ဖားေ အာက္ေတာရဆရာေတာ္ႀကီး မိန္႔တဲ့ အိမ္တစ္အိမ္မွာ စီးပြားေရးေတြေျပလည္ေနရတဲ့ အေၾကာင္းအရင္း

အိမ္ တစ္အိမ္မွာ စီးပြားေရးေတြေျပလည္ၿပီး စားဝတ္ေနေရးေတြ ေျပလည္ေနၾကၿပီဆိုၾကပါေတာ့။ အိမ္သူအိမ္သားအားလုံးက….

၁။ သူ႔အသက္လည္း ဘယ္သူမွမသတ္ဘူး၊

၂။ သူ႔ပစၥည္းလည္းဘယ္သူမွ မတရားမယူၾကဘူး၊

၃။ ကာေမသုမိစာၦေခၚတဲ့ မွားယြင္းတဲ့ အက်င့္ေတြလည္း ဘယ္သူမွ မက်င့္ၾကဘူး၊ ကိုယ္က်င့္တရား သိပ္ေကာင္းၾကတယ္။

၄။ မုသားလည္းမေျပာၾကဘူး၊

၅။ မူးယစ္ေဆးဝါးလည္း သုံးစြဲတဲ့သူ အိမ္သူအိမ္သားထဲ တစ္ေယာက္မွမရွိဘူး၊

ဒီလိုဆိုရင္ အိမ္သူအိမ္သားေတြဟာ တစ္ဦးနဲ႔တစ္ဦးၾကည္ႏူးၿပီး ခ်မ္းခ်မ္းသာသာ မေနရဘူးလား။ ေနၾကရတယ္။

အိမ္တစ္အိမ္မွာ ခ်မ္းသာသလို ႐ြာတစ္႐ြာကိုလွမ္းၾကည့္လိုက္၊ ငါးပါးသီလနဲ႔ျပည့္စုံၾကတယ္။ ဒီလိုဆို ဒီေက်း႐ြာဟာ အၿမဲအိမ္တံခါးဖြင့္ထားလို႔ မရႏိုင္ဘူးလား။ ရႏိုင္ပါတယ္။

ေနာက္တစ္ခု ၿမိဳ႕တစ္ၿမိဳ႕ရွိ ၿမိဳ႕သူၿမိဳ႕သားအားလုံး ငါးပါးသီလနဲ႔ ျပည့္စုံၾကတယ္။ ဒီလိုဆိုရင္ ဒီၿမိဳ႕ခ်မ္းသာမလား ဆင္းရဲမလား၊ ခ်မ္းခ်မ္းသာသာ ေနၾကရမယ္ေနာ္။

တိုင္းျပည္တစ္ခုမွာလည္း ဒီလို ငါးပါးသီလနဲ႔ ျပည့္စုံၾကတယ္ဆိုရင္ အကုန္မခ်မ္းသာရဘူးလား။ ခ်မ္းသာ ရတယ္။

ညဘက္ေတာင္ ဘယ္ေနရာသြားသြား အႏၲရာယ္ဆိုတာရွိလား။ မရွိေတာ့ဘူး။ အမ်ိဳးသမီးေတြ ဘယ္ေနရာသြားသြား အႏၲရာယ္ဆိုတာ ရွိမလား။ မရွိေတာ့ဘူး။ သိပ္ေကာင္းတယ္ေနာ္။

ဒီေတာ့ ကိုယ္က်င့္သီလေကာင္းျခင္းသည္ တိုင္းျပည္တစ္ျပည္ တိုးတက္ေရးအတြက္ အေျခခံအေၾကာင္းအရင္း ျဖစ္မေနဘူးလား။ ျဖစ္ေနတယ္။

ကိုယ္က်င့္သီလပ်က္စီးလာၿပီ၊ ကိုယ္က်င့္သီလပ်က္စီးေနတဲ့ အိမ္တစ္အိမ္မွာ ခ်မ္းသာသုချဖစ္ႏိုင္ပါ့မလား။ မျဖစ္ႏိုင္ဘူး။ လင္ကလည္း သီလပ်က္တယ္၊ မယားကလည္း သီလပ်က္တယ္၊ သားသမီးေတြကလည္း ပ်က္စီးၾကတယ္။

ဒီလိုဆိုရင္ ဒီအိမ္ခ်မ္းသာသုချဖစ္ႏိုင္ပါ့မလား၊ မျဖစ္ႏိုင္ေတာ့ဘူး။ ဒီလိုဘဲ ကိုယ္က်င့္သီလေတြ ပ်က္စီးေနတဲ့ ပုဂၢိဳလ္ေတြ စုေပါင္းေနထိုင္တဲ့ ၿမိဳ႕, ႐ြာတစ္႐ြာမွာ ဘယ္ေတာ့မွ ခ်မ္းသာသုခေတြ မျဖစ္ႏိုင္ဘူး။

႐ုံးေတြမွာလည္း အင္မွာတန္အလုပ္ရႈပ္ေနလိမ့္မယ္။ ဒါေၾကာင့္ ကိုယ္က်င့္တရားေကာင္းဖို႔ လိုအပ္ပါတယ္။ဖားေအာက္ေတာရဆရာေတာ္ /သက္ေဆြေအာင္

unicode

ဖားအောက်တောရဆရာတော်ကြီး မိန့်တဲ့ အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်နေရတဲ့ အကြောင်းအရင်း

အိမ်တစ်အိမ်မှာ စီးပွားရေးတွေပြေလည်ပြီး စားဝတ်နေရေးတွေ ပြေလည်နေကြပြီဆိုကြပါတော့။ အိမ်သူအိမ်သားအားလုံးက….

၁။ သူ့အသက်လည်း ဘယ်သူမှမသတ်ဘူး၊

၂။ သူ့ပစ္စည်းလည်းဘယ်သူမှ မတရားမယူကြဘူး၊

၃။ ကာမေသုမိစ္ဆာခေါ်တဲ့ မှားယွင်းတဲ့ အကျင့်တွေလည်း ဘယ်သူမှ မကျင့်ကြဘူး၊ ကိုယ်ကျင့်တရား သိပ်ကောင်းကြတယ်။

၄။ မုသားလည်းမပြောကြဘူး၊

၅။ မူးယစ်ဆေးဝါးလည်း သုံးစွဲတဲ့သူ အိမ်သူအိမ်သားထဲ တစ်ယောက်မှမရှိဘူး၊

ဒီလိုဆိုရင် အိမ်သူအိမ်သားတွေဟာ တစ်ဦးနဲ့တစ်ဦးကြည်နူးပြီး ချမ်းချမ်းသာသာ မနေရဘူးလား။ နေကြရတယ်။

အိမ်တစ်အိမ်မှာ ချမ်းသာသလို ရွာတစ်ရွာကိုလှမ်းကြည့်လိုက်၊ ငါးပါးသီလနဲ့ပြည့်စုံကြတယ်။ ဒီလိုဆို ဒီကျေးရွာဟာ အမြဲအိမ်တံခါးဖွင့်ထားလို့ မရနိုင်ဘူးလား။ ရနိုင်ပါတယ်။

နောက်တစ်ခု မြို့တစ်မြို့ရှိ မြို့သူမြို့သားအားလုံး ငါးပါးသီလနဲ့ ပြည့်စုံကြတယ်။ ဒီလိုဆိုရင် ဒီမြို့ချမ်းသာမလား ဆင်းရဲမလား၊ ချမ်းချမ်းသာသာ နေကြရမယ်နော်။

တိုင်းပြည်တစ်ခုမှာလည်း ဒီလို ငါးပါးသီလနဲ့ ပြည့်စုံကြတယ်ဆိုရင် အကုန်မချမ်းသာရဘူးလား။ ချမ်းသာ ရတယ်။

ညဘက်တောင် ဘယ်နေရာသွားသွား အန္တရာယ်ဆိုတာရှိလား။ မရှိတော့ဘူး။ အမျိုးသမီးတွေ ဘယ်နေရာသွားသွား အန္တရာယ်ဆိုတာ ရှိမလား။ မရှိတော့ဘူး။ သိပ်ကောင်းတယ်နော်။

ဒီတော့ ကိုယ်ကျင့်သီလကောင်းခြင်းသည် တိုင်းပြည်တစ်ပြည် တိုးတက်ရေးအတွက် အခြေခံအကြောင်းအရင်း ဖြစ်မနေဘူးလား။ ဖြစ်နေတယ်။

ကိုယ်ကျင့်သီလပျက်စီးလာပြီ၊ ကိုယ်ကျင့်သီလပျက်စီးနေတဲ့ အိမ်တစ်အိမ်မှာ ချမ်းသာသုခဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူး။ လင်ကလည်း သီလပျက်တယ်၊ မယားကလည်း သီလပျက်တယ်၊ သားသမီးတွေကလည်း ပျက်စီးကြတယ်။

ဒီလိုဆိုရင် ဒီအိမ်ချမ်းသာသုခဖြစ်နိုင်ပါ့မလား၊ မဖြစ်နိုင်တော့ဘူး။ ဒီလိုဘဲ ကိုယ်ကျင့်သီလတွေ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်တွေ စုပေါင်းနေထိုင်တဲ့ မြို့, ရွာတစ်ရွာမှာ ဘယ်တော့မှ ချမ်းသာသုခတွေ မဖြစ်နိုင်ဘူး။

ရုံးတွေမှာလည်း အင်မှာတန်အလုပ်ရှုပ်နေလိမ့်မယ်။ ဒါကြောင့် ကိုယ်ကျင့်တရားကောင်းဖို့ လိုအပ်ပါတယ်။ဖားအောက်တောရဆရာတော် /သက်ဆွေအောင်