္ေရး၊ စက္စြမ္းအားအျပည့္အသုံးျပဳ၍ စက္႐ုံဝင္ေငြရွာေဖြျခင္း၊ အသုံးစရိတ္က်ခံသုံးစြဲရန္ႏွင့္ ေဈးကြက္ထိုးေဖာက္ဝင္ေရာက္ႏိုင္ရန္ ျပန္လည္စိစစ္ေဆာင္႐ြက္ရန္ စာရင္းစစ္ခ်ဳပ္႐ုံးက အႀကံျပဳထားေၾကာင္း ရန္ကုန္တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္မ်ိဳးက ဆိုသည္။

Credit – Blacker

Unicode

ရန် ကုန်၊ ဇန်နဝါရီ ၁၅ – ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ထောင်ထားသော သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန စမ်းသပ်စက်ရုံတွင် ရေအိမ်သုံး အိမ်သာစက္ကူသာ ထုတ်လုပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဦးအောင်မျိုးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနအောက်ရှိ ယင်းစမ်းသပ်စက်ရုံ(မှော်ဘီ) ကို သုတေသနလုပ်ငန်းများဆောင်ရွက်ရန်နှင့် Small Scale (အသေးစားယူနစ် တိုင်းတာသည့်စက်) စမ်းသပ်ထုတ်လုပ်ကာ စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာအစီရင်ခံနှင့်ပတ်သက်၍ ပြည်သူ့ငွေစာရင်းကော်မတီ လေ့လာတွေ့ရှိချက်နှင့်သုံးသပ်ချက်များကို ဖတ်ကြားစဉ် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါစမ်းသပ်စက်ရုံ(မှော်ဘီ) ကို မူလရည်မှန်းချက်အကောင်အထည်ဖော်နိုင်ရေး၊ စက်စွမ်းအားအပြည့်အသုံးပြု၍ စက်ရုံဝင်ငွေရှာဖွေခြင်း၊ အသုံးစရိတ်ကျခံသုံးစွဲရန်နှင့် ဈေးကွက်ထိုးဖောက်ဝင်ရောက်နိုင်ရန် ပြန်လည်စိစစ်ဆောင်ရွက်ရန် စာရင်းစစ်ချုပ်ရုံးက အကြံပြုထားကြောင်း ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုးက ဆိုသည်။

Credit – Blacker