မြန်မာနိုင်ငံ ရဲ့ သက်တော်ရှည် Rock တစ်ဦးဖြစ်တဲ့ အဆိုတော် မျိုးကြီးကတော့ သူ့ရဲ့အသံပါဝါနဲ့အတူ Rcok သီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။ နာမည်ကြီး ဂီတသမားတွေ စုဖွဲ့ထားတဲ့ IC ဟာဆိုရင်လည်း နိုင်ငံကျော်Band တစ်ခုပါပဲနော်။

IC ဟေ့ ဆိုတာနဲ့ Rocker တွေရော ၊ အဖော်မပါသူတွေပါ သည်းသည်းလှုပ်တဲ့ Band ပါ။ ဒီ Band ထဲက အဆိုတော်တွေဖြစ်တဲ့ လေးဖြူ ၊ အငဲ၊ မျိုးကြီး တို့ကလည်း တကယ့်ဒိတ်ဒိတ်ကျဲ အဆိုရှင်တွေဆိုတာ တစ်နိုင်ငံလုံးက လက်ခံထားကြပါတယ်။

ဒါပေမယ့် မကြာသေးခင်က အသစ်ထွက်လာတဲ့ မျိုးကြီးရဲ့ MTV တေးသီချင်းတစ်ပုဒ်ကတော့ အရင်ကနဲ့ မတူပဲ ပြောင်းလဲမှုတွေရှိနေခဲ့ပါတယ်။ ဒီအတွက် ပရိသတ်ကတော့လုံးဝ မကြိုက်ကြောင်းနဲ့ အရင်လို Rock တစ်ယောက်လိုပဲ သီဆိုပေးဖို့ကို ကန့်ကွက်တောင်းဆိုနေကြတာကိုတွေ့ရပါတယ်။ အထူးသဖြင့် MTV နဲ့ စပ်ဆက်မရတဲ့ ကကွက်တွေကရူးကြောင်ကြောင်နိုင်တယ်လို့ ပရိသတ်က တည့်တိုးပဲ ဝေဖန်ကြပါတယ်။

ဒါကြောင့် ပရိသတ်က ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ မျိုးကြီးရဲ့ MTV ကိုကြည့်ရှုကြည့်ပြီးတော့ ပရိသတ်ကြီးကလည်း နှစ်သက်မှု ရှိ မရှိဆိုတာလည်း ပြောပေးပါဦးနော်။Tay Than Thar

Videiကြည့်ရန်