ဦးမန်းဝင်းရဲ့နာရေးတုန်းက ဦးဧရာပြောသွားခဲ့တဲ့ စကားတစ်ခွန်းကို စိတ်မကောင်းစွာနဲ့ ပြန်လည်ပြောပြလာခဲ့တဲ့ ဟေမာမန်းဝင်း







ယူနီကုတ်

ဦးမန်းဝင်းရဲ့ နာရေးတုန်းက ပြောသွားတဲ့ ဦးဧရာရဲ့ စကားတစ်ခွန်းကို ပြန်ပြောပြလာတဲ့ ဟေမာမန်းဝင်း

ပရိသတ်ကြီးရေ ဒီနေ့မနက်က (၃)နာရီခွဲဝန်းကျင်လောက်က ပရိသတ်တွေရဲ့အချစ်တော် ပြည်သူချစ်ဝါရင့် အနုပညာရှင်ကြီး ဦးဧရာကွယ်လွန်းသွားတဲ့ သတင်းလေးကတော့ ပရိသတ်တွေအတွက် တော်တော်လေးကို ဝမ်းနည်းစရာကောင်းလှတဲ့ သတင်းလေးတစ်ခုဖြစ်ခဲ့ပါ တယ်။

ဦးဧရာကတော့ ကိုဗစ်ကပ်ရောဂါကြီးကို ကူစက်ခံရတာကြောင့် ဆေးကုသမှုခံယူနေရင်မှာတင်ပဲ ဘဝတစ်ပါးကို ကူပြောင်းသွားခဲ့တာပါ။

အနုပညာလောကရဲ့ ဝါရင့်အနုပညာကြယ်ပွင့်တစ်ပွင့် ကြွေလွင့်သွားတဲ့အတွက် အနုပညာရှင်တွေရော ပရိသတ်တွေကပါ ဝမ်းနည်းကြေကွဲနေခဲ့ကြပြီး ကောင်းရာသုဂတိလားစေဖို့ကို သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် တောင်းဆုတွေခြွေပေးထားကြပါသေး တယ်။

ဦးမန်းဝင်းရဲ့သမီးဖြစ်သူ ဟေမာမန်းဝင်းကလည်း ဦးမန်းဝင်းရဲ့ နာရေးကို လာခဲ့စဉ်က ဦးဧရာပြောခဲ့တဲ့စကားလေးတစ်ခွန်းကို ပြန်လည်ပြောပြပြီး ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြလာခဲ့ပါတယ်။

“အဖေရဲ့နောက်ဆုံးခရီးကိုသူကိုယ်တိုင်ပို့ပေးခဲ့တယ်။ သွားနှင့်ဦး ဦးမန်းရေကျွန်တော်လည်းသိပ်မကြာခင်လိုက်ခဲ့မယ်တဲ့။ တကယ်ကြိုသိနေသလိုဘဲစိတ်ထဲမှာခံစားရတယ်ဦဧရာကြီးကောင်းရာဘုံဘဝသို့ရောက်ပါစေ” ဆိုပြီး ပြောပြလာခဲ့တာပါ။

ပရိသတ်ကြီးရေ စိတ်ထားကောင်းပြီး ပရိတ်တွေကို အမြဲပျော်ရွှင်အောင်ဟာဒယရွှင်ဆေးတိုက်ကျွေးတတ်တဲ့ ဦးဧရာတစ်ယောက် ကောင်းရာသုဂ တိလားမှာပါ။

crd-CeleZone