လိုင် ချီးပင်ဟာ အပူပိုင်းဒေသမှာ ပေါက်တဲ့အပင်ပါ…စတင်ပေါက်ရောက်ရာအရပ်ကတော့ တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်နဲ့ ဖူကျန့်ပြည်နယ်ကပါ…..တရုတ်နိုင်ငံဟာ လိုင်ချီး အဓိက စိုက်ပျိုးထုတ်လုပ်ရာ နိုင်ငံ ဖြစ်ပြီး အိန္ဒိယနဲ့ အရှေ့တောင်အာရှ၊ အိန္ဒိယတိုက်ငယ်နဲ့ တောင်အာဖရိကရှိ နိုင်ငံတွေမှာလည်း စိုက်ပျိုးထုတ်လုပ်ကြပါတယ်….

အသီးရဲ့အပြင်ပိုင်းမှာ ပန်းရောင် နှင့် အနီရောင် စပ်ကြား ဖြစ်ပြီး အခွံမှာ စားလို့မရဘဲ အတွင်းပိုင်းရှိ အသားကို အချိုပွဲများစွာတွင် ထည့်သွင်း စားသုံးကြပါတယ်…. အရည်ရွှမ်းပြီး ချိုမြမြအရသာ ရှိတာကြောင့် လူကြိုက်များတဲ့ အသီးဖြစ်ပါတယ်…….ဒါပေမဲ့ လိုင်ချီးသီးဟာ ကြီးမားတဲ့ အစေ့ပါဝင်နေတာကြောင့် စားတဲ့အခါမှာ အစေ့ကို ထွေးထုတ်ပစ်နေရတာ တစ်ဒုက္ခဖြစ်နေပါတယ်..ဒါကြောင့် အစေ့မပါတဲ့ လိုင်ချီးသီးကို စားရရင်သိပ်ကောင်းမယ်ဆိုပြီး လူတွေက တွေးနေကြတာပါ….

ခုတော့ ဒီလို စိတ်ကူးထဲက အစေ့မပါတဲ့ လိုင်ချီးသီးကို Australia နိုင်ငံက အသက် ၆၀ အရွယ်ရှိတဲ့ Tibby Dixon လို့ ခေါ်ဆိုတဲ့ လယ်သမားကြီးက ဖန်တီးစိုက်ပျိုးနိုင်ခဲ့ပါပြီ…… ဒီလို ဖန်တီးနိုင်ဖို့ သူဟာ ၁၉ နှစ်ကြာ အချိန်ယူပြီး ကြိုးစားခဲ့ရတာပါ…

တရုတ်ပြည်က လိုင်ချီးမျိုးစိတ်တွေကို ဝယ်ယူပြီးတော့ ဝတ်မှုန်ကူးတဲ့နည်းနဲ့ လိုင်ချီးစေ့ကို သေးငယ်အောင် လုပ်ဆောင်လာရာကနေ နောက်ဆုံးမှာတော့ အစေ့မပါတော့တဲ့ လိုင်ချီးသီးကို ဖန်တီးစိုက်ပျိုးနိုင်ခဲ့ပါတယ်…. အရသာကလည်း သာမန်လိုင်ချီးသီးထက် ပိုကောင်းတယ်လို့ ဆိုပါတယ်…

သူ့အသက် ၄၀ ကနေ စတင်ကြိုးစားလာခဲ့ပြီးတော့ အခု အသက် ၆၀ နီးပါးမှာတော့ အစေ့မပါတဲ့ လိုင်ချီးကို စိုက်ပျိုးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်….
ကဲ…ပရိသတ်ကြီးတို့ရေ မကြာမီမှာ လိုင်ချီးသီးစားတဲ့အခါ အရင်လို အစေ့အကြီးကြီးတွေကို လုံးဝတွေ့ရတော့မှာ မဟုတ်ဘူးထင်ပါတယ်နော်…

Writer – HW (Shwe Yaung Lan)
Source : Camilleri’s Farm Market