ဆ ရာႀကီးမင္းသိခၤရဲ့ ပညာရပ္မ်ားထဲက တင္ျပလိုက္တာ ျဖစ္ပါတယ္ …။
အျမဲတမ္း ေငြမျပတ္ေစတဲ့ယၾတာ ႏွင့္ ေစ်းဆိုင္ အေရာင္းဆိုင္မွာ ဧည့္သည္စည္ ကားေစရန္ ယၾတာ ေတြ …..
ေငြဖလား ဒါမွမဟုတ္ ေၾကးဖလား တစ္လုံးထဲမွာ ေငြစကၠဴထဲက တန္ဖိုးအႀကီးဆုံး ေငြစကၠဴတစ္ရြက္ ကို ျဖန႔္ခင္းထားလိုက္ပါ ။ ကိုယ္တတ္နိုင္တဲ့ ေငြစကၠဴ အတိုင္းအတာနဲ႔ တြက္ၿပီး ထည့္နိုင္ပါတယ္ …။
တတ္နိုင္ တဲ့ လူအတြက္ကေတာ့ တစ္ေသာင္းတန္ေပါ့၊ ေဒၚလာနဲ႔ အလုပ္လုပ္ေနသူ ဆိုရင္ေတာ့ ေဒၚလာ ထည့္ေပါ့။ ၿပီးရင္ အဲဒီ ေငြစကၠဴထည့္ထားတဲ့ ဖလားထဲကို ေရျဖည္းျဖည္းျခင္း ေလာင္းထည့္ပါ …။
ေရစက္ခြက္ထဲကို ေရစက္ခ်တဲ့ အခါေလာင္းသလို မ်ိဳးေလာင္းထည့္ပါ။ ေရေလာင္းေနတဲ့ အခ်ိန္မွာ ဂုဏ္ေတာ္ ၉ ပါးကို ၉ ေခါက္ျပည့္ေအာင္ရြတ္ေနပါ …။
ၿပီးတာနဲ႔ ေရျမဳပ္ေနတဲ့ ေငြစကၠဴေပၚကို ေခါင္းေလာင္း တစ္လုံး တင္ထားလိုက္ပါ။ မၾကာခဏ အဲဒီေခါင္းေလာင္း ကို ယူၿပီး တီးပါ ။ေခါင္းေလာင္းတီးေနတဲ့ အခ်ိန္မွာလည္း ဂုဏ္ေတာ္ ၉ ပါးကို ၉ ေခါက္ ျပည့္ေအာင္ရြတ္ပါ …။
အဲဒီ ဓါတ္ဆင္ထားတဲ့ ေငြစကၠဴ ထည့္ထားေသာ ဖလားနဲ႔ေခါင္းေလာင္းကို ဘုရားစင္ ဒါမွမဟုတ္ ျမင့္ျမတ္ေသာေနရာမွာ တင္ထားပါ …။
အဲဒ ီေငြဓါတ္ဆင္ တာကို လုပ္ရမယ့္ အခ်ိန္က တနလၤာ နဝင္းစီးေနတဲ့ အခ်ိန္မွာ လုပ္ရပါမယ္…။
တနလၤာ နဝင္းစီးတဲ့ အခ်ိန္ေတြကေတာ့….
တနဂၤေႏြေန႔ ဆိုရင္
ေန႔လည္ ၁ နာရီခြဲ မွ ၃ နာရီအတြင္း၊
တနလၤာေန႔ ဆိုရင္
နံက္ ၉ နာရီ မွ ၁၀ နာရီခြဲအတြင္း၊
အဂၤါေန႔ ဆိုရင္
ညေန ၃ နာရီ မွ ၄ နာရီခြဲအတြင္း၊
ဗုဒၶဟူးေန႔ ဆိုရင္
နံက္ ၁၀ နာရီခြဲ မွ ၁၂ နာရီအတြင္း၊
ၾကာသပေတးေန႔ ဆိုရင္
ဆိုရင္ နံက္ ၆ နာရီ မွ ၇ နာရီခြဲအတြင္း၊
ေသာၾကာေန႔ ဆိုရင္
မြန္းလြဲ ၁၂ နာရီ မွ ၁ နာရီခြဲအတြင္း၊
စေနေန႔ ဆိုရင္
နံက္ ၇ နာရီခြဲ မွ ၉ နာရီအတြင္း၊
တနလၤာ နဝင္းစီးတဲ့ အခ်ိန္ဟာ အခ်ိဳ႕ေန႔ေတြမွာဆိုရင္ ညေနေစာင္း နဲ႔ ညဦးပိုင္းေတြမွာလည္း ရွိၾကေပမယ့္ လည္း ေနေရာင္ရွိေသာ အခ်ိန္မ်ားမွာသာ လုပ္ရမွာျဖစ္တဲ့အတြက္ ညေန ၄ နာရီခြဲ ထက္ေက်ာ္ၿပီး မလုပ္သင့္ပါ …။
ဒါဆို ေငြ နဲ႔ လက္နဲ႔မျပတ္ေတာ့ဘူးေပါ့ အားလုံး ေငြမျပတ္ဝင္ၿပီး အဆင္ေျပၾကပါေစ …။
ေစ်းဆိုင္ အေရာင္းဆိုင္မွာ ဧည့္သည္စည္ ကားေစရန္ အေရာင္း အဝယ္ ပြင့္လန္းေစရန္ ေၾကးဖလား သို႔မဟုတ္ ေငြဖလားတြင္ ေရတစ္ဝက္ခန႔္ထည့္၍
ေမတၱာသုတ္ ၉ ေခါက္ရြတ္ၿပီး မိမိဆိုင္ေရွ႕ မ်က္ႏွာစာကိုဖ်န္းပတ္ပါ လဧည့္သည္ စည္ကား၍ အေရာင္း အဝယ္မ်ား ပြင့္လန္းလာလိမ့္မည္ …။ ။
Sir Min Thein Kha
Unicode
“ အမြဲတမ်း ငွေမပြတ်စေတဲ့ ယတြာ ”
ဆရာကြီးမင်းသိင်္ခရဲ့ ပညာရပ်များထဲက တင်ပြလိုက်တာ ဖြစ်ပါတယ် …။
အမြဲတမ်း ငွေမပြတ်စေတဲ့ယတြာ နှင့် စျေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည် ကားစေရန် ယတြာ တွေ …..
ငွေဖလား ဒါမှမဟုတ် ကြေးဖလား တစ်လုံးထဲမှာ ငွေစက္ကူထဲက တန်ဖိုးအကြီးဆုံး ငွေစက္ကူတစ်ရွက် ကို ဖြန့်ခင်းထားလိုက်ပါ ။ ကိုယ်တတ်နိုင်တဲ့ ငွေစက္ကူ အတိုင်းအတာနဲ့ တွက်ပြီး ထည့်နိုင်ပါတယ် …။
တတ်နိုင် တဲ့ လူအတွက်ကတော့ တစ်သောင်းတန်ပေါ့၊ ဒေါ်လာနဲ့ အလုပ်လုပ်နေသူ ဆိုရင်တော့ ဒေါ်လာ ထည့်ပေါ့။ ပြီးရင် အဲဒီ ငွေစက္ကူထည့်ထားတဲ့ ဖလားထဲကို ရေဖြည်းဖြည်းခြင်း လောင်းထည့်ပါ …။
ရေစက်ခွက်ထဲကို ရေစက်ချတဲ့ အခါလောင်းသလို မျိုးလောင်းထည့်ပါ။ ရေလောင်းနေတဲ့ အချိန်မှာ ဂုဏ်တော် ၉ ပါးကို ၉ ခေါက်ပြည့်အောင်ရွတ်နေပါ …။
ပြီးတာနဲ့ ရေမြုပ်နေတဲ့ ငွေစက္ကူပေါ်ကို ခေါင်းလောင်း တစ်လုံး တင်ထားလိုက်ပါ။ မကြာခဏ အဲဒီခေါင်းလောင်း ကို ယူပြီး တီးပါ ။ခေါင်းလောင်းတီးနေတဲ့ အချိန်မှာလည်း ဂုဏ်တော် ၉ ပါးကို ၉ ခေါက် ပြည့်အောင်ရွတ်ပါ …။
အဲဒီ ဓါတ်ဆင်ထားတဲ့ ငွေစက္ကူ ထည့်ထားသော ဖလားနဲ့ခေါင်းလောင်းကို ဘုရားစင် ဒါမှမဟုတ် မြင့်မြတ်သောနေရာမှာ တင်ထားပါ …။
အဲဒ ီငွေဓါတ်ဆင် တာကို လုပ်ရမယ့် အချိန်က တနင်္လာ နဝင်းစီးနေတဲ့ အချိန်မှာ လုပ်ရပါမယ်…။
တနင်္လာ နဝင်းစီးတဲ့ အချိန်တွေကတော့….
တနင်္ဂနွေနေ့ ဆိုရင်
နေ့လည် ၁ နာရီခွဲ မှ ၃ နာရီအတွင်း၊
တနင်္လာနေ့ ဆိုရင်
နံက် ၉ နာရီ မှ ၁၀ နာရီခွဲအတွင်း၊
အင်္ဂါနေ့ ဆိုရင်
ညနေ ၃ နာရီ မှ ၄ နာရီခွဲအတွင်း၊
ဗုဒ္ဓဟူးနေ့ ဆိုရင်
နံက် ၁၀ နာရီခွဲ မှ ၁၂ နာရီအတွင်း၊
ကြာသပတေးနေ့ ဆိုရင်
ဆိုရင် နံက် ၆ နာရီ မှ ၇ နာရီခွဲအတွင်း၊
သောကြာနေ့ ဆိုရင်
မွန်းလွဲ ၁၂ နာရီ မှ ၁ နာရီခွဲအတွင်း၊
စနေနေ့ ဆိုရင်
နံက် ၇ နာရီခွဲ မှ ၉ နာရီအတွင်း၊
တနင်္လာ နဝင်းစီးတဲ့ အချိန်ဟာ အချို့နေ့တွေမှာဆိုရင် ညနေစောင်း နဲ့ ညဦးပိုင်းတွေမှာလည်း ရှိကြပေမယ့် လည်း နေရောင်ရှိသော အချိန်များမှာသာ လုပ်ရမှာဖြစ်တဲ့အတွက် ညနေ ၄ နာရီခွဲ ထက်ကျော်ပြီး မလုပ်သင့်ပါ …။
ဒါဆို ငွေ နဲ့ လက်နဲ့မပြတ်တော့ဘူးပေါ့ အားလုံး ငွေမပြတ်ဝင်ပြီး အဆင်ပြေကြပါစေ …။
စျေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည် ကားစေရန် အရောင်း အဝယ် ပွင့်လန်းစေရန် ကြေးဖလား သို့မဟုတ် ငွေဖလားတွင် ရေတစ်ဝက်ခန့်ထည့်၍
မေတ္တာသုတ် ၉ ခေါက်ရွတ်ပြီး မိမိဆိုင်ရှေ့ မျက်နှာစာကိုဖျန်းပတ်ပါ လဧည့်သည် စည်ကား၍ အရောင်း အဝယ်များ ပွင့်လန်းလာလိမ့်မည် …။ ။
Sir Min Thein Kha