နေ မင်းကတော့ ယောက်ျားပီသတဲ့ ပုံစံတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားသူတစ်ဦးဖြစ်ပြီး အနုပညာကိုရူးသွပ်စွာ ဖန်တီးတတ်တာတွေကြောင့်လည်း ပရိသတ်အားပေးမှုအပြည့်အဝရရှိထားသူပါ။ နေမင်းက မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်မှာ ချစ်သူရှိနေပြီဖြစ်ကြောင်း ချစ်သူနဲ့ လက်ကိုင်ထားတဲ့ လက်ပုံလေးတွေတင်ပြီး ပရိသတ်တွေကို surprise လုပ်ခဲ့ပါသေးတယ်။ ပရိသတ်တွေက နေမင်းရဲ့ ချစ်သူကောင်မလေးက ဘယ်သူလဲဆိုတာ သိချင်နေကြတာလည်းဖြစ်ပါတယ်။

နေ မင်းက ကောင်မလေးတစ်ယောက်ရဲ့လက်က သူ့လက်ပေါ်မှာ အုပ်ကိုင်ထားတဲ့ ဓာတ်ပုံလေးတွေကို သူ့ရဲ့ myday မှာ တင်ထားခဲ့တာဖြစ်ပြီး ဘာစာမှတော့ရေးမထားပါဘူး။ ပရိသတ်တွေက အဲဒီကောင်မလေးဘယ်သူလဲဆိုတာနဲ့ နေမင်းရဲ့ချစ်သူက အနုပညာရှင်ထဲကလား အပြင်လူလားဆိုတာကို စိတ်ဝင်စားနေခဲ့ကြပါတယ်။ ဒါပေမယ့် နေမင်းကတော့ သူ့ရဲ့ချစ်သူကို အတိအလင်းချပြခြင်းတော့ မရှိသေးပါဘူး။ လက်ရှိမှာ စီးပွားရေးတွေလုပ်နေပြီး ပရိသတ်တွေရှေ့ကို သိပ်ပြီးပေါ်မလာတာကြောင့် ပရိသတ်တွေက လွမ်းနေကြတာပါ။

နေမင်းက မကြာသေးမီကလူမှုကွန်ယက်မှာ သူ့ရဲ့အချစ်တွေကို ဖွင့်ဟလာပြန်ပါတယ်။ နေမင်းက ချစ်သူလေးက သူ့အတွက်အရေးကြီးကြောင်း စာတွေဖွဲ့နွဲ့ပြီး စတေးတပ်လေး တင်လာခဲ့ပါတယ်။ နေမင်းကချစ်သူလေးနဲ့ မတွေ့ရရင် ဆောက်တည်ရာမရအောင် ခံစားရကြောင်း စာလေးနဲ့ရင်ဖွင့်လိုက်တာပါ။ နေမင်းက သူ့ရဲ့လူမှုကွန်ယက်မှာ “ငါတို့ မတွေ့ကြခင်က နေ့ရက်တွေက အေးစက်ပြီး ညတွေဆို ဆောက်တည်ရာမဲ့နေခဲ့တယ် အခုတော့ မင်းကငါ့အတွက် အရေးကြီးနေပါပြီ”ဆိုတဲ့ ရင်ထဲကို ထိသွားစေမယ့် စာလေးနဲ့ ချစ်သူလေးကိုချုပ်လိုက်တာတွေ့ရပါတယ်။

အဲဒီပို့စ်လေးအောက်မှာ ပရိသတ်တွေက နေမင်းတို့စုံတွဲလေးကို congratulations လုပ်ဖို့ အသင့်စောင့်နေကြောင်းရေးထားကြသလို စာသားတွေက အရမ်းမိုက်နေပြီလို့ ချီးကျူးထားကြတာလည်း တွေ့ရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေမင်းကို ချစ်ကြလား။ နေမင်းရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်တွေကိုရော ကြည့်ချင်နေကြပြီလား။ နေမင်းရဲ့ ချစ်သူလေးကဘယ်သူလဲဆိုတာရော စိတ်ဝင်စားနေကြလား။ ခံစားချက်လေးတွေ ဝေမျခဲ့ကြပါဦး။