ဆီ ပန့်( ဂေါက် ) ကို ကစားပြီး ဆီခိုးလို့ရလား…”မရ ဘူးလား ဆိုတာကို ဒီနေ့မှာတော့ Sweet Love စာဖတ်သူတို့ကို ဖော်ပြပေးခြင်ပါတယ်နော်

တကယ်တော့ ဆီပန့်(ဂေါက်) ကို ညှစ်လိုက် လွှတ်လိုက် လုပ်ပြီး ဆီခိုးလို့ မရပါဘူး…။ဆီဂေါက်ကို ကစားပြီး ဆီခိုးတယ်လို့ အထင်မှားနေတာတွေ ကို နည်းနည်းလေး ရှင်းပြပေးမှာဖြစ်ပါတယ်

Sweet Love စာဖတ်သူတို့ရဲ့ ကားတွေ ဆိုင်ကယ်တွေ ဆီဖြည့်တဲ့ အခါ ဆီပန့်ကို 1,2,3 ဆိုတဲ့ အမြန်နှုန်း ( speed) သုံးမျိုးမှာ ပန့်ကိုင်ဝန်ထမ်းတွေက အဆင်ပြေရာ တစ်မျိုးနဲ့ ဖြည့်ပေးကြတာဖြစ်ပါတယ်

ဒီလို ဖြည့်တဲ့နေရာမှာ Speed 3 နဲ့ ဖြည့်ရင် အမြန်ဆုံး ဆီပြည့်သွားမှာ ဖြစ်ပေမယ့် အောက်တိန်း 92 နဲ့ 95 တွေ ဖြည့်တဲ့ အခါဆီငွေ့က အပေါ်ကို အရင်ကန်တက်လာပြီး ပန့်ရဲ့ ထိပ်ဝ ကိုလာရိုက်တဲ့ အခါ အော်တို ဆင်ဆာ စနစ်အရ ပန့်က ဆီဖြတ်လိုက်ပါတော့တယ်

အဲဒီတော့ ပန့်ကိုင်ဝန်ထမ်းတွေက ဆီပြန်ထွက်လာအောင် ကလစ်ကို ပြန်ညှစ်ပေးရတာ မျိုးလုပ်ပေး ရပါတယ်။ ဒီလိုလုပ်တာကို အချို့သူတွေက ဆီခိုးတယ်လို့ ထင်နေကြတာပဲ ဖြစ်ပါတယ်

အမှန်က ပန့်ကို ညှစ်လိုက်၊ လွှတ်လိုက်လုပ်နေတာဟာ အထက်မှာ ပြောထားတဲ့ အတိုင်း ဆီဖြည့်စဉ် ချောမွေ့မှု ရှိအောင် ပန့်ကိုင်ဝန်ထမ်းတွေက စောင့်ကြည့်ထိန်းညှိုပြီး ဝန်ဆောင်မှု ပေးနေတာပဲ ဖြစ်ပါတယ်။

ဟုတ်ကဲ့ ဒါဆိုရင် “ပန့်ကို လွှတ်ထားရင် ဘာဖြစ်မလဲ…” လို့မေးစရာရှိလာပါတယ်…အကယ်၍ ပန့်ကို လွှတ်ထားခဲ့မယ် ဆိုရင် ဆီငွေ့က ပန့်ခေါင်းကို လာရိုက်ပြီး ဆီဖြတ်လိုက်တာမျိုး၊ ပန့်က ပြုတ်ထွက်ပြီး ဆီတွေလျှံကုန်တာမျိုး ဖြစ်နိုင်လို့ အရမ်း အန္တရာယ် များပါတယ်။

ဒါ့ကြောင့် ပန့်ကို လွှတ်ထားဖို့တော့ လုံခြုံရေး Safety အရ ဘယ်လိုမှ မဖြစ်သင့်ပါဘူး ခင်ဗျာ။ဒါ့ကြောင့် “ဆီပန့်ကစား ပြီး ဆီခိုးနိုင်လား…”ဆိုတာကို အထက်မှာ ရှင်းပြခဲ့တာကိုထောက်ပြီး မခိုးနိုင်ပါဘူးလို့ပဲ ဖြေပါရစေ

တကယ်တော့ ဆီပန့်ရှိတဲ့ နေရာ နဲ့ မီတာ ၃၀၀ လောက် အကွာမှာ ဆီလွှတ်ခြင်း၊ဖြတ်ခြင်းကိုထိန်းချုပ်ထားတဲ့ Control Penal ဆိုတာရှိပါတယ်။ အဲဒီကနေ ဆီရောင်းချတဲ့ ပမာဏ ကိုထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

ဥပမာ ဆီ ၁၀,၀၀၀ ကျပ်ဖို့ စက်မှာ ရိုက်ထားရင် Control Penal က ဆီ၁၀,၀၀၀ ကျပ်ဖိုးပြည့်တဲ့ အထိ ဆီကို လွှတ်ပေးနေမှာ ဖြစ်ပါတယ်။ ပန့်ကိုင် ကဘာမှ ထိန်းချုပ်လို့ မရပါဘူးလို့ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ…

Sweet Love စာဖတ်သူတို့ရေ ဒီစာလေးကို ဖတ်ပြီးသွားပြီဆိုရင် “အန္တရာယ် ကင်းစေဖို့အတွက်” ပန့်ကိုင်ဝန်ထမ်းလေး တွေကို ပန့်ကို လွှတ်ထားဖို့ မတောင်းဆိုဖို့ အမျိုးတို့ကို မေတ္တာရပ်ခံပါရစေနော်။

Source -Yangon Petrol The Energy Of Yangon