ဇာတ်ကားထဲ မှာ မတည့်သလောက်အပြင်မှာ အရမ်းချစ်ကြတဲ့အဖွဲ့ပါ ဆိုပြီး ဝေလာရီ တို့အဖွဲ့ရဲ့ ချစ်စရာအမူအယာပုံလေးတွေ…..

ချစ်ပရိသတ်ကြီးရေ…… အခုတစ်ခါမှာတော့ မင်းသမီးချောလေး ဝေလာရီဟာ MRTV -4 ဇာတ်လမ်းတွဲ တွေကနေ လူသိများလာပြီး အောင်မြင်ကျော်ကြားလာတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ် ပါတယ်နော်…..။

သူမဟာဆိုရင် ချစ်စရာဟန်ပန် အမူအရာလေးတွေနဲ့ အပြုံးချိုချိုလေး တွေကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်နေသူပဲ ဖြစ်ပါ တယ်။အခုလက်ရှိမှာလည်း သူမရဲ့ဇာတ်လမ်းတွဲဖြစ်တဲ့ “မမှီဝဲနဲ့ကင်းအောင်နေ”ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို MRTV-4 မှာ ပြသနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိ နေတာလည်း ဖြစ်ပါ တယ်။

ဝေလာရီဟာ သရုပ်ဆောင်ပိုင်းတွင် ထူးချွန်သူလေးဖြစ်သလို အဆိုပိုင်းတွင်လည်း သူမရဲ့ အစ်မ ဖြစ်တဲ့ လိမ္မော်သီး နဲ့အတူ သီချင်းတွေကို သီဆိုလေ့ရှိသူလေးပဲဖြစ်ပါတယ်နော်။သရုပ်ဆောင်ပိုင်းတွင်လည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင် နိုင်တာကြောင့်လည်း အနုပညာလောကမှာ နေရာတစ်နေရာ ရနေတဲ့ မင်းသမီးလေး တစ်လက်ပဲ ဆိုလဲမမှားပါ ဘူးနော်။

မကြာသေးခင်တုန်းကလည်း Live sale တွေမှာ တွေ့ရတတ်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေသူလေးပဲဖြစ်ပါတယ်။ သူမကတော့ ကြော်ငြာတွေလည်း လက်ခံရိုက်ကူးနေတာဖြစ်ပြီး သူမဝါသနာပါတဲ့ အနုပညာ လမ်းကြောင်း ပေါ်ကို ကြိုးစားလျှောက်လှမ်းနေတဲ့ မင်းသမီးချော လေးပဲဖြစ် ပါတယ်။

လတ်တလောမှာတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် “ဇာတ်ကားထဲမှာ မတည့်သလောက် အပြင်မှာ အရမ်းချစ်ကြတဲ့ အဖွဲ့ပါ”ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလာခဲ့တာ ဖြစ် ပါတယ်။

ကဲ…ချစ်ပရိသတ်ကြီးကလည်း ဝေလာရီရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုအားပေးနိုင်ဖို့အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။ဝေလာရီကို ချစ်တယ်ဆို အသဲလေးတွေပေးဖို့ မမေ့ခဲ့နဲ့နော်……….။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီး ကို အထူးပဲကျေးဇူးတင်ရှိ ပါတယ်။

Credit ; MM Load