ဆေး ပညာအရ မျက်လုံး ကြွက်သားတွေကို အသုံးမပြုရင် အားနည်း လာပါတယ်။ မျက်လုံးကြွက်သားတွေ အားကောင်းလာဖို့ ဆိုရင် ဒီအချက်လေးတွေကို မမေ့ပါနဲ့နော် …..

(၁) မျက်လုံးကို တစ်နေကုန် အသုံးမပြုပါနဲ့။ 2 နာရီ၊ 3 နာရီကြာ အလုပ်လုပ်ပြီးရင် မိနစ်အနည်းငယ်ကြာ မျက်စိမှိတ်ပြီး အနားယူပါ …။

(၂) မျက်လုံး ကြွက်သားတွေ အားကောင်းဖို့အတွက် ဒီလေ့ကျင့်ခန်းလေးကို ပြုလုပ်ပေးလို့ရပါတယ်။ မြားလေးတွေ သွားရာကို လိုက်ကြည့်ပေးရမှာပါ။ အကွက်လေး16 ကွက်ကို အစဉ်အတိုင်း တစ်နေ့တစ်ခါ ကြည့်ပေးရင် ရပါတယ် နော် …။

(၃) သင်က မျက်မှန်တပ်သူ ဆိုရင် မျက်မှန်တပ်တဲ့ အချိန်တွေကို လျှော့ချလိုက်ပါ။ တတ်နိုင်သမျှ မျက်မှန် မတပ်ဘဲ နေပါ …။

(၄) ပုံမှာပါတဲ့ အစက်လေးတွေအတိုင်း လက်ညှိုးနဲ့ လက်ခလယ်ကို သုံးပြီး မျက်လုံးကို နှိပ်နယ်ပေးပါ။ မျက်စိညောင်းတာ သက်သာစေပါတယ် …။

(၅) သင် အပြင်ထွက်ပြီ ဆိုရင် အပင် စိမ်းစိမ်းစိုစိုလေးတွေကို မိနစ် အနည်းငယ်ကြာ ငေးကြည့်ပေးပါ …။

(၆) ခါကြက်ဥ ဖျော်ရည်ကို တတ်နိုင်သမျှ များများသောက်ပေးပါ။ နေ့တိုင်း သောက်နိုင်ရင် ပိုကောင်းပါတယ်။ ခါကြက်ဥ ဖျော်ရည်ထဲကို သံလွင်ဆီထည့်ရင် ပိုပြီး အာနိသင် ရှိပါတယ်။ အရသာ မပျောက်သွားပါဘူး …။

(၇) မျက်လုံးတွေက ညနေဘက်မှာ ကျိန်းစပ်လာပြီ ဆိုရင် နေ့စဉ်သုံးနေကျ မျက်စဉ်းဆေး အစား ရှားစောင်းလက်ပတ် အရည်ကို မျက်လုံးမှာ ခတ်ပေးပါ။ ဒါပေမယ့် ရှားစောင်း လတ်ပတ်ကို မသုံးခင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ် …။

(၈) မျက်လုံးတွေ ညောင်းလာပြီ ဆိုရင် ရေနွေးနဲ့ မျက်နှာသစ်ပေးပါ …။

(၉) အိပ်ယာ မဝင်ခင် 2 နာရီအလိုမှာ TV၊ ကွန်ပြူတာ၊ ဖုန်းမသုံးဘဲ နေကြည့်ပါ …။

(၁၀) မျက်လုံးအတွက် အိန္ဒိယ တရာတာကာ လေ့ကျင့်ခန်းကို ပြုလုပ်ပေး နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက မျက်လုံးစူးစိုက်အား ကောင်းစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ နေရာလွတ်တစ်ခုမှာ ဖယောင်းတိုင်လိုမျိုး အရာတစ်ခုကို ထားပြီး အာရုံစူးစိုက် ကြည့်ပါ။ မျက်တောင် မခတ်ရပါဘူးနော် …။

ဖယောင်းတိုင်ရဲ့ အသွင်သဏ္ဍာန်ကို မှတ်ဉာဏ်ထဲမှာ အသေးစိတ် မှတ်မိနေအောင် ကြည့်ရမှာပါ။ ပြီးတော့ မျက်လုံးကို ခဏလောက် မှိတ်လိုက်ပါ။ မျက်လုံးပြန်ဖွင့်ပြီး ဘာမှ မရှိတဲ့ နေရာလွတ်ကို စူးစိုက်ကြည့်ပါ။ ပြီးတော့ ဖယောင်းတိုင်ရဲ့ အသွင်သဏ္ဍာန်ကို မှတ်မိသလောက် ပုံဖော်ကြည့်ပါ။ ဒီလေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်က မျက်စိအာရုံ ကြည်လင်သွားစေဖို့ ပဲ ဖြစ်ပါ တယ် …။

Zombie(Loveအတိုအစလေးများ)