လူၾကား သူၾကားထဲမွာ ေဗာက္ေၾကာင့္ အဆက္မျပတ္ေခါင္းယားေနတာမ်ိဳးေတြ၊ ေခါင္းေပၚတို႔ အက်ႌေပၚ ေဗာက္ဖက္ျဖဴျဖဴေတြတင္ေနတာမ်ိဳးေတြက ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈေလ်ာ႕နည္းသြားေစပါတယ္။ ကိုယ္ကိုယ္တုိင္လည္းေနရထုိင္ရတာ အဆင္မေျပေစတဲ့အျပင္ကိုမွ အလွအပေရးရာအတြက္ေရာ က်န္းမာေရးရႈေထာင့္ကပါၾကည့္မယ္ဆိုရင္ ဆိုးက်ိဴးေတြခ်ည္းပဲရွိေနတတတ္တာေၾကာင့္ ေဗာက္ဆိုတဲ့အရာမ်ိဳးက ျဖစ္ၿပီဆိုတာနဲ႔ ေပ်ာက္ကင္းေအာင္ကုသရမယ့္နည္းလမ္းေတြကို ရွာေဖြရေတာ့မွာပါပဲ။

ဒါဆုိရင္ေတာ့ လြယ္လြယ္ကူကူနဲ႔ ဓာတ္တုပစၥည္းမဟုတ္ဘဲ သဘာဝဆားကိုအသုံးျပဳၿပီး ေဗာက္ေတြကိုေသေစႏုိင္တဲ့နည္းလမ္းေကာင္းတခ်ိဳ႕ရွိေနႏုိင္တာေၾကာင့္ အခုလိုပဲေဖာ္ျပေပးလိုက္ရပါတယ္ေနာ္

(၁) ဆား နဲ႕ သံလြင္ဆီ

ပါ၀င္ပစၥည္းမ်ား – ပင္လယ္ဆား (စားပဲြတင္ဇြန္း ၂ ဇြန္း) ၊ သံလြင္ဆီ (စားပဲြတင္ဇြန္း ၁-၂ ဇြန္း )၊ သံပရုိရည္ (စားပဲြတင္ဇြန္း ၁-၂ ဇြန္း ) ဇလုံထဲ ပါ၀င္ပစၥည္းေတြကို ေရာေပါင္းေပးပါ။

ဆံပင္ကို ေရစြတ္ထားၿပီး ရလာတဲ့အေရာနဲ႕ ဦးေရျပားေပၚ လိမ္းေပးပါ။ ဦးေရျပား တစ္ခုလုံး ႏွံ႕ေအာင္လိမ္းၿပီးၿပီဆုိရင္ ႏွိပ္နယ္ေပးပါ။

(၅) မိနစ္ေလာက္ႏွိပ္နယ္ေပးၿပီးရင္ ေခါင္းေလွ်ာ္ေပးပါ။ ေနာက္ဆုံးမွာ ေပ်ာ့ေဆးသုံးေပးပါ။ တစ္ပတ္ (၂) ႀကိမ္လုပ္ေပးပါ။

(၂) ဆား နဲ႕ ေခါင္းေလွ်ာ္ရည္

ပါ၀င္ပစၥည္းမ်ား – ဆား (စားပဲြတင္ဇြန္း တစ္္၀က္) ၊ ေခါင္းေလွ်ာ္ရည္ (စားပဲြတင္ဇြန္း ၁ ဇြန္း)

ေခါင္းေလွ်ာ္ရည္ထဲ ဆားးထည့္ေပးၿပီး ေမြေပးပါ။ ဆံပင္ကို ေရေႏြးနဲ႕ ေလာင္းေပးၿပီး ဆားေရာထားတဲ့ ေခါင္းေလွ်ာ္ရည္နဲ႕ ေလွ်ာ္ေပးပါ။ ဦးေရျပားကို ႏွိပ္နယ္ေပးပါ။

မိနစ္ အနည္းငယ္ေလာက္ ႏွိပ္နယ္ေပးၿပီးရင္ေတာ့ ေရေအးနဲ႕ ေလာင္းေပးပါ။ ေနာက္ဆုံးမွာ ေပ်ာ့ေဆးသုံးေပးပါ။

(၃) ဆား

ပါ၀င္ပစၥည္းမ်ား – ဆား (စားပဲြတင္ဇြန္း ၃ ဇြန္း) ၊ ေရ (၁ ခြက္)

ေရကို အုိးထဲထည့္ၿပီး အပူေပးပါ။ ဆားထည့္ၿပီး ေပ်ာ္၀င္သြားေအာင္ ေမြေပးပါ။ ဆားေပ်ာ္သြားရင္ မီးပိတ္ၿပီးအေအးခံေပးပါ။ ဒီဆားရည္ နဲ႕ ဆံပင္ေပၚ ေလာင္းေပးၿပီး ဦးေရျပားကို (၅) မိနစ္ေလာက္ ႏွိပ္ေပးပါ။

ၿပီးရင္ေတာ့ ေခါင္းေလွ်ာ္ရည္ နဲ႕ ေလွ်ာ္ေပးပါ။ ေနာက္ဆုံးမွာ ေပ်ာ့ေဆးသုံးေပးပါ။ တစ္ပတ္ (၂) ႀကိမ္လုပ္ေပးပါ။

Han Nwe

Unicode

လူကြား သူကြားထဲမှာ ဗောက်ကြောင့် အဆက်မပြတ်ခေါင်းယားနေတာမျိုးတွေ၊ ခေါင်းပေါ်တို့ အကျႌပေါ် ဗောက်ဖက်ဖြူဖြူတွေတင်နေတာမျိုးတွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းသွားစေပါတယ်။ ကိုယ်ကိုယ်တိုင်လည်းနေရထိုင်ရတာ အဆင်မပြေစေတဲ့အပြင်ကိုမှ အလှအပရေးရာအတွက်ရော ကျန်းမာရေးရှုထောင့်ကပါကြည့်မယ်ဆိုရင် ဆိုးကျိူးတွေချည်းပဲရှိနေတတတ်တာကြောင့် ဗောက်ဆိုတဲ့အရာမျိုးက ဖြစ်ပြီဆိုတာနဲ့ ပျောက်ကင်းအောင်ကုသရမယ့်နည်းလမ်းတွေကို ရှာဖွေရတော့မှာပါပဲ။

ဒါဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ ဓာတ်တုပစ္စည်းမဟုတ်ဘဲ သဘာဝဆားကိုအသုံးပြုပြီး ဗောက်တွေကိုသေစေနိုင်တဲ့နည်းလမ်းကောင်းတချို့ရှိနေနိုင်တာကြောင့် အခုလိုပဲဖော်ပြပေးလိုက်ရပါတယ်နော်

(၁) ဆား နဲ့ သံလွင်ဆီ

ပါဝင်ပစ္စည်းများ – ပင်လယ်ဆား (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ သံလွင်ဆီ (စားပွဲတင်ဇွန်း ၁-၂ ဇွန်း )၊ သံပရိုရည် (စားပွဲတင်ဇွန်း ၁-၂ ဇွန်း ) ဇလုံထဲ ပါဝင်ပစ္စည်းတွေကို ရောပေါင်းပေးပါ။

ဆံပင်ကို ရေစွတ်ထားပြီး ရလာတဲ့အရောနဲ့ ဦးရေပြားပေါ် လိမ်းပေးပါ။ ဦးရေပြား တစ်ခုလုံး နှံ့အောင်လိမ်းပြီးပြီဆိုရင် နှိပ်နယ်ပေးပါ။

(၅) မိနစ်လောက်နှိပ်နယ်ပေးပြီးရင် ခေါင်းလျှော်ပေးပါ။ နောက်ဆုံးမှာ ပျော့ဆေးသုံးပေးပါ။ တစ်ပတ် (၂) ကြိမ်လုပ်ပေးပါ။

(၂) ဆား နဲ့ ခေါင်းလျှော်ရည်

ပါဝင်ပစ္စည်းများ – ဆား (စားပွဲတင်ဇွန်း တစ််ဝက်) ၊ ခေါင်းလျှော်ရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)

ခေါင်းလျှော်ရည်ထဲ ဆားးထည့်ပေးပြီး မွေပေးပါ။ ဆံပင်ကို ရေနွေးနဲ့ လောင်းပေးပြီး ဆားရောထားတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးပါ။ ဦးရေပြားကို နှိပ်နယ်ပေးပါ။

မိနစ် အနည်းငယ်လောက် နှိပ်နယ်ပေးပြီးရင်တော့ ရေအေးနဲ့ လောင်းပေးပါ။ နောက်ဆုံးမှာ ပျော့ဆေးသုံးပေးပါ။

(၃) ဆား

ပါဝင်ပစ္စည်းများ – ဆား (စားပွဲတင်ဇွန်း ၃ ဇွန်း) ၊ ရေ (၁ ခွက်)

ရေကို အိုးထဲထည့်ပြီး အပူပေးပါ။ ဆားထည့်ပြီး ပျော်ဝင်သွားအောင် မွေပေးပါ။ ဆားပျော်သွားရင် မီးပိတ်ပြီးအအေးခံပေးပါ။ ဒီဆားရည် နဲ့ ဆံပင်ပေါ် လောင်းပေးပြီး ဦးရေပြားကို (၅) မိနစ်လောက် နှိပ်ပေးပါ။

ပြီးရင်တော့ ခေါင်းလျှော်ရည် နဲ့ လျှော်ပေးပါ။ နောက်ဆုံးမှာ ပျော့ဆေးသုံးပေးပါ။ တစ်ပတ် (၂) ကြိမ်လုပ်ပေးပါ။

Han Nwe