မိ တ္ေဆြတစ္ေယာက္က ပဲပင္ေပါက္လုပ္ငန္း လုပ္ဖို႔အႀကံေတာင္းတဲ့အခါ လုပ္နည္းစနစ္ေလးေတြ ေျပာျပျဖစ္တယ္ေပါ့။ ေနာက္ရက္အနည္းငယ္ၾကာေတာ့ သူကဖုန္းဆက္တယ္ ” ကိုၾကမ္းေရ ” ပဲပင္ေပါက္လုပ္တဲ့နည္းမွာ ေဆးသုံးၾကတယ္ဗ်။ အဲ့ဒိေဆးသုံးရင္ ပဲပင္ေပါက္အျမစ္ေတြ မပါသေလာက္ကို တိုတယ္ အဲ့ေဆးအမည္သိလား”ကိုၾကမ္း”

ဟာ ငါသိတဲ့နည္းက ေပါက္လာတဲ့ အပင္ေတြကို အျမစ္ကေနဓားနဲ႔ျဖတ္ ေရာင္းတာပဲသိတာ အျမစ္တိုေဆးသုံးတာ မသိသလို အဲ့ေဆးအမည္လည္း မသိဘူးဟ စုံစမ္းၾကည့္အုံးမယ္။ ငါျပန္ေျပာမယ္ ခဏေတာ့ေစာင့္ ။

အဲ့ဒိအေျဖေပးၿပီး မွတ္ဉာဏ္ထဲ သိမ္းဆည္းထားတဲ့ ပဲပင္ေပါက္ လုပ္ငန္းလုပ္ေနတဲ့ မိတ္ေဆြေတြကို လိုက္စုံစမ္းေတာ့ အေျဖက * ဟုတ္တယ္ဗ် ကိုလူၾကမ္းရ အျမစ္တိုေဆး သုံးၾကတယ္။ ဒါတင္မကဘူးဗ် အခ်ိဳ႕ေတြက ခြၽတ္ေဆးေတြပါ သုံးၾကေသးတယ္။

** ဟာ ခင္ဗ်ားဟာ ေနာက္ေဆးတစ္မ်ိဳးေတာင္ တိုးလာပါလား

သိသေလာက္ေလး ရွင္းျပပါအုံး။

ဘာျဖစ္လို႔သုံးၾကတာလည္း ?

ဘာေတြထူးျခားလို႔ သုံးတာလည္း ?

* ကြၽန္ေတာ္လည္း ေသခ်ာေတာ့ မသိဘူးဗ်

အျမစ္တိုေဆးသုံးတာက တိုေနတဲ့အျမစ္ေလးပါ ခ်က္စားလို႔ရသလို အျမင္လည္းေကာင္းတာ ပါမယ္ဗ်။

ေနာက္တစ္ခ်က္က ေဖာက္ၿပီးေရာင္းတဲ့အခါ အျမစ္ပါထည့္ေပးလိုက္ေတာ့ ေရရွည္ခံတယ္ေလ။

ခြၽတ္ေဆးသုံးတာကေတာ့ ပဲပင္ေပါက္ေတြက ရက္ၾကာတဲ့အခါ အေရာင္ေျပာင္းၿပီး ေဈးကြက္မွာမလွေတာ့ အေရာင္ျဖဴေအာင္ ခြၽတ္ေဆးသုံးၾကတာ ျဖစ္ႏိုင္တယ္ဗ်။

* * အဲ့ဒိအျမစ္တိုေဆးဆိုတာ

ဘယ္ကထုတ္တာလည္း ?

သူ႔စြမ္းအားဘယ္ေလာက္ရွိလည္း ?

ဓာတ္ႂကြင္းအာနိသင္ကာလ ?

အဲ့ဒါေလးေတြ သိလားဗ် သိသေလာက္ေလး ေျပာျပပါလား ?

* ထိုင္းစာေတြနဲ႔မို႔ ထိုင္းကထုတ္တာေတာ့ သိတယ္ ဒီေလာက္ပဲ က်န္တာေတြကေတာ့ ပဲတပိသာေဖာက္ရင္ ဒီေဆးကိုဒီေလာက္ထည့္ရတယ္ဆိုတဲ့ တစ္ဆင့္စကား တစ္ဆင့္နားၾကားၿပီး လုပ္ေနၾကတာ။

ေဈးကြက္ကလည္း လက္ခံ စားသုံးသူကလည္း ႏွစ္သက္ေနေလေတာ့ အမွားၾကာ အမွန္ျဖစ္ထုံးစံအတိုင္းပဲေပါ့ ကိုလူၾကမ္းေရ။

* * အဲ့ဒိတိုေဆးဗူးပုံေလး ပို႔ေပးပါလား ?

* ဗူးႀကီးဝယ္မသုံးတာၾကာၿပီ တခါသုံး (တခါသုံး အုန္းဆီဗူးလို)ဗူးေလးေတြပဲ သုံးေနၾကေတာ့တယ္။

အဲ့ဒါနဲ႔ပဲ ကိုယ္နဲ႔အနီးဆုံးျဖစ္တဲ့ ေထာက္ၾကန႔္ေဈးထဲသြား တိုေဆး အေၾကာင္း စနည္းနာၾကည့္ေတာ့

” အံမယ္ ဟုတ္သားလား

ပဲပင္ေပါက္ေလးေတြ အျမစ္ေငါက္ေတာက္ေလးေတြနဲ႔ ကိုယ့္ထက္ေတာင္ တိုေနေသး။

(ကြၽန္ေတာ္အရပ္က တိုတယ္ ပုတယ္ ေျပာတာပါ )

တပိသာ တျခင္းကို

လက္လီေဈး တစ္ေထာင္က်ပ္။

ေဖာက္သည္ေဈး ကိုးရာက်ပ္။

ကိုယ္ကသြင္းမယ္ဆို ရွစ္ရာက်ပ္။

* အစ္ကို ေဖာက္မယ္ဆို ဒီပုံစံအတိုင္းေနာ္ အျမစ္တိုရမယ္ အေရာင္ျဖဴရမယ္။

** ဟာ ေအးပါကြာ ခုတစ္ျခင္းေပး ေရာ့ တစ္ေထာင္။

ကဲ ပဲပင္ေပါက္ေတာ့ရၿပီ

(တိုေဆးသုံးထားတဲ့ ပဲပင္ေပါက္ေလး ခြၽတ္ေဆးပါ မပါေတာ့ မျမင္ရေတာ့ မသိ)

သူနဲ႔ လိုက္ဖက္တာက ” ပဲျပား ”

ကဲ ပဲျပားေလးပါထည့္

(ပဲျပားကေရာ ေဖာ္မလင္ သုံးလား မသုံးလား ေသခ်ာမျမင္ရေလေတာ့)

ကဲ လိုက္ဖက္ညီေသာ ဟင္းတစ္ပြဲ

” အာဂပါးစပ္ လူျဖစ္က်ိဳးနပ္ပဟဲ့ ” စာသားအတိုင္း ခုခ်က္ျခင္းေတာ့ မေသႏိုင္ပါဘူးကြာ ေသေန႔ေစ့ေသရမေပါ့ ဆိုေသာ လူတိုင္းေတြးတဲ့အေတြးကို ကြၽန္ေတာ္ လူၾကမ္းရင္ဝယ္ပိုက္လို႔ ဆီ႐ႊဲ႐ႊဲေလးနဲ႔ ေၾကာ္စားလိုက္ပါေတာ့ သတည္း။

မၿပီးေသးဘူးဗ် က်န္ေသးတယ္

ထမင္းဝိုင္းမွာေလ ပဲပင္ေပါက္ပဲျပားေၾကာ္ေလးကို ထမင္းနဲ႔ေရာနယ္ တလုပ္စားလိုက္ေျပာလိုက္ စားလိုက္ ေျပာလိုက္

* ဒီမွာ တို႔စားေနတဲ့ ပဲပင္ေပါက္ကို အစိမ္းအတိုင္းလက္နဲ႔ျဖစ္ၾကည့္လိုက္စမ္း

အထဲမွာ အေခါင္းေပါက္ႀကီးဟ သူတို႔သုံးတဲ့ အျမစ္တိုေဆးက အဲ့အေခါင္းထဲ ဝင္ေနမွာက်ိမ္းေသပဲ။

ေနာက္ၿပီး ပဲေစ့ကေန ပဲပင္ေပါက္ျဖစ္ဖို႔ ကာလက သုံးရက္ ေဟာအခုတို႔ေတြ စားေနၿပီ ဓာတုေဆးေတြရဲ႕ ဓာတ္ႂကြင္းက ဒီေလာက္ရက္တိုတိုေလးနဲ႔ေတာ့ မကုန္ႏိုင္တာ က်ိမ္းေသတယ္။ ဘယ္လိုလည္း အရသာရွိရဲ႕လား ?

(ငါ့ကိုတစြန္းေလာက္ထည့္ပါအုံးဟ)

ပဲျပားလည္းၾကည့္အုံး

အသားကပြပြႀကီး ေဖာ္မလင္ သုံးထားတဲ့ဟာဆို အဲ့ဒိအတြင္းသားထဲ ရွိေနအုံးမွာဟ ဘယ္ႏွယ့္ စားလို႔ေကာင္းလား ေအး စားၾက စားၾက

ေဆးသုံးရမဲ့ အခ်ိဳးအစားမသိ

(သူမ်ားေျပာ ရမ္းထည့္)

ေဆးေတြရဲ႕ အက်ိဳးအပစ္ေတြမသိ

(သူမ်ားေျပာ မွန္းထည့္)

စီးပြားေရးကလည္း တြက္ေခ်ကိုက္

(ဝယ္သူကလည္းႀကိဳက္တာကိုး)

ကဲ ဘာမ်ားေျပာျခင္ၾကေသးလည္းဗ် ေျပာစရာရွိရင္ ေျပာသြားၾကဗ်ာ

Crd Lu Gyan Gyi

9-9-2019

Share this:

Unicode

ကြောက်စရာကောင်းပါတယ် ပဲပင်ပေါက်စားသူတိုင်းသိဖို့ မျှဝေပေးပါ.. (အမြစ်လည်းတို အသက်လည်းတို)

မိတ်ဆွေတစ်ယောက်က ပဲပင်ပေါက်လုပ်ငန်း လုပ်ဖို့အကြံတောင်းတဲ့အခါ လုပ်နည်းစနစ်လေးတွေ ပြောပြဖြစ်တယ်ပေါ့။ နောက်ရက်အနည်းငယ်ကြာတော့ သူကဖုန်းဆက်တယ် ” ကိုကြမ်းရေ ” ပဲပင်ပေါက်လုပ်တဲ့နည်းမှာ ဆေးသုံးကြတယ်ဗျ။ အဲ့ဒိဆေးသုံးရင် ပဲပင်ပေါက်အမြစ်တွေ မပါသလောက်ကို တိုတယ် အဲ့ဆေးအမည်သိလား”ကိုကြမ်း”

ဟာ ငါသိတဲ့နည်းက ပေါက်လာတဲ့ အပင်တွေကို အမြစ်ကနေဓားနဲ့ဖြတ် ရောင်းတာပဲသိတာ အမြစ်တိုဆေးသုံးတာ မသိသလို အဲ့ဆေးအမည်လည်း မသိဘူးဟ စုံစမ်းကြည့်အုံးမယ်။ ငါပြန်ပြောမယ် ခဏတော့စောင့် ။

အဲ့ဒိအဖြေပေးပြီး မှတ်ဉာဏ်ထဲ သိမ်းဆည်းထားတဲ့ ပဲပင်ပေါက် လုပ်ငန်းလုပ်နေတဲ့ မိတ်ဆွေတွေကို လိုက်စုံစမ်းတော့ အဖြေက * ဟုတ်တယ်ဗျ ကိုလူကြမ်းရ အမြစ်တိုဆေး သုံးကြတယ်။ ဒါတင်မကဘူးဗျ အချို့တွေက ချွတ်ဆေးတွေပါ သုံးကြသေးတယ်။

** ဟာ ခင်ဗျားဟာ နောက်ဆေးတစ်မျိုးတောင် တိုးလာပါလား

သိသလောက်လေး ရှင်းပြပါအုံး။

ဘာဖြစ်လို့သုံးကြတာလည်း ?

ဘာတွေထူးခြားလို့ သုံးတာလည်း ?

* ကျွန်တော်လည်း သေချာတော့ မသိဘူးဗျ

အမြစ်တိုဆေးသုံးတာက တိုနေတဲ့အမြစ်လေးပါ ချက်စားလို့ရသလို အမြင်လည်းကောင်းတာ ပါမယ်ဗျ။

နောက်တစ်ချက်က ဖောက်ပြီးရောင်းတဲ့အခါ အမြစ်ပါထည့်ပေးလိုက်တော့ ရေရှည်ခံတယ်လေ။

ချွတ်ဆေးသုံးတာကတော့ ပဲပင်ပေါက်တွေက ရက်ကြာတဲ့အခါ အရောင်ပြောင်းပြီး ဈေးကွက်မှာမလှတော့ အရောင်ဖြူအောင် ချွတ်ဆေးသုံးကြတာ ဖြစ်နိုင်တယ်ဗျ။

* * အဲ့ဒိအမြစ်တိုဆေးဆိုတာ

ဘယ်ကထုတ်တာလည်း ?

သူ့စွမ်းအားဘယ်လောက်ရှိလည်း ?

ဓာတ်ကြွင်းအာနိသင်ကာလ ?

အဲ့ဒါလေးတွေ သိလားဗျ သိသလောက်လေး ပြောပြပါလား ?

* ထိုင်းစာတွေနဲ့မို့ ထိုင်းကထုတ်တာတော့ သိတယ် ဒီလောက်ပဲ ကျန်တာတွေကတော့ ပဲတပိသာဖောက်ရင် ဒီဆေးကိုဒီလောက်ထည့်ရတယ်ဆိုတဲ့ တစ်ဆင့်စကား တစ်ဆင့်နားကြားပြီး လုပ်နေကြတာ။

ဈေးကွက်ကလည်း လက်ခံ စားသုံးသူကလည်း နှစ်သက်နေလေတော့ အမှားကြာ အမှန်ဖြစ်ထုံးစံအတိုင်းပဲပေါ့ ကိုလူကြမ်းရေ။

* * အဲ့ဒိတိုဆေးဗူးပုံလေး ပို့ပေးပါလား ?

* ဗူးကြီးဝယ်မသုံးတာကြာပြီ တခါသုံး (တခါသုံး အုန်းဆီဗူးလို)ဗူးလေးတွေပဲ သုံးနေကြတော့တယ်။

အဲ့ဒါနဲ့ပဲ ကိုယ်နဲ့အနီးဆုံးဖြစ်တဲ့ ထောက်ကြန့်ဈေးထဲသွား တိုဆေး အကြောင်း စနည်းနာကြည့်တော့

” အံမယ် ဟုတ်သားလား

ပဲပင်ပေါက်လေးတွေ အမြစ်ငေါက်တောက်လေးတွေနဲ့ ကိုယ့်ထက်တောင် တိုနေသေး။

(ကျွန်တော်အရပ်က တိုတယ် ပုတယ် ပြောတာပါ )

တပိသာ တခြင်းကို

လက်လီဈေး တစ်ထောင်ကျပ်။

ဖောက်သည်ဈေး ကိုးရာကျပ်။

ကိုယ်ကသွင်းမယ်ဆို ရှစ်ရာကျပ်။

* အစ်ကို ဖောက်မယ်ဆို ဒီပုံစံအတိုင်းနော် အမြစ်တိုရမယ် အရောင်ဖြူရမယ်။

** ဟာ အေးပါကွာ ခုတစ်ခြင်းပေး ရော့ တစ်ထောင်။

ကဲ ပဲပင်ပေါက်တော့ရပြီ

(တိုဆေးသုံးထားတဲ့ ပဲပင်ပေါက်လေး ချွတ်ဆေးပါ မပါတော့ မမြင်ရတော့ မသိ)

သူနဲ့ လိုက်ဖက်တာက ” ပဲပြား ”

ကဲ ပဲပြားလေးပါထည့်

(ပဲပြားကရော ဖော်မလင် သုံးလား မသုံးလား သေချာမမြင်ရလေတော့)

ကဲ လိုက်ဖက်ညီသော ဟင်းတစ်ပွဲ

” အာဂပါးစပ် လူဖြစ်ကျိုးနပ်ပဟဲ့ ” စာသားအတိုင်း ခုချက်ခြင်းတော့ မသေနိုင်ပါဘူးကွာ သေနေ့စေ့သေရမပေါ့ ဆိုသော လူတိုင်းတွေးတဲ့အတွေးကို ကျွန်တော် လူကြမ်းရင်ဝယ်ပိုက်လို့ ဆီရွှဲရွှဲလေးနဲ့ ကြော်စားလိုက်ပါတော့ သတည်း။

မပြီးသေးဘူးဗျ ကျန်သေးတယ်

ထမင်းဝိုင်းမှာလေ ပဲပင်ပေါက်ပဲပြားကြော်လေးကို ထမင်းနဲ့ရောနယ် တလုပ်စားလိုက်ပြောလိုက် စားလိုက် ပြောလိုက်

* ဒီမှာ တို့စားနေတဲ့ ပဲပင်ပေါက်ကို အစိမ်းအတိုင်းလက်နဲ့ဖြစ်ကြည့်လိုက်စမ်း

အထဲမှာ အခေါင်းပေါက်ကြီးဟ သူတို့သုံးတဲ့ အမြစ်တိုဆေးက အဲ့အခေါင်းထဲ ဝင်နေမှာကျိမ်းသေပဲ။

နောက်ပြီး ပဲစေ့ကနေ ပဲပင်ပေါက်ဖြစ်ဖို့ ကာလက သုံးရက် ဟောအခုတို့တွေ စားနေပြီ ဓာတုဆေးတွေရဲ့ ဓာတ်ကြွင်းက ဒီလောက်ရက်တိုတိုလေးနဲ့တော့ မကုန်နိုင်တာ ကျိမ်းသေတယ်။ ဘယ်လိုလည်း အရသာရှိရဲ့လား ?

(ငါ့ကိုတစွန်းလောက်ထည့်ပါအုံးဟ)

ပဲပြားလည်းကြည့်အုံး

အသားကပွပွကြီး ဖော်မလင် သုံးထားတဲ့ဟာဆို အဲ့ဒိအတွင်းသားထဲ ရှိနေအုံးမှာဟ ဘယ်နှယ့် စားလို့ကောင်းလား အေး စားကြ စားကြ

ဆေးသုံးရမဲ့ အချိုးအစားမသိ

(သူများပြော ရမ်းထည့်)

ဆေးတွေရဲ့ အကျိုးအပစ်တွေမသိ

(သူများပြော မှန်းထည့်)

စီးပွားရေးကလည်း တွက်ချေကိုက်

(ဝယ်သူကလည်းကြိုက်တာကိုး)

ကဲ ဘာများပြောခြင်ကြသေးလည်းဗျ ပြောစရာရှိရင် ပြောသွားကြဗျာ

Crd Lu Gyan Gyi