ႏွင္းမုန္တိုင္းက် လို႕ ႏွင္းေတြ အတိ ဖုံးသြားတဲ့ သူမရဲ႕ အိမ္ေလးကို အရမ္း မိုက္လြန္းလို႕ ဓါတ္ ဖမ္း ခဲ့တဲ့ ခင္ဘုဏ္း

အဆိုေတာ္ ခင္ဘုဏ္း ကေတာ့ ပရိသတ္ေတြရဲ႕ခ်စ္ခင္ အားေပးမႈကို အခုခ်ိန္အထိ ရရွိထား သလို သူမကိုယ္တိုင္ ကလည္း ဂီတအလုပ္ေတြကို ဆက္လက္ လုပ္ကိုင္ေနဆဲ ျဖစ္ပါတယ္ ။ ႏိုင္ငံရပ္ျခားမွာ ခ်စ္ခင္ပြန္းနဲ႔အတူ အေျခခ်ေနထိုင္ေနတဲ့ ခင္ဘုဏ္းက ျမန္မာႏိုင္ငံ ကိုေတာ့ တစ္ခါတစ္ရံမွာ အလည္ျပန္လာေလ့ ရွိတာ ျဖစ္ပါတယ္ ။ ခင္ဘုဏ္းက ျပည္ပမွာေရာက္ရွိေနေပမယ့္လည္း သူမရဲ႕လႈပ္ရွားမႈေတြကို ပရိသတ္ေတြ သိရွိႏိုင္ေစဖို႔အတြက္ လူမႈကြန္ယက္စာမ်က္ႏွာတစ္ဆင့္ အၿမဲမွ်ေဝေပးေလ့ရွိတာပဲ ျဖစ္ ပါတယ္။

မၾကာေသးခင္ ရက္ပိုင္းကပဲ ခင္ဘုဏ္းက သူမေနထိုင္တဲ့ အေမရိကန္မွာ ႏွင္းမုန္တိုင္းက်သြား ခဲ့ေၾကာင္း အသိေပးေျပာၾကားခဲ့တာ ျဖစ္ပါတယ္ ။ ႏွင္းမုန္တိုင္းၿပီးသြားတဲ့ ေနာက္မွာေတာ့ ခင္ဘုဏ္းတို႔အိမ္နဲ႔ၿခံေလး ကေတာ့ ႏွင္းေတာထဲ ေရာက္ရွိသြားသလို ႏွင္းေတြ အျပည့္ဖုံးလႊမ္းေနခဲ့တာ ျဖစ္ပါတယ္ ။ ျဖဴျဖဴေဖြးေဖြးႏွင္းေတြနဲ႔ အိမ္ေလးက အရမ္းလွၿပီး ခ်စ္စရာေကာင္း ေနတာေၾကာင့္ ခင္ဘုဏ္းတစ္ေယာက္ ၿခံထဲဆင္းၿပီး တစ္ဝႀကီး ဓာတ္ဖမ္းခဲ့တာ ျဖစ္ ပါတယ္ ။

ခင္ဘုဏ္းက “ႏွင္းပင္လယ္ျပင္ထဲ ေအးလည္းေအး ေပ်ာ္လည္းေပ်ာ္ အိမ္ေရွ႕ အိမ္ေဘး အိမ္ေနာက္ တစ္ပါတ္လည္ ဓါတ္ဖမ္းပါသည္ ” ဆိုၿပီး ၿခံထဲမွာေနရာ အႏွံလွည့္ပတ္ကာ ႐ိုက္ကူးထားတဲ့ ပုံေလးေတြကို တင္ေပးထားတာပဲ ျဖစ္ပါတယ္ ။ ခင္ဘုဏ္းကေတာ့ ႏွင္းေတြၾကားမွာ အရမ္းေပ်ာ္႐ႊင္ ေနတာျဖစ္ၿပီး စတိုင္လ္ က်က်ပို႔စ္ေတြ အပီအျပင္ေပး ခဲ့တာလည္း ျဖစ္ပါတယ္ ။ ကဲ ႏွင္းေတြဖုံးေနတဲ့ အိမ္ေလးမွာ အရမ္းေပ်ာ္ေနတဲ့ အဆိုေတာ္ ခင္ဘုဏ္းရဲ႕ပုံရိပ္ေတြကို ခ်စ္ပရိသတ္ေတြ အတြက္ ျပန္လည္မွ်ေဝေပး လိုက္ပါ တယ္ေနာ္ ။

Credit:Swelsone News
Cele Secrets

နှင်းမုန်တိုင်းကျ လို့ နှင်းတွေ အတိ ဖုံးသွားတဲ့ သူမရဲ့ အိမ်လေးကို အရမ်း မိုက်လွန်းလို့ ဓါတ် ဖမ်း ခဲ့တဲ့ ခင်ဘုဏ်း

အဆိုတော် ခင်ဘုဏ်း ကတော့ ပရိသတ်တွေရဲ့ချစ်ခင် အားပေးမှုကို အခုချိန်အထိ ရရှိထား သလို သူမကိုယ်တိုင် ကလည်း ဂီတအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။ နိုင်ငံရပ်ခြားမှာ ချစ်ခင်ပွန်းနဲ့အတူ အခြေချနေထိုင်နေတဲ့ ခင်ဘုဏ်းက မြန်မာနိုင်ငံ ကိုတော့ တစ်ခါတစ်ရံမှာ အလည်ပြန်လာလေ့ ရှိတာ ဖြစ်ပါတယ် ။ ခင်ဘုဏ်းက ပြည်ပမှာရောက်ရှိနေပေမယ့်လည်း သူမရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေ သိရှိနိုင်စေဖို့အတွက် လူမှုကွန်ယက်စာမျက်နှာတစ်ဆင့် အမြဲမျှဝေပေးလေ့ရှိတာပဲ ဖြစ် ပါတယ်။

မကြာသေးခင် ရက်ပိုင်းကပဲ ခင်ဘုဏ်းက သူမနေထိုင်တဲ့ အမေရိကန်မှာ နှင်းမုန်တိုင်းကျသွား ခဲ့ကြောင်း အသိပေးပြောကြားခဲ့တာ ဖြစ်ပါတယ် ။ နှင်းမုန်တိုင်းပြီးသွားတဲ့ နောက်မှာတော့ ခင်ဘုဏ်းတို့အိမ်နဲ့ခြံလေး ကတော့ နှင်းတောထဲ ရောက်ရှိသွားသလို နှင်းတွေ အပြည့်ဖုံးလွှမ်းနေခဲ့တာ ဖြစ်ပါတယ် ။ ဖြူဖြူဖွေးဖွေးနှင်းတွေနဲ့ အိမ်လေးက အရမ်းလှပြီး ချစ်စရာကောင်း နေတာကြောင့် ခင်ဘုဏ်းတစ်ယောက် ခြံထဲဆင်းပြီး တစ်ဝကြီး ဓာတ်ဖမ်းခဲ့တာ ဖြစ် ပါတယ် ။

ခင်ဘုဏ်းက “နှင်းပင်လယ်ပြင်ထဲ အေးလည်းအေး ပျော်လည်းပျော် အိမ်ရှေ့ အိမ်ဘေး အိမ်နောက် တစ်ပါတ်လည် ဓါတ်ဖမ်းပါသည် ” ဆိုပြီး ခြံထဲမှာနေရာ အနှံလှည့်ပတ်ကာ ရိုက်ကူးထားတဲ့ ပုံလေးတွေကို တင်ပေးထားတာပဲ ဖြစ်ပါတယ် ။ ခင်ဘုဏ်းကတော့ နှင်းတွေကြားမှာ အရမ်းပျော်ရွှင် နေတာဖြစ်ပြီး စတိုင်လ် ကျကျပို့စ်တွေ အပီအပြင်ပေး ခဲ့တာလည်း ဖြစ်ပါတယ် ။ ကဲ နှင်းတွေဖုံးနေတဲ့ အိမ်လေးမှာ အရမ်းပျော်နေတဲ့ အဆိုတော် ခင်ဘုဏ်းရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်ပါ တယ်နော် ။

Credit:Swelsone News
Cele Secrets