ထက် အဉ္ဇလီဟာ Myanmar Idol Season 4 မှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိသူတစ်ဦးပဲဖြစ်ပါတယ်…Winner မဖြစ်ခဲ့ပေမယ့် ထက်အဉ္ဇလီကို အားပေးကြတဲ့ ပရိသတ်တွေအများအပြားရှိခဲ့ပါတယ်…

လတ်တလောမှာတော့ ထက်အဉ္ဇလီဟာ အထိမ်းအမှတ်ပွဲကြီးတစ်ခုမှာ ဖျော်ဖြေဖို့ ဖိတ်ခေါ်ခြင်းမခံရတဲ့အတွက် ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်နေတဲ့အကြောင်းလေးကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ခုလိုပဲ ရင်ဖွင့်ပြောဆိုခဲ့ပါတယ်…

“တိုင်းရင်းသားကျေးရွာမှာကျင်းပတဲ့ 68 ကြိမ်မြောက် ကယားပြည်နယ်နေ့ထူးလေးမှာ ထက်လေးတက်ရောက်ဂုဏ်ပြုဖြစ်ပါတယ်….ကယားလူမျိုးတွေရဲ့ ချစ်ခင်အားပေးစကားသံကြားရတဲ့အတွက် အရမ်းပဲဝမ်းသာ ကြည်နူးမိပါတယ်….

လွိုင်ကော်က ကယားပြည်နယ်နေ့ပွဲတော်မှာထပ်ဆုံကြမယ်ပြောလာကြတော့ လွိုင်ကော်က ထက်ကိုချစ်ခင် အားပေးရသူများကို အားလဲအားနာမိတယ် ….

ထက် MMID မှာ ကယားကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပေမယ့် ကိုယ့်လူမျိုးရဲ့ ပွဲမှာ ဖျော်ဖြေဖို့ဖိတ်ခေါ်ခြင်းမခံရပဲ ဖျော်ဖြေခွင့်မရတဲ့တွက် အရမ်းလဲ ဝမ်းနည်းပြီးစိတ်မကောင်းဖြစ်ရပါတယ်….

နောက်အခွင့်ရေးရရင် လွိုင်ကော်ကအမျိုးတွေတွက် အားပါးတရဖျော်ဖြေရင်း ဆုံကြမယ်နော် ချစ်တို့ရေ ….

လွိုင်ကော်မှာ ဖျော်ဖြေခွင့်မရပေမယ့် မြောင်းမြပွဲလေးမှာဆုံကြမယ်နော် … အားလုံးရဲ့အားပေးချစ်ခင်ခြင်းတွေတွက် ထက်ကြိုးစားလျက်ပါရှင့်…” ဆိုပြီး ပြောပြခဲ့တာပါ….

ဘာပဲဖြစ်ဖြစ် ထက်အဉ္ဇလီကတော့ ပရိသတ်တွေကို အားပါးတရ ဖျော်ဖြေဖို့ အသင့်ရှိနေခဲ့ပြီး လာမယ့် မြောင်းမြပွဲလေးမှာလည်း ပရိသတ်တွေအနေနဲ့ သူ့ကို သွားရောက်အားပေးကြပါအုံးနော်… ထက်အဉ္ဇလီအနေနဲ့လည်း အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်…

Writer – HW (Shwe Yaung Lan)
Source : Htet Inzali