အရည်ကြို
Unicode
ဖြစ် သွားပြန်ပါပြီ။ ဒီလိုအဖြစ်မျိုးက မဆန်းပေမယ့် ရိုးလည်း မရိုးပါဘူး။ ကိုယ့်ကားကို ကိုယ် မစီးဖြစ်သေးတဲ့ အချိန်မျိုးမှာ အပိုဝင်ငွေ ရဖို့ အကျိုးဆောင်နဲ့ ကားအငှား ဝန်ဆောင်မှုထဲ ထည့်လိုက်ကာမှ ကားပါ ပျောက်သွားတဲ့ အဖြစ်အပျက်ပါ။
ကြားထဲ က အကျိုးဆောင်ကပဲ လုပ်တာလား၊ ငှားတဲ့ နိုင်ငံခြားသားကပဲ လူလည်ကျသွားတာလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် ရမှာပါပဲ။ လမ်းမှာ တွေ့ရင်လည်း ဖော်ပြထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပေးလိုက်ကြပါ ခင်ဗျာ။ ပို့စ်အပြည့်အစုံကို အောက်မှာ ဖော်ပြ ပေးထားပါတယ်-
“ကျေးဇူးဆပ်ပါမည်။ SUZUKI ERTIGA 2019 Pearl white 9Q/1882 တွေ့ရင်ပြောပေးကြပါ။ တခုလောက်အကူအညီတောင်းချင်ပါတယ်။
လွန်ခဲ့သော၂လခန့်က ကျွန်တော့်နာမည်ပေါက် SUZUKI ERTIGA 2019 Pearl white 9Q/1882၊ အကျိုးဆောင် (—-) မှတဆင့် Golden City နေ မစ္စတာ (—-) ဆိုသူ ကိုရီးယားကို ဌားထားပါသည်။
တလ ရသိန်း ၆လ တလတခါပေး ပွဲခလဲ ၂ သိန်းခွဲ ပေးလိုက်ရပါသည်။ အခု မစ္စတာ (—-) ဆိုသူသည် နိုင်ငံခြားသို့ထွက်ခွာသွားသည်ဟု သိရပြီး 9Q/1882 တွေ့ပါကအချိန်မရွေး ဆက်သွယ်ပေးပါ။ ကျေးဇူးဆပ်ပါမည်
သုတပြည့်စုံ (၀၉၄၄၄၄၄၅၂၅၂၊ ၀၀၄၄၄၄၂၂၂၂၅)”
အရည်ကြို