ဘဝအတွက်ကြိုးစားရင်းနဲ့ တခါတလေမှာ ဝမ်းနည်းအားငယ်မှုတွေခံစားလာတဲ့အချိန်မျိုးနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အဲ့ဒီအချိန် အနားမှာ ကိုယ့်ကိုအားပေးမယ့်သူတစ်ယောက်မှမရှိလို့ အားငယ်စရာမလိုပါဘူး။ အဲ့ဒီလို အခြေအနေမျိုးကြုံလာတဲ့အခါ ဒီအချက်တွေကို သတိရလိုက်ပါ။

ကိုယ့်ကိုယ်ကိုအပြစ်တင်တာမျိုးမတွေးမိအောင်နေပါ

အဆင်မပြေမှုတွေကြုံလာတဲ့အခါ ၊တစ်ယောက်တည်း ဝမ်းနည်းနေရတဲ့အခါမှာ ဒါတွွေဟာ ငါ့ကြောင့်ဖြစ်လာတာ၊ ငါအတွေးတွေမှားသွားပြီလား၊ ငါအသုံးမကျလို့ ၊ အဲ့ဒီလိုမျိုးတွေ ကိုယ့်ကိုယ်ကိုအပြစ်တင်နေမိတတ်ပါတယ်။ ဒီလိုအတွေးတွေက ဖြစ်နေတဲ့စိတ်ခံစားချက်တွေကိုပိုဆိုးစေနိုင်လို့ အဲ့ဒီစိတ်မျိုးမဖြစ်လာအောင် ထိန်းထားပါ။ ကိုယ့်ကိုယ်ကိုအပြစ်တင်တဲ့အတွေးတွေတွေးမိလာရင် တခြားဘက်ကို အာရုံပြောင်းလိုက်ပါ။

ကိုယ်နေတဲ့ပတ်ဝန်းကျင်ကိုသာယာအောင်လုပ်ပါ

ကိုယ်နေတဲ့နေရာက ကျဉ်းကျဉ်းလေးဆိုရင်တောင်မှ အဲ့ဒီနေရာလေးကို သန့်သန့်ပြန့်ပြန့်လေးထားလိုက်ပါ။ နေတဲ့နေရာရှုပ်ပွနေရင် စိတ်ထဲကအဆင်မပြေမှုတွေကိုပိုဆိုးစေပါတယ်။ ဒါကြောင့် တစ်ယောက်တည်းအထီးကျန်ပြီး နေရတာအဆင်မပြေဖြစ်နေရင်၊ ဝမ်းနည်းအားငယ်နေရင် အိပ်ရာထဲမှာ ခွေမနေဘဲ အခန်းလေးကိုသန့်ရှင်းရေးလုပ်လိုက်ပါ။

ကိုယ်တကယ်နှစ်သက်တာကိုလုပ်ပါ

ကိုယ်ကရုံးဝန်ထမ်းတစ်ယောက်ဖြစ်နေလို့ တခြားကိုယ်ဝါသနာပါတာတွေလုပ်လို့မရဘူးဆိုတာမျိုး မရှိပါဘူး။ စိတ်ညစ်နေတဲ့အချိန်တွေမှာ ကိုယ်ဝါသနာပါတာလေးတွေကို လုပ်ကြည့်လိုက်ပါ။ စိတ်ညစ်နေတာတွေ၊ အားငယ်နေတာတွေ လျော့သွားပြီး အဆင်ပြေလာပါလိမ့်မယ်။

အကူအညီလိုတဲ့သူတွေကို ကူညီပေးပါ

တခြားသူတွေကို အကူအညီပေးလိုက်တဲ့အခါ ကိုယ်ဟာအစွမ်းအစရှိတဲ့သူလို့ ခံစားရပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကအကူအညီမဲ့သလိုခံစားနေရရင် ကိုယ့်ထက်ပိုပြီးလိုအပ်နေတဲ့သူတွေကို တတ်နိုင်သလောက် ကူညီပေးလိုက်ပါ။

ဘဝကအမြဲပျော်ဖို့မကောင်းနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုသတိပေးပါ

ပျော်စရာတွေနဲ့အဆင်ပြေတာတွေဆက်တိုက်ကြုံလာတဲ့အခါ အဆင်မပြေမှုတွေကိုမေ့နေတတ်ပါတယ်။ အဲ့ဒီလိုမေ့နေတဲ့အချိန်မှာ အဆင်မပြေတာတစ်ခုခုဖြစ်လာရင် ကိုယ့်ကိုယ်ကိုကံဆိုးလိုက်တာဆိုပြီး ထင်သွားပါတော့တယ်။ ဒီအချိန််မှာ ကိုယ့်ဘေးကနေတစ်ယောက်ယောက်ကမှ အားမပေးရင် ပြန်အဆင်မပြေနိုင်တော့ဘဲ ပြိုလဲသွားတတ်ပါတယ်။ ဒါကြောင့် ဘဝကအမြဲပျော်ဖို့မကောင်းနိုင်ဘူး၊ အမြဲအဆင်မပြေနေနိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုသတိပေးနေရမှာပါ။

written by PP