ပြုံးခြင်းသည်မဂ်လာတစ်ပါးပါ။ အပြုံးလေးတစ်ချက်က စိတ်လက်ပေါ့ပါးစေပြီး၊ ကိုယ်ကိုယ်တိုင်ကိုရော မြင်တွေ့ရတဲ့သူကိုပါ စိတ်ကြည်လင်စေပါတယ်။ အခက်အခဲတွေရှိနေပါသလား.. ပြုံးပါ။ စိတ်ညစ်နေပါသလား.. ပြုံးပါ။ စိတ်ဓာတ်ကျနေပါသလား.. ပြုံးပါ။ ဘာပဲဖြစ်ဖြစ်…ပြုံးပါ။ အပြုံးလေးတစ်ချက်က ဒီိလိုအစွမ်းတွေရှိပါတယ်။
ဆွဲဆောင်မှုရှိစေတယ်
ပြုံးလိုက်တဲ့အခါကိုယ့်မှာရှိတဲ့အလှအပတွေက ပိုမိုထင်ရှားလာပြီး ကိုယ်ရောင်ကိုယ်ဝါလည်းတောက်ပလာပါတယ်။ အပြုံးချိုချိုမျက်နှာလေးက လူတွေရဲ့စိတ်အာရုံကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ အလုပ်အတွက်အင်တာဗျူးသွားဖြေတဲ့အခါ၊ လူအများရှေ့ထွက်ပြီးစကားပြောတဲ့အခါတွေမှာ အတတ်နိုင်ဆုံးပြုံးပြုံးလေးနေသင့်ပါတယ်။
စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေတယ်
မျက်နှာတည်ထားတာ၊ စူပုတ်နေတာက မျက်နှာပေါ်ကအကြောတွေကိုတင်းစေပြီး ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေကိုတောင်ဖြစ်စေနိုင်ပါတယ်။ ပြုံးတာက မျက်နှာပေါ်ကတင်းမာမှုတွေကိုပြေလျော့စေပြီး စိတ်ပင်ပန်းမှုတွေကိုလည်း ပြေပျောက်စေပါတယ်။
နှလုံးကျန်းမာရေးကောင်းစေတယ်
ပြုံးခြင်း၊ရယ်မောခြင်းကြောင့် စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းတွေထွက်လာပြီး ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေပါတယ်။ အဲ့ဒါက သွေးလည်ပတ်စီးဆင်းမှုကိုချောမွေ့စေကာ နှလုံးကျန်းမာရေးကောင်းစေနိုင်ပါတယ်။
နုပျိုစေတယ်
ပြုံးရယ်လိုက်ချိန်မှာထွက်လာတဲ့ ကောင်းမွန်တဲ့ဟော်မုန်းတွေက နှလုံးကျန်းမာရေးကိုကောင်းစေရုံသာမက လူကိုလည်းတက်ကြွလန်းဆန်းစေကာ အသားအရေကိုလည်းကြည်လင်စေတယ်၊ အရေးအကြောင်းတွေကိုလည်း လျော့နည်းစေနိုင်တာကြောင့် စိတ်ပျိုကိုယ်နုဖြစ်စေပါလိမ့်မယ်။
အောင်မြင်တဲ့လူတစ်ယောက်ပုံစံမျိုးဖြစ်စေတယ်
မပြုံးမရယ်နဲ့ ငေးမှိုင်နေခြင်းက အရှုံးသမားတစ်ယောက်ပုံစံမျိုးဖြစ်နေပြီး ပြုံးရယ်ကာလန်းဆန်းတက်ကြွနေတာက အောင်မြင်တဲ့လူတစ်ယောက်၊အရာအားလုံးကိုတတ်နိုင်တဲ့လူတစ်ယောက်ပုံစံမျိုးဖြစ်စေပါတယ်။ ဒါကြောင့် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ပြုံးပါ၊ ဘာတွေပဲ ကြုံရကြုံရ ပြုံးပါ၊ တတ်နိုင်သလောက် ပြုံးပါ။
written by PP