မေကြး တိုင္းေဒသႀကီး၊ အထက္မင္းလွၿမိဳ႕နယ္ ဒီးဒုတ္ကန္ေက်းရြာတြင္ အမ်ိဳးသားတစ္ဦးက ၎၏လည္ပင္းကို ဘလိတ္ဓားျဖင့္ လွီးကာအဆုံးစီရင္မႈ ယခုလလ ၁၄ ရက္မြန္းလြဲ ၁ နာရီ အခ်ိန္ခန္႔က ျဖစ္ပြားခဲ့သည္။

ေသဆုံးသူမွာ ဒီးဒုတ္ကန္ေက်းရြာေနထိုင္သူ တင္လင္းေအာင္(၃၃)ႏွစ္ျဖစ္ၿပီး ၎ကို ေနအိမ္အေပၚထပ္တြင္ ပက္လက္အေနအထား၊ လည္ပင္းတြင္ ဓားဒဏ္ရာ အရွည္ (၄)လက္မ၊အနက္(၁)လက္မ ဒဏ္ရာႏွင့္ ယာဘက္ လက္တြင္ ဘလိတ္ဓားတစ္ေခ်ာင္းဆုပ္ကိုင္ထားၿပီး ေသြးမ်ားစြန္းေပလွ်က္အေနအထားေတြ႕ရွိခဲ့ရျခင္းျဖစ္ သည္။

တင္ လင္းေအာင္သည္ အရက္ကို(၇)ႏွစ္ေက်ာ္ကာလၾကာျမင့္သည္အထိ ႏွစ္ၿခိဳက္စြာ စြဲၿမဲေသာက္သုံးလာခဲ့သူျဖစ္ၿပီး အခင္းမျဖစ္ခင္(၂)ရက္ခန္႔ကစတင္၍ အရက္ျဖတ္ရန္ႀကိဳးပမ္းခဲ့ျခင္းျဖစ္သည္။

ေသဆုံးသူသည္ ေနအိမ္အေပၚထပ္တြင္ တစ္ဦးတည္းရွိေနစဥ္ေနအိမ္အေပၚထပ္အိမ္ေရွ႕ခန္းက ေသြးမ်ား စီးက်လာသည္ကို မိသားစုကျမင္သျဖင့္ ေအာ္ဟစ္အကူအညီေတာင္းခံ၍ ေနအိမ္အေပၚထပ္သို႔ တက္ၾကည့္ ရာက၎ူ၏အေျခအေနအားသိရွိခဲ့ရျခင္းျဖစ္ၿပီး ေက်းရြာမွ လူမႈကူညီေရးအသင္းကားျဖင့္ ေဆး႐ုံပို႔ရန္ ျပင္ဆင္ေနစဥ္ထမ္းစင္ေပၚ၌ ေသဆုံးသြားခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီးေရနံမနယ္ေျမရဲစခန္း ေသမႈေသ ခင္းအမွတ္စဥ္ ၁/၂၀၂၀ ျဖင့္ အမႈေရးဖြင့္ထားေၾကာင္း သိရသည္။

သက္ေနာင္ (People Media)

Unicode

မကွေး တိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ် ဒီးဒုတ်ကန်ကျေးရွာတွင် အမျိုးသားတစ်ဦးက ၎င်း၏လည်ပင်းကို ဘလိတ်ဓားဖြင့် လှီးကာအဆုံးစီရင်မှု ယခုလလ ၁၄ ရက်မွန်းလွဲ ၁ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ ဒီးဒုတ်ကန်ကျေးရွာနေထိုင်သူ တင်လင်းအောင်(၃၃)နှစ်ဖြစ်ပြီး ၎င်းကို နေအိမ်အပေါ်ထပ်တွင် ပက်လက်အနေအထား၊ လည်ပင်းတွင် ဓားဒဏ်ရာ အရှည် (၄)လက်မ၊အနက်(၁)လက်မ ဒဏ်ရာနှင့် ယာဘက် လက်တွင် ဘလိတ်ဓားတစ်ချောင်းဆုပ်ကိုင်ထားပြီး သွေးများစွန်းပေလျှက်အနေအထားတွေ့ရှိခဲ့ရခြင်းဖြစ် သည်။

တင် လင်းအောင်သည် အရက်ကို(၇)နှစ်ကျော်ကာလကြာမြင့်သည်အထိ နှစ်ခြိုက်စွာ စွဲမြဲသောက်သုံးလာခဲ့သူဖြစ်ပြီး အခင်းမဖြစ်ခင်(၂)ရက်ခန့်ကစတင်၍ အရက်ဖြတ်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

သေဆုံးသူသည် နေအိမ်အပေါ်ထပ်တွင် တစ်ဦးတည်းရှိနေစဉ်နေအိမ်အပေါ်ထပ်အိမ်ရှေ့ခန်းက သွေးများ စီးကျလာသည်ကို မိသားစုကမြင်သဖြင့် အော်ဟစ်အကူအညီတောင်းခံ၍ နေအိမ်အပေါ်ထပ်သို့ တက်ကြည့် ရာက၎င်းူ၏အခြေအနေအားသိရှိခဲ့ရခြင်းဖြစ်ပြီး ကျေးရွာမှ လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံပို့ရန် ပြင်ဆင်နေစဉ်ထမ်းစင်ပေါ်၌ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီးရေနံမနယ်မြေရဲစခန်း သေမှုသေ ခင်းအမှတ်စဉ် ၁/၂၀၂၀ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

သက်နောင် (People Media)