ပင် လုံဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် သရုပ်ဆောင်ဗေလုဝ ၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးကပြောသည်။ “မနေ့က ဒုတိယအကြိမ် CT Scan ရိုက်တာတော့ သွေးကြောပိုပိတ်လာတဲ့သဘောရှိတယ်။ပြောရရင် စိုးရိမ်ရတယ်။” ဟု ဗေလုဝ၏မိသားစုဝင်တစ်ဦးကပြောသည်။

ထို့ပြင် ကိုယ်အပူချိန်ရှိသော ကြောင့် ဇန်နဝါရီ ၁၃ရက်တွင် အထူးကြပ်မတ်ကုသဆောင်သို့ရွှေ့ပြောင်း၍ ဆေးကုသမှု ခံယူနေကြောင်း ၎င်းကဆိုသည်။

ပြည်ပတွင်သွားရောက်ကုသရန်အစီအစဉ်ရှိသော်လည်း လတ်တလောတွင် ဆရာဝန်က လေယာဉ်စီးခွင့်မပြုသေးသောကြောင့် စီစဉ်၍ မရသေးကြောင်း အထက်ပါမိသားစုဝင်ကပြောသည်။

” ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ ဦးစောဆိုင်မွန်သာကိုလည်းပင့်ထားပါတယ်။” ဟု ၎င်းကပြောသည်။

ဗေလုဝသည် လွန်ခဲ့သည့် ငါးရက်ခန့်က သန်လျင်မြို့တွင် စာပေဟောပြောပွဲအပြန်တွင် ဦးနှောက်သွေးကြောပိတ်သည့်ဝေဒနာခံစားခဲ့ရခြင်းဖြစ်သည်။

သတင်း – ဇွဲဉာဏ်

7day