




Unicode

သရုပ်ဆောင်ဇင်မျိုး က ဒီနှစ် ဦးဟိန်းမင်းမရရင် ဆန္ဒဖော်ထုတ်မယ်ဆိုပီး ဖွင့်ပြော

သရုပ်ဆောင်ဇင်မျိုးကတော့ ချည်ရုပ်ရှင်ဇာတ်ကာကြီးထဲမှာ ပရိသတ်ရဲ့ အားပေးမူကို အပြည့်အဝရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ ဗွီဒီယိုခေတ်တည်းက အနုပညာလောကထဲမှာ ပရိသတ်ရဲ့ အားပေးမူကို ရရှိထားသူလည်းဖြစ်ပါတယ်။ ကျရာဇာတ်ကောင်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကလည်း သူရဲ့ အားသာချက်တစ်ခုလို ဆိုရမှာပါ။

အခုတစ်ခါပြောပြပေးမှာကတော့ သရုပ်ဆောင်ဦး ဟိန်းမင်း မရရင် ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ဆက်လက်ဖက်ရှူပေးကြပါအုန်းနော်။

ရုပ်ရှင်ဇာတ်ပို့သရုပ်ဆောင် ဇင်မျိုးကတော့ ချည်ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ရမယ်လို့ပရိသတ်တွေရဲ့ ထင်ကြေးပေးခြင်းခံနေရတဲ့ သရုပ်ဆောင်ဦးဟိန်းမင်းမရရင် ဆန္ဒဖော်ထုတ်မယ့်အကြောင်းကို “သတိ……ဒီနှစ်ဦးဟိန်းမင်း မရ ရင် ဆန္ဒ ဖော်ထုတ်မယ်။” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ဦးဟိန်းမင်းကတော့ SSC ဆေးရုံမှာတင်ထားရတဲ့ ဇင်မျိုးရဲ့မိခင်ဖြစ်သူကို လာရောက်အားပေးစကားပြောခဲ့တဲ့ အကြောင်းကို “16ရက်နေ့ခွဲစိတ်ရမယ့်အမေကိုဆေးရုံမှာလာရောက်အားပေးတဲ့ဦးဟိန်းမင်း ကျေးဇူးပါဗျာ။” လို့ သရုပ်ဆောင်ဇင်မျိုးကပြောထားပါတယ်။

ဦးဟိန်းမင်ကတော့ ကျရာဇာတ်ပို့နေရာကနေမှ ပရိသတ်တွေရဲ့ ရင်ထဲရောက်အောင်သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကတော့ (၂၀၁၇)ခုနှစ်မှာ အမှောင်တွေရွာချတဲ့မိုးတိမ် ဇာတ်ကားကြီးနဲ့လွဲချော်ခဲ့ရတဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု ရမယ်လို့ပရိသတ်တွေရဲ့ ထင်ကြေးပေးခြင်းခံနေရတာလည်းဖြစ်ပါတယ်။