ဗိုက်ထဲက သမီးငယ်လေး အတွက် သမီးကြီး မြမိုးဂင်္ဂါနဲ့ နာမည် ဆင်တာလေး စဉ်းစား ထားပြီးပြီလို့ဆိုရင်း သူမရဲ့ အတိတ်ကို လက်ခံပေးတဲ့ ခင်ပွန်း ကို ကျေးဇူးတင် စကားဆိုလိုက်တဲ့ ချမ်းချမ်း

ပရိတ်သတ်ကြီးရေ အဆိုတော်ချမ်းချမ်းကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည် ထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိနေသူတစ်ယောက်ပဲဖြစ်ပါ တယ်နော်….။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အမိအရ ရယူထားနိုင်တဲ့ သူမကတော့ သမီးလေးအပြင် ရင်သွေးငယ်လေးကိုလွယ်ထားရ သူလေးပဲဖြစ်ပါတယ်။သူမကတော့ ယခုမှာ ဗိုက်ထဲမှာရှိတဲ့ ရင်သွေးလေးအတွက် နာမည်လှလှလေးပေးထားပြီး အတိတ်ကရုန်းထွက်နိုင်အောင်ခွန်အားပေးတဲ့ ခင်ပွန်းနဲ့သမီးလေးကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

ချမ်းချမ်းကတော့ ” လာမယ့်နှစ်သစ်မှာလူသစ်စိတ်သစ်နဲ့နေသွားတော့မယ်…လူ့ဘဝမှာအပင်ပန်းဆုံးသော အိုခြင်း.နာခြင်း..သေခြင်းတွေမတိုင်မီ..ကိုယ်ရထားတဲ့အေးချမ်းတဲ့မိသားစုဘဝလေးကို သမီးလေးနှစ်ယောက်နဲ့အေးချမ်းစွာဖြတ်သန်းမယ်…တွေးမိတိုင်းပျော်တယ်..ဘဝကိုကျေနပ်တယ်..အတိတ်မှာမွန်းကျပ်ဖို့ထပ်ရုန်းထွက်ဖို့ခွန်အားတွေပေးတဲ့ သမီးလေးတွေရယ် ကိုယ့်ကိုချစ်တဲ့ခင်ပွန်းရယ်..မိတ်ဆွေတွေ..မိသားစုဝင်တွေရယ်..ပရိတ်သတ်တွေရယ်ကျေးဇူးအထူးးပါ…

အချိန်တိုင်းတရားသောအားဖြင့်တပါးသူ ကိုကြည့်တတ်သူကိုယ့်ကြောင့်သူတပါးမျက်ရည်မကျအောင် ကြိုးစားကာလက်ရှိအခြေအနေကိုတရားသဘောဖြင့်အေးချမ်းစွာကြည့်တတ်သူအရာရာကို ခွင့်လွှတ်..ရန်သူကိုအရှူံးပေး..အများအကျိုးကိုသယ်ပိုးနိုင်သူမိန်မကောင်းမိန်းမမြတ်အနေနဲ့..သမီးလေးတွေကို အမှန်အမှားခွဲခြားတတ်နိုင် သွန်သင်နိုင်သော မိခင်ဖြသ်ပါရစေ

ပြီးဆုံးသွားခဲ့သော အရာရာအတွက်သင်ခန်းစာယူရင်းလက်ရှိကျန်ရှိနေတဲ့နေ့သစ်တွေကိုအကောင်းဆုံးအမြင်နဲ့နေထိုင်သွားမယ်..မေတ္တာပေးသူကိုမေတ္တာပေးပြီးအကုသိုလ်ပေးသူများကိုလျစ်လျူရူ့နိုင်သောသူ ခွင့်လွှတ်နိုင်သောသူဖြစ်ပါရစေဘုရားသခင်…အရာအားလုံးအတွက်ကျေးဇူးတင်စွာနဲ့နုတ်ဆက်ပါတယ်.”ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ် ပါတယ်။

.သူမကတော့ ” 2020မနက်ဖြန်ဟာ.ကျမဘဝ.မိသားစုလေးအတွက်နေ့ရက်သစ်တွေပဲ..အားရှိစွာနဲ့ရှေ့ဆက်မယ်…သမီးလေးတွေနဲ့ covid ကြီးပြီးရင်ကမ္ဘာပတ်မယ်..ခရီးတွေထွက်မယ်..Disneylan သွားမယ်..ဈေးဝယ်မယ်…တဝကြီးပျော်ကြမယ်…ဒီနေ့မြန်မာနာမည်လေးတွေ သမီးလေးအတွက်စဉ်းစားနေတာ…နောက်မွေးလာမယ့် သမီးလေးအတွက်..ကောင်းကင်ကြီးကိုမော့ကြည့်မိတုန်းidea လေးရတယ်…

သမီးလေးတွေကအေးချမ်းမယ့်ဘဝကိုပိုင်ဆိုင်ကြရမှာမို့ မြမိုးဂင်္ဂါရယ်…မြမိုးဟင်္သာရယ်လို့အမည်ပေးမယ်..အမေ့သမီးလေးတွေမှာအေးချမ်းတဲ့ ဘဝလေးတေရှိစေဖို့ရယ်.တယောက်နဲ့တယောက်အမှီသဟဲရစေဖို့..ဂင်္ဂါလေးနဲ့ဟသာင်္လေး..ကိုယ့်ဘာသာ ကိုယ်ပေးပြီးကြိုက်နေပီ..မရတော့ဘူး..မေ့မေသမီးလေးတွေရေ…နှစ်သစ်ကိုတူတူကြိုကြမယ်နော်.. “ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပင်ကျေးဇူးတင်ရှိ ပါတယ်နော်……။

Source : Chan Nyein’ s Facebook Acc
Credit ;MM Load