


Source : G-Fatt

UNICODE

ပရိသတ်ကြီးရေ G-Fattကတော့ တစ်နိုင်ငံလုံးကပရိသတ်တွေ အားပေးဝန်းရံခြင်းခံရတဲ့ Hip Hop အဆိုတော်တစ်ဦးဆိုတာ အမှန်ပါပဲနော်။ မိန်းကလေးပရိသတ်တွေဝန်းရံအားပေးခြင်းကိုခံရရုံသာမက ယောကျာ်းလေးပရိသတ်တွေကလည်း သူ့ရဲ့ထိမိနေတဲ့စာသားတွေ Flow တွေကို အသေကြွေကြတယ်လို့ ပြောရမှာပါ။ အခုလက်ရှိမှာတော့ ယောကျာ်းလေးမိန်းကလေးပရိသတ်တွေသာမက မူလတန်းကလေး အရွယ်တွေကပါ အားပေးဝန်းရံခြင်းခံရတဲ့ သူတစ်ယောက်လို့ဆိုရမှာပါ။

သူ့ရဲ့အချစ်ရေးကတော့ နိုင်ငံကျော်မင်းသမီးလေး တစ်ဦးဖြစ်တဲ့ ရှမ်းတရုတ်ကပြားမလေးနန်းဆုရတီစိုးနဲ့ ချစ်ကြိုက်ခဲ့ပြီးနှစ်ဦးသဘောတူလမ်းခွဲ ပြတ်စဲကာ Singleအဖြစ်နဲ့ အနုပညာအလုပ်တွေကိုအားစိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ တစ်ချို့ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ပြတ်စဲမှုအတွက် ဝမ်းနည်းနေကြတယ်လို့ဆိုရမှာပါ။

လတ်တလောမှာတော့ G-fattတစ်ယောက် ” Awesome Live with BlackPink in Jakarta ” ဆိုတဲ့ စာသားလေးနဲ့အတူ ပွဲတက်ပုံရိပ်လေးကို တင်ခဲ့တာပဲ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကိုရောက်ရှိနေတာဖြစ်ပြီး ကမ္ဘာကျော် ကိုရီးယားအဆိုတော်အဖွဲ့ BlackPink နဲ့တွေ့ရှိမှာကိုလည်း သူ့ရဲ့ပရိသတ်တွေကိုအသိပေးခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အချစ်တော်ပရိသတ်တွေကလည်း သူတို့ရဲ့ Idol အတွက် ဂုဏ်ယူနေကြတဲ့မှတ်ချက်တွေပေးနေကြတာပါနော်။ပရိသတ်ကြီးလည်း G-Fatt အတွက် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။

Source : G-Fatt
Candy -CeleConnections