နေပြည်တော် မှာဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားအမှုဟာ ရုံးချိန်းတွေများစွာနဲ့ စစ်ဆေးခဲ့ပြီး ပြည်သူတွေကလည်း စိတ်ဝင်စားခဲ့ကြတာပါ….သံသယတရားခံလို့စွပ်စွဲထားသူကိုလည်း ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်လို့ တရားခံအစစ်က ဘယ်သူဖြစ်မလဲလို့လည်း အမျိုးမျိုးထင်မြင်ချက်တွေ ပေးနေကြပါတယ်…

ဒီအမှုနဲ့ ပတ်သက်ပြီး ပြင်ဆင်ချိန် ရက်ပေါင်း ၆၀ အထိ ပေးထားတာဖြစ်ပြီးတော့ ဒီအတောအတွင်းမှာက အမှုပြင်ဆင်တက်လိုက တက်နိုင်တယ်လို့သိရပါတယ်…ဒါပေမဲ့ ရက်ပေါင်း ၆၀ ကျော်သွားရင်တော့ ဗစ်တိုးရီးယားအမှုဖြစ်စဉ်က ဝတ်ဆင်ထားခဲ့တဲ့ အင်းကျီအဝတ်အစားတွေနဲ့ အောင်ကြီးရဲ့ အဝတ်အစားတွေကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချမှတ်ထားတာဖြစ်ပါတယ်…

ပြီးခဲ့တဲ့ ၉ ရက်နေ့မှာတော့ ဗစ်တိုးရီးယားလေးရဲ့ ဖခင်ဖြစ်သူက အင်းကျီအဝတ်အစားတွေကို မဖျက်ဆီးဘဲ ပြန်ပေးဖို့ လျှောက်လွှာတင်ခဲ့တယ်လို့ ဒီအမှုမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ သက္ကမိုးညို ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်…. တရားသူကြီးကလျှောက်လွှာကိုယူထားပြီး အမိန့်ကို ပြန်ဖျက်လို့မရတာကြောင့် လိုချင်တယ်ဆိုရင်တော့ အထက်တရားရုံးကို လျှောက်လွှာတင်ရမယ်လို့ အဆိုပါ စာမျက်နှာမှာ ဖော်ပြထားပါတယ်…

ဒီအမှုနဲ့ ပတ်သက်လို့ သံသယတရားခံလို့ စွပ်စွဲခံရသူကို လွှတ်ပေးလိုက်ပြီးနောက် ရှေ့ဆက်ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားနေကြတာပါ….

Writer – HW (Shwe Yaung Lan)
Source : သက္က မိုးညို