ေဆး ႐ုံတက္ေရာက္ကုသေနရေသာ ေဗလုဝထံသို႔ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ႏွင့္အဖြဲ႕ သြားေရာက္ကာ အားေပးစကားေျပာၾကားခဲ့ၿပီး ၂၀၂၀အတြက္ အားေမြးထားရန္ေျပာၾကား

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး၊ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ေကာ္မတီဝင္-၉ ဦးစိန္အုံး၊ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဥကၠဌ ဦးအာကာေအာင္ ၊ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအဖြဲ႕ဝင္-၁ ဦးေဇာေက်ာ္ေအာင္တို႔မွေဆး႐ုံ တက္ေရာက္ကုသေနရေသာ ဟာသသ႐ုပ္ေဆာင္ လူရႊင္ေတာ္ ေဗလုဝထံ က်န္းမာေရးတိုးတက္ေကာင္းမြန္လာမႈ႔အေပၚ သြားေရာက္ၾကည့္ရႈ႔အားေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေကာ္မတီဝင္-၉ ဦးစိန္အုံးမွ၂၀၂၀အတြက္ အားေမြးထားရန္ အားေပးစကားေျပာၾကားရာတြင္ ဦးေဗလုဝမွ ရယ္ေမာေပ်ာ္ရႊင္စြာျဖင့္ ျပန္လည္ႏႈတ္ဆက္ခဲ့ေၾကာင္း ႏွင့္ လက္ရွိတြင္ က်န္ူမာေရးအေျခအေနမွာ အနည္းငယ္ ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ေၾကာင္း သိရသည္ ။ကိုေဇာေက်ာ္ေအာင္

Unicode

ဆေး ရုံတက်ရောက်ကုသနေရသော ဗေလုဝထံသို့ ရန်ကုန်မြို့တော်ဝန်နှင့်အဖွဲ့ သွားရောက်ကာ အားပေးစကားပြောကြားခဲ့ပြီး ၂၀၂ဝအတွက် အားမွေးထားရန်ပြောကြား

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌမြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်-၉ ဦးစိန်အုံး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးအာကာအောင် ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်-၁ ဦးဇောကျော်အောင်တို့မှဆေးရုံ တက်ရောက်ကုသနေရသော ဟာသသရုပ်ဆောင် လူရွှင်တော် ဗေလုဝထံ ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု့အပေါ် သွားရောက်ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကော်မတီဝင်-၉ ဦးစိန်အုံးမှ၂၀၂ဝအတွက် အားမွေးထားရန် အားပေးစကားပြောကြားရာတွင် ဦးဗေလုဝမှ ရယ်မောပျော်ရွှင်စွာဖြင့် ပြန်လည်နှုတ်ဆက်ခဲ့ကြောင်း နှင့် လက်ရှိတွင် ကျန်ူမာရေးအခြေအနေမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည် ။ကိုဇောကျော်အောင်