တစ်ခန်း ထဲနဲ့ သိန်း(၃၀) တန်တဲ့ ဇာတ် ဝင်ခန်းတစ်ခုကို ရိုက်ကူး ခဲ့တဲ့ သိင်္ဂီထွန်း

အနု ပညာလောကရဲ့ ဝါရင့်သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ သိင်္ဂီထွန်းကိုတော့ ပရိသတ်တွေအားလုံးသိမယ်ထင်ပါတယ်နော် ။ အမေ ခန်းတွေက အများဆုံးသရုပ်ဆောင်ပြီး သရုပ်ဆောင်ပီပြင်တဲ့ ဇာတ်ပို့မင်းသမီးကြီး တစ်ယောက် ပဲ ဖြစ်ပါတယ် ။ ဗီလိန်ခန်းတွေမှာလည်း ပရိသတ်မုန်းလောက်အောင် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လွန်းတဲ့ သူမကို အားပေးကြတဲ့ ပရိသတ်တွေ အများကြီးပါပဲနော် ။

သူမဟာ သူမရဲ့အနုပညာလှုပ်ရှားမှု ပုံရိပ်တွေကို ပရိသတ်တွေကို အမြဲလိုလိုမျှဝေပေးနေကြ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း ” အလှဆုံးပုံတွေနော် မလှဘူးပြောရင်စိတ်ဆိုးမယ်ဒီတစ်ခန်းထဲနဲ့တင်သိန်းသုံးဆယ်တော့တန်ပါတယ်ခစ်ခစ်ခစ်အိမ်ရောက်မှခြေထောက်ဆူးစူးတာတွေထုတ်ရဆေးထည့်ရပါတယ်နော်လို့ ”

ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ ဇာတ်ဝင်ခန်းပုံရိပ်တွေကို ပရိသတ်တွေကို မျှဝေပေးလာခဲ့ပါတယ် ။ ပရိသတ်တွေကတော့ သူမရဲ့ ပီပီပြင်ပြင် နဲ့ အမိုက်စား သရုပ်ဆောင်မှုတွေကို ချီးကျူးမဆုံးဖြစ်နေကြပါတယ် ။

သူမရဲ့အမာခံပရိသတ်တွေကတော့ ကားရိုက်တွေ ဆက်နေတယ်နော် လို့မှတ်ချက်ပေးထားကြ သလို ဆင်းရဲတဲ့ မိန်းမ တစ်ယောက်ရဲ့ ကာရိုက်တာကို ပီပြင်အောင် သရုပ်ဆောင်ထားတယ်ဆိုတာကတော့ သူမရဲ့ ပုံရိပ်တွေကိုကြည့်ရင်သိနိုင်ပါတယ် ပရိသတ်ကြီးရေ ..။

သိန်း (၃၀) မက တန်တဲ့ သဏ္ဍန်လုပ်သရုပ်တူအောင် ဖန်တီးထားတဲ့ သူမရဲ့ပုံရိပ်တွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ Source : Theingi Tun

Credit Molly (Cele Connections)